Part 26(Zawgyi)
လူခြေ တိတိဆိတ် မြူမှောင်ရိပ်ဆိုသလို အနီးအနားမှာ လူပေါင်းစုံ သွားလာနေပေမဲ့ ကျော်ကျော်စိတ်ထဲ တစ်ယောက်ထဲ အထီးကျန်သလို ခံစားရင်း မျက်ရည်စတွေကလဲ မျက်လုံးထဲကနေ မိုးရွာနေသလို တဖြုန်းဖြုန်းသာ ရွာကျနေတော့သည်………။
"ကျော်ကျော်………သူငယ်ချင်း………နေသာရဲ့လား……ခုလိုမြင်နေရတာ ………စိတ်မကောင်းလိုက်တာ………စနေနေ့ကျ အဲ့ကောင်ကိုတွေ့ပြီး ရှင်းကိုရှင်းရမယ်………"
"ရပါတယ်ဟာ…………အချစ်ရေးမှ ကံမကောင်းတာကို ………ငါ့ထိုက်နဲ့ ငါ့ကံပေါ့ဟာ"
"ဟျောင့်………သုတ ……ငါတို့လမ်းမှာတွေ့တာနဲ့ ……ဟိုကောင်လေးကို ပြောခဲ့ပြီကွာ"
"မင်း……မင်းတို့ဘာပြောလိုက်တာလဲ………"
"ငါတို့အလောင်းအစားဆိုတာလေ………"
"ဘာ…………မဟုတ်ဘူး………ငါသူ့ကို တကယ်ချစ်မိနေပြီကွ………"
"ဟေ………တကယ်ကြီးပေါ့……ဘယ်လိုလုပ်ကြမလဲဟေ…………"
"ပြန်သွားပြီး……တောင်းပန်ရမာပေါ့ကွာ………"
"sorry ကွာ သူငယ်ချင်း……ငါတို့မှားသွားတယ်………"
"ရပါတယ်………ငါရဲ့ပွေရှုပ်မှုကြောင့်……ဖြစ်ရတာပါ"
ဖုန်းringtoneသံလေးမှ မြည်နေသော်လည်း မကိုင်ပဲ မျက်ရည်များသာ ကျနေတဲ့ ကျော်ကျော်တစ်ယောက် သူ့ရဲ့ ဘယ်ဘက်အခြမ်းကလဲ တဆစ်ဆစ်နာကျင်နေပြီလေ……။
"ကျော်ကျော် ………ကျော်ကျော် နင့်ဖုန်းလာနေတယ်……မကိုင်ချင်ပါဘူးဟာ………ထားလိုက်………ငါသူ့ကိုကြောက်သွားပြီဟာ………သူတစ်ခုခုပြောချင်နေတာထင်တယ်………ကိုင်လိုက်ပါ"
"Hello! ………"
"Hello! …ညီ ……ညီ ကို့ကိုစိတ်မဆိုးပါနဲ့ ကိုယ်ရှင်းပြချင်တယ်"
"နက်ဖြန်စနေနေ့………ကိုယ်လာခေါ်မယ် ……ကျော်ကျော်စောင့်နေနော်………"
ဘာမှမပြောပဲ ရှိုက်သံလေးတစ်ချက်ပေးပြီး ဖုန်းကိုချပလိုက်သည်……။
"ငါကြောင့်……ငါ့ကြောင့် ဒီလိုခံစားရတာ……အာ……"
နံရံဖြူကို သူ့ရဲ့လက်သီးတွေနဲ့ထိုးတော့ ထွက်လာတဲ့သွေးတွေက နံရံကိုတောင် တက်စင်သည်………။
YOU ARE READING
မပြောင်းလဲတဲ့ သစ္စာ (မပြောင်းလဲတဲ့ သစ္စာ)
Romanceအချစ်ဆိုတာဖြစ်လာတာနဲ့ အနည်းနဲ့အများ ခံစားရမာပဲလေ အချစ်ဆိုတာဖြစ်လာတာနဲ့ အနည်းနဲ့အများ ခံစားရမာပဲလေ