Who are you? (Zawgyi)

17 2 2
                                    


ဇာတ်လမ်းပါအကြောင်းအရာသည် စိတ်ကူးယဉ် ရေးဖွဲ့ထားခြင်းဖြစ်ပြီး မည်သူတစ်ဦးတစ်စုံတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိပါ ။

.........................

........................

စိတ်ပျက်စွာ ထိုင်ချပြီး လမ်းမှာဝယ်လာသော ဘီယာဘူးအား အအေးဓာတ်လျော့မသွားခင် ချက်ချင်းဖောက်ကာ သောက်ပစ်လိုက်သည်။ ပြင်းရှရှ အရသာက လည်ပင်းအတွင်းသို့ စီးဝင်သွားသော်လည်း စိတ်ရဲ့ပင်ပန်းမှုက နည်းနည်းမှ မသက်သာ။ အနောက်မှ ကျောက်နံရံအားမှီလိုက်ရင်း ဆုံးရှုံးသွားတဲ့အရာတိုင်းအတွက် ခံပြင်းဒေါသထွက်မိသည်။ ဝေ့ဝဲလာသော မျက်ရည်များကို စီးဆင်းခွင့်မပြုဘဲ မျက်တောင်အား ပုတ်ခက်ပုတ်ခက်လုပ်ကာ အံကြိတ်ရင်း ငိုချင်စိတ်အားထိန်းထားသော သူမ။

သူမက အခြားသူတွေနဲ့ ဘာတွေများ မယှဉ်နိုင်လို့လဲ။ သူမရဲ့ဘဝမှာ ဘာလို့များ အခါးဓာတ်တွေ များနေရသလဲ။ သူမချည်းပဲ ဘာလို့ပေးဆပ်လိုက်ရတာလဲ ။ တခြားသူတွေအတွက် ကောင်းခြင်းတွေဖန်တီးပေးသော ဘုရားသခင်ကိုလည်း မေးခွန်းထုတ်ချင်တယ် ။ အခုထိ သူမအပေါ် လုပ်ခဲ့သမျှက တရားရဲ့လား လို့ ။

သူမထိုင်ပြီးသောက်နေတာ ဘယ်လောက်မျှ ကြာသွားလည်းမသိတော့ပေ။ သူမရဲ့မျက်ဝန်းအရှေ့သို့ ဖြူဖြူဖွေးဖွေး လက်တစ်ဖက်က မုန့်ထုတ်ကမ်းပေးလာမှ သူမသတိပြန်ဝင်လာသည်။ ဘီယာသောက်တာ နည်းနည်းများသွား၍ ရီဝေဝေမျက်လုံးများရှေ့တွင် ရပ်နေသူအား သေချာစိုက်ကြည့်နေမိသည်။ မျက်လုံးများကို လက်ဖြင့်ပွတ်သက်ပြီး လက်တစ်ဖက်ရဲ့ပိုင်ရှင်အား ငေးမောကြည့်မိသည်။ သူမမြင်မြင်ချင်း ရေရွတ်မိတာက
"ချစ်စရာကောင်းလိုက်တာ"

ကောင်လေးက သွားတက်ကလေးများပေါ်သည်အထိ ပြုံးပြရင်း မုန့်ထုတ်လေးနှင့်အတူ သူ့ရဲ့အပြုံးများအား စွန့်ကြဲသွားသည်။ သူမကိုကျောခိုင်းပြီး အခြားသူများအား မုန့်ထုတ်လေးတွေ လိုက်ပေးနေတဲ့သူက နေရောင်အောက်က နတ်သားလေးနှယ်။ အခုမှ အခြေအနေအားလုံးကို နားလည်လိုက်သည်။ သူမရောက်နေသည်က လော်ရီနာဘုရားကျောင်းဘေးမှာရှိတဲ့ အိမ်​ခြေယာမဲ့တွေအတွက် သီးသန့်လုပ်ပေးထားတဲ့နေရာတစ်ခု။ ဒါဆို ကောင်လေးက သူမကို အိမ်ခြေယာမဲ့ ထင်ပြီး မုန့်ပေးသွားတာပေါ့ ။

Who are you? (Completed) One Shot Where stories live. Discover now