[Zawgyi]
"HanJi?" Hyunjinလည်း ကလပ်ထဲကို အပေါက်ဝကိုရောက်တော့ လူတစ်ယောက်ရဲ့လက်ထဲမှာ ခွေခွေလေးအိပ်ပျော်နေတဲ့ Jisungနားကို အမြန်ပြေးသွားတော့တယ်။
jisungကိုပွေ့ချီထားတဲ့လူကနေပြီးတော့
''အော် ညီလေးက Hwang Hyunjin ဆိုတာဖြစ်မယ်''''ဒီကအစ်ကိုက?''
''အော် ခုနက ဖုန်းကိုင်တဲ့သူပါ''
''အာ ဟုတ် ဟုတ် ကျေးဇူးပါနော် jisungကြောင့် ဒုက္ခများသွားရပြီ''
''မဟုတ်တာပဲ ကိုယ်ကလည်းသူ့အိမ်ကိုမသိတာနဲ့ သူ့ဖုန်းကလည်း psw ခံထားတော့ ဘယ်လိုလုပ်ရမလဲမသိဖြစ်နေတာ အဲ့အချိန် ဒီကညီလေးက ဖုန်းဆက်လာတာနဲ့ အတော်ပဲဖြစ်သွားတာပဲ။ အဲ့တာဆို ကိုယ်ပြန်တော့မယ်နော်''
''လိုက်ပို့ပေးရဦးမလား hyung?''
''ရတယ်ရတယ် taxiငှါးစီးသွားလိုက်မယ် Jisung ကိုသာ ဂရုစိုက်ပေးပါဦး သူကအသည်းကွဲနေတာ'' ရယ်ကျဲကျဲနဲ့ ပြောသွားတဲ့ changbin ကို Hyunjin လည်း အားနာစွာ ပြန်ပြုံးပြလိုက်သည်။
ငါတို့ရဲ့ HanJiလေးက အသည်းကွဲနေတယ်ဆိုပါလား ဒီလိုplayboyလေးရဲ့ အသည်းကို ကွဲအောင်လုပ်နိုင်တဲ့သူကို တွေ့ပြီးတော့ နှုတ်ဆက်ချင်လိုက်တာ...
လို့တွေးပြီး Jisungရဲ့ ခန္ဓာကိုယ်သေးသေးလေး ကို မချီကာ ကားထဲကို ထည့်ခဲ့လိုက်တော့သည်။
''americano joah joah joah ba ba babbam amer ameri amer americano joah joah joah '' အိမ်ပြန်လာတဲ့လမ်းတစ်လျှောက်လုံးမှာ အဲ့တာကိုပဲ အော်ဆိုနေတော့တာပေါ့။
''Han Jisung တကယ်ကွဲနေတာပဲ'' လို့ရေရွတ်လိုက်ပြီး ပြုံးကာ ကားလေးကို အရှိန်နည်းနည်းမြှင့်လိုက်တော့သည်။
♥
''ဆွန်းလေး ဘာဖြစ်လို့လဲ? ဖုန်းလာလို့လား?''
minhoတစ်ယောက် မီးဖိုချောင်ထဲကနေ အော်မေးလိုက်တော့သည်။''ဟမ် ဟင့် ဟင့် ဟင့်အင်းမလာပါဘူး''
''ကိုကို့ကို လာကူညီပါဦးဆွန်းလေးရယ် မေမေတို့အန်တီတို့က လာတော့မှာကို အခုထိဘာမှကိုမပြင်ရသေးဘူး''