24

1.4K 164 13
                                    

မျက်လုံးတို့ကို မှိတ်ကာ အနမ်းတွင် စီးမျောနေသော Jin ကြောင့် Jungkook လည်း အသာအယာ လှဲချလိုက်တော့သည်..jin အနမ်းများအား ပြန်လည်တုန့်ပြန်ရန် ပြင်ဆင်နေချိန်တွင် ထွက်ပေါ်လာသော တံခါးခေါက်သံကြောင့် အခြေအနေတို့ ရပ်တန့်ကုန်ရသည်

"Shit"
Jungkook သူ့ဘာသာ ကျိန်ဆဲလိုက်ရင်း အိမ်တွင် Jin အဖိုး အဖွားတို့ပါရှိနေသည်ကို သတိရသွားသည်

သူ့အောက်တွင် ရှိနေသော Jin အား ကြည့်ကြည့်တော့ မျက်လုံးလေးများသည် မှိတ်ထားဆဲ နှုတ်ခမ်းတို့သည်လည်း ထပ်မံလာမည့် အနမ်းများအား စောင့်နေသဖွယ် ဆူနေလျက်... ထိူ့ကြောင့် Jungkook ရယ်နေမိသညိ

Jungkook. Jin မျက်လုံးလေးအား အသာအယာနမ်းလိုက်ပြီး Jin မျက်လုံးလေးဖွင့်လာမှ

"အဖိုးတို့က အခန်းရှေ့ရောက်နေတယ် အရူးလေး"
မျက်လုံးလေး ပြူးသွားရှာသော Jin ကြောင့် Jungkook အသဲယားနေမိသည်..ထို့နောက် Jungkook ဖြေးဖြေးထကာ တံခါးသွားဖွင့်စဥ် အနောက်မှ Jin သည်လည်း သူ့အဝတ်အစားများအား ပုံစံတကျပြန်ပြုပြင်နေလေသည်

Jungkook အနောက်မှ Jin လိုက်သွားတော့ Jungkook သည် အခန်းတံခါးကိုပင် ဖွင့်နှင့်ပြီးသား ဖြစ်သညိ

"Ah! Jungkook..ငါနဲ့ ငါ့မိန်းမနဲ့ အပြင်ကိုသွားမလို့ အဲ့တာကြောင့် ဒီမှာ ကိုယ့်အိမ်လိုပဲ သဘောထားနေနော် "
ဖိုးဖိုး၏ စကားကြောင့် Jin နှင့် Jungkook နှစ်ယောက်လုံး အံသြနေရသည်

"Oh! တောင်းပန်ပါတယ် Mr.Kim.. ကျနော် hotel မှာပဲ ဖြစ်ဖြစ် သွားတည်းပါ့မယ် ဒီမှာ မနေစေချင်ဘူးဆိုရင်..ဟို...ဟို ကျနော်ပြောချင်တာက အဖိုးတို့ ထွက်သွားပေးစရာ မလိုဘူးလို့ ပြောချင်တာပါ "
Jungkook ရဲ့ ကပေါက်ကချာ စကားတို့ကြောင့် Namjoon ရယ်မောနေတော့သည်

"ဒီအိမ်မှာ အခန်းတွေ လုံလုံလောက်လောက် ရှိပါတယ်ကွာ...ငါတို့လည်း အပြင်မထွက်တာကြာပြီဆိုတော့ Date ဦးမယ်လေ..မင်းတို့ အချစ်ငှက်လေးတွေသာ အေးဆေးနေကြပါကွာ ဟုတ်ပြီလား"
Namjoon ပြောပြောဆိုဆိုနှင့် သူ့မြေးလေး Jin အား မျက်လုံးလေး မှိတ်ပြတော့ အရှက်ကြီးရှက်ကာ မျက်နှာလေးရဲနေပါသော Jin...

My Melody is you (Translation Fic) CompletedWhere stories live. Discover now