Part-14

1.1K 96 3
                                    

Zawgyi

~~ပန်းခရေပုံပြင်~~
အပိုင်း(၁၄)

မူန်ရီဝေဝါးနေသော ပတ်ဝန်းကျင်...

မြူခိုးတွေလား... နှင်းမူန်တွေလား မသိ။ ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းခြုံထားလေတော့ ဘာဆိုဘာမှ သဲသဲကွဲကွဲမမြင်ရပါ။

တဟူးဟူးတိုက်နေသော လေပြေတို့ကလည်း နူးညံ့သယောင်နှင့် တစ်ချက်တစ်ချက် ပြင်းထန်လွန်းလှပြန်သည်။ ရှေ့ကိုသာ တရွေ့ရွေ့လျှောက်လှမ်းနေသည့်တိုင် ဘယ်ရောက်နေမှန်း သူမသိပါ။

ဟိုး.. အဝေးမှခေါ်သံလိုလိုကြားနေရခြင်းက သူ့စိတ်ကို စွဲညှို့နေသယောင်။ လေနှင့်အတူ စိတ်အစဉ်တို့က လွင့်မျောနေတော့၏။

ခေါ်သံလား.... လေတိုးသံလား...

သူဇဝေဇဝါဖြစ်နေစဉ်မှာ မြူခိုးတွေကြားမှ ရုတ်တရက်မြင်လိုက်ရသည်က ခရေပင်ကြီးတစ်ပင်။

ထို့နောက် သင်းပျံ့သောရနံ့တို့က သူ့ဆီနူးညံ့စွာ လွင့်စင်လာပြန်၏။ သူမြတ်နိုးစွာပင် မျက်ဝန်းစုံမှိတ်လျှက် ငြိမ်သက်စွာ ရူရိုက်နေမိ၏။ ထို့နောက် မျက်ဝန်းပြန်ဖွင့်ချိန်တွင် ခရေပင်အောက်တွင် သူမြင်လိုက်ရသည်က..

"ဟင်..."

တဖြုတ်ဖြုတ်ကြွေနေသော ခရေပန်းတွေကြားမှ အဖြူရောင် အရိပ်လေးတစ်ခု။ အံ့သြမှင်သက်စွာ ငေးစိုက်ကြည့်ရင်း သတိဝင်လာတော့ သူ့နူတ်ဖျားက နာမည်လေးတစ်ခုကို နာကျင်လွန်းစွာ ရေရွတ်လိုက်မိသည်။

"ပန်းခရေ..."

ဟုတ်ပါသည်.... ခရေပင်အောက်တွင် ရပ်နေသည်က ယနေ့တိုင် သူ့ရင်ကိုပြင်းစွာ ကိုင်လူပ်နေသော မိန်းကလေး။

သူမက.... ပန်းခရေတဲ့

ကံကြမ္မာကြောင့် ညစ်ထေးခဲ့ရရှာသည့် ပန်းတစ်ပွင့်သည် အဖြူရောင်ဂါဝန်လေးကိုသာ အမြဲဝတ်ဆင်ပြီး ဖြူစင်စွာရယ်မောနိုင်ဖို့ ကြိုးစားခဲ့ပါရဲ့...

အခုလည်း သူမသည် အဖြူရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပြန်၏။ ရိုးစင်းလွန်းသော ဒီအလှတရားတို့က နှစ်တွေဘယ်လောက်ကြာကြာ သူမှင်သက်စွာ ငေးကြည့်နေရဆဲ...

ပန်းခရေပုံပြင် (The Story of Star-Flower)Where stories live. Discover now