အပိုင်း ၂၀

1.5K 161 0
                                    

Unicode

     အဘိုးဖြစ်သူက မြို့မျက်နှာဖုံးလည်းဖြစ်၊ ​ဆေးရုံးအုပ်လည်းဖြစ်တာ​ကြောင့် ​အမ်မီ့မွေး​နေ့ပွဲက အ​တော်​လေးစည်ကားတယ်။ ​ရှောင်းကျန့်က လက်ထဲကဝိုင်ခွက်ကို အနည်းငယ်လှုပ်ရမ်းကာ ပွဲလာပရိတ်သတ်​တွေကို အကဲခတ်​နေတယ်။ ဝမ်​ချောင်​ကောက ဒီ​နေ့အ​ရေးကြီးလူနာရှိတာမို့မလာနိုင်ဘူး။ တစိမ်းသက်သက်လူ​တွေကြားမှာ သူက​ယောင်ချာချာမို့ ​ချောင်မှာရပ်ရင်းသာ အ​ခြေ​နေကိုအကဲခပ်​နေတယ်။ ဘယ်သူ့ဆီကမှattentionမလိုချင်တာ​ကြောင့် အဝတ်စားကို​တောင် အဖြူ​ရောင်သက်သက်သာဝတ်လာ​ပေမယ့် ... ဘုရား​ပေးတဲ့ဒီမျက်နှာ​ချော​ချော​ကြောင့်...ပျိုမဒီ​တွေက သူ့ကို ကွက်ကြည့် ကွက်ကြည့်နဲ့ ​​ငေးကြပြန်​ရော။  ​Dr.Alex ထိုင်​​နေတဲ့ဝိုင်းဆီအကြည့်ပို့မိ​တော့ ​ဂေဟာမှူးDavidကို ​တွေ့ရ​တော့.. ဝိုင်ခွက်ကိုင်ထားတဲ့လက်က တင်းကနဲဖြစ်သွားတယ်။ ထွက်လာတဲ့​ဒေါသကို ခဏမျိုသိပ်ကာ အချ်ိန်​ကောင်းကို​စောင့်​နေလိုက်တယ်။

     ဂါဝန်နီရဲရဲကို ဝတ်ဆင်ထားတဲ့ ​မွေး​နေ့ရှင်​လေးက ပြုံးပြုံးရွှင်ရွှင့်ဖြင့် သူအနား​ရောက်လာတယ်..

"ဆရာ..ပျင်းနေပြီလား ခဏ​နေ ​မွေး​နေ့ကိတ်ခွဲ​တော့မှာ..."

"မပျင်းပါဘူး.... အမ်မီ....သူငယ်ချင်း​တွေကိုပဲ ဧည့်ခံပါ ဆရာအဆင်​ပြေပါတယ်"

"ဟုတ်ကဲ့ဆရာ...ဒါဆို အမ်မီသူငယ်ချင်း​တွေဆီသွားဦးမယ်​နော်.."    သူ အသာအယာပဲ​ခေါင်းငြိမ့်ပြလိုက်တယ်...

အမ်မီထွက်သွားပြီး ခဏအကြာမှာပဲ Dr.Alexက ဝိုင်ခွက်ကိုင်ရင်းသူ့အနား​လျှောက်လာတယ်..

"ဆရာ့ကို ဧည့်ဝတ်မ​ကျေသလိုဖြစ်​နေပြီ"

"မဖြစ်ပါဘူး ​ဒေါက်တာ, ကျွန်​​တော်အဆင်​ပြေပါတယ်"

" ဒီဘက်ကို ခဏလိုက်ခဲ့လို့ရမလား ဆရာ
ကျွန်​တော့မိတ်​​ဆွေ​တွေနဲ့ မိတ်ဆက်​ပေးချင်လို့ပါ.."
"ရပါတယ်, ကျွန်​တော်လိုက်ခဲ့ပါ့မယ်.."

​​ဒေါက်တာနဲ့သူက ​ဂေဟာမှူးတို့ထိုင်​နေတဲ့ဝိုင်းဆီကို ​လျှောက်လာခဲ့ကြတယ်။ ထိုဝိုင်းမှာဝင်ထိုင်လိုက်​တော့ ​​ဒေါက်တာက သူ့ကို မိတ်ဆက်​ပေးလာတယ်။

Hope (Complete)Where stories live. Discover now