ဈေးတန်းလေးထဲမှာ လက်ကလေးနောက်ပစ်လို့ ဟို ဒီလျှောက်ကြည့်နေတဲ့ ရိပေါ်က တစ်နေရာရောက်တော့ မျက်လုံးကလေးတွေ လက်ခနဲဖြစ်သွားတယ်.....
"လောပန်း....ဒီကျောက်စိမ်းပြားလေးက ဘယ်လောက်လဲ"
ရိပေါ် အထက်တန်းဆန်ဆန် တစ်မျိုးကလေးလှနေသည့် ခါးမှာ ချိတ်တဲ့ ကျောက်စိမ်းပြားလေးကို မြှောက်ပြရင်းမေးလိုက်သည်
"အာ ....သခင်လေးက အမြင်ရှိလိုက်တာ ....သူက အရည်အသွေးမြင့်ကျောက်စိမ်းပဲ. ..အဲ့တာက ငွေ၅စတော့ပေးရမယ် "
"ကောင်းပြီ...ခနစောင့် ဒါ ကျွန်တော် ယူမှာနော် လောပန်း ပိုက်ဆံသွားယူပြီး ပြန်လာခဲ့မယ်"
သွက်သွက်လက်လက်ကလေးပြောလို့ ဘေးက လောင်းကစားရုံကို လက်ညှိုးထိုးပြလိုက်တယ်
ဆိုင်ရှင်အဘိုးကြီးက ခေါင်းကိုငြိမ့်ပြလို့ လက်ခံကြောင်းပြတယ်
"အိုက်ယိုး....ပွဲကြီး ပွဲကောင်းပဲ"
လောင်းကြေးအရမ်းမြင့်နေပြီဖြစ်တဲ့ ကစားပွဲကို မျက်စပစ်ပြဘေးက လူကို ပြောတော့...
"အာ...ရိပေါ် ကူကစားပါဦး ငါရှုံးနေတာ အရမ်းများနေပြီ"
"ဒီပွဲငါ ၀င်ကစားပေးလို့ နိုင်ရင် ငွေစ၅စ....ဘယ်လိုလဲ"
တစ်ဖက်လူက ခနငိုင်သွားပြီး....
"ရတယ် ရတယ်"
"ဖယ်"
ရိပေါ် တစ်ခွန်းတည်းပြောပြီး နေရာမှာဝင်ထိုင်ဖို့ပြင်တယ်.....
အန်စာတုံးကို ခေါက်နေတဲ့ ရိပေါ်ရဲ့မျက်နှာက တည်ငြိမ်နေတယ်....
သူ့ရှေ့က ပြိုင်ဖက်ကို...
"မင်း အရင်ရွေး"
"စုံ"
"အဟက်...မ..အတိအကျဆို ၇ပဲ"
သူအဖုံးကို မလိုက်တဲ့ အချိန်မှာ အန်စာတုံး ၂တုံးထဲက တစ်တုံးက ၄ဖြစ်ပြီး ကျန်တစ်တုံးက ၃.....
"အဟက် .... ငါနိုင်ပြီနော်...."
ရှေ့က လောင်းကြေးပုံထဲက ငွေစ၅စကိုယူပြီး ထွက်လာခဲ့လိုက်သည်....