ကံကောင်းခြင်းသက္ကရာဇ်

39 1 0
                                    

Unicode

လူတွေက gayဆိုရင်ရွံကြမုန်းကြတယ်။ gayဆိုတဲ့အသံကြားတာနဲ့မထိချင်မကိုင်ချင်စရာရွံရှာတဲ့မျက်လုံးတွေနဲ့ကြည့်ကြတယ်။ဒါပေမဲ့ကျွန်တော့်အထင် gayတွေကမှတစ်ချို့သောလူတွေထက်စာရင်ကောင်းသေးတယ်။ gayဆိုတာကလွဲလို့ကျန်တာတစ်ခြားသူတွေလိုပါပဲ။ဟုတ်ပါတယ်ကျွန်တော် gayပါ
ကျွန်တေယ်ဆယ်တန်းမှာပဲသိခဲ့ရပါတယ်။ကျွန်တော့်နာမည်သက္ကရာဇ်ပါ။သာမာန်ရပ်ကွက်ထဲမှာမေမေနဲ့အတူနေပါတယ်။ဖေဖေကတော့ဆုံးတာသုံးနှစ်လောက်ရှိပြီ။
မေမေကကျောင်းဆရာမဆိုတော့ရှေးရိုးဆန်တယ်။ဒါ့ကြောင့်ကျွန်တော် gayဆိုတာမေမေမသိပါဘူး။ကျွန်တော့်ဘ၀ရဲ့မီးအိမ်ရှင်မေမေ့ကိုစိတ်ဆင်းရဲအောင်ကျွန်တော်မလုပ်ဝံ့ဘူးလေ။ကျွန်တော်ကdayတက်တာပါ။E major တတိယနှစ်။gayဆိုတာကိုရွံမုန်းနေတဲ့ပတ်၀န်းကျင်မှာကျွန်တော်ကအဖော်မဲ့နေတဲ့ငှက်တစ်ကောင်လိုပါပဲ။ဘယ်သူ့ကိုမှလဲကျွန်တော်စွဲစွဲမြဲမြဲမပေါင်းခဲ့ပါဘူး။သူငယ်ချင်းဆိုတာမရှိဘူးပေါ့လေ။သက္ကရာဇ်ရှေ့မှာကျနေသောမိုးရေစက္များကိုလက်ဖြင့်ခံပြီးမိုးရဲ့အရသာကိုခံစားနေမိသည်။ကျောင်းဆင်းချိန်မှမိုးကရုတ်တရက်ကြီးထရွာတော့ထီးမပါလာ၍အဆောင်ကပင်မထွက်ရသေး။အရမ်းနောက္မကျသေးသောကြောင့်အိမ်မပြန်ဘဲစောင့်နေသည်မှာနာရီ၀က်ပင်ရှိနေသော်လည်းမိုးကမတိတ်သေး။ဒီထက်နောက်ကျရင်မေမေစိတ်ပူမှာစိုးလို့မိုးရေထဲပြေးထွက္မလို့အလုပ်
"ကိုကြီး"
အသံကြား၍လှည့်ကြည့်တော့ကလေးလေးတစ်ယောက်။
"အစ်ကို့ကိုခေါ်တာလားကောင်လေး"
"ဟုတ်တယ်ကိုကြီး ကိုကြီးကိုထီးပေးခိုင်းလိုက်လို့"
"ငါ့ကိုဟုတ်လား ဘယ်သူကလဲမင်းလူမှားနေတာလားကောင်လေး"
"မမှားဘူးကိုကြီးရ ကိုကြီးကိုပဲလက်ညှိုးထိုးပြီးပေးခိုင်းလိုက်တာ"
"ဘယ်သူလဲမင်းသိလား"
"မသိဘူးဗျ အစ်ကိုကြီးတစ်ယောက်ပဲ ကိုကြီးယူတော့ဗျ သားချမ်းနေပြီ"
"ဪ အေး ပေးပေး"
ထိုကလေးကပေးပြီးပြန်ထွက်သွားလေ၏။
ဘယ်သူပေးတာပါလိမ့်ငါ့မှာအသိလည်းမရှိပါဘူး။နေပါစေမစဉ်းစား‌တော့ဘူးပြန်တာပဲကောင်းတယ်မိုးရေမစိုတော့ဘူးပေါ့။သက္ကရာဇ်စိတ်ထဲကထီးပေးတဲ့သူကိုကျေးဇူးတင်မိသည်။မိုးမိလို့ဖျားရင်မေမေပဲဒုက္ခများမှာမဟုတ်လား။
နောက်ရက်ကားဂိတ်မှာကားစောင့်နေတုန်းဘေးနားသို့ကောင်လေးတစ်ယောက်လာရပ်လေသည်။ကြည့်ရတာတော့သက္ကရာဇ်ထက်ငယ်မဲ့ပုံပင်အရပ်ကကိုယ့်ထက်‌၄"လောက်ရှည်နေတော့သက္ကရာဇ်အရပ်နဲ့ဆိုမော့ကြည့်နေရသည်။သက္ကရာဇ်ရဲ့အရှေ့ဘေးဘက်နားလောက္မှာလာရပ်တာမို့မျက်နှာကိုဘေး
တိုက္မကျတကျမြင်နေရသည်။ဘေးကကြည့်တာတောင်မျက်ခုံးထူထူနှာတံစင်းစင်းနှင့်။စေ့ထားတဲ့နှုတ်ခမ်းနှစ်လွှာကမထူမပါးနှင့်ကြည့်ကောင်းလှသည်။ကားလာနေပြီမို့တက်လိုက်တော့ကားကလူချောင်နေသေး၍ထိုင်ခုံရသေးသည်။သက္ကရာဇ်ထိုင်နေတဲ့ဘေးနားကိုလာထိုင်တဲ့သူကိုကြည့်လိုက်တော့ခုနကောင်လေး။သက္ကရာဇ်ထပ်မကြည့်တော့ဘဲအပြင်ဘက်သို့သာကြည့်ပြီးလိုက်လာခဲ့သည်။
"အစ်ကို"
သက္ကရာဇ်ကျောင်းထဲကိုလမ်းလျှောက်လာနေတုန်းခေါ်သံကြား၍ကြည့်လိုက်တော့ခေါ်နေတဲ့သူကကားပေါ်ကကောင်လေးဖြစ်နေသည်။
"ဘာကိစ္စရှိလို့လဲမသိဘူး"
"ဟိုလေ ကျွန်တော်ကခုမှကျောင်းပြောင်းလာတဲ့ပထမနှစ်ကျောင်းသားပါအဲ့တာအခန်းရှာမတွေ့လို့"
"ဪ ဘယ်မေဂျာလဲ"
"E majorပါခင်ဗျ"
"E major ဆိုကိုယ်နဲ့အဆောင်တူတာပဲအတူလိုက်ခဲ့လေ"
"ဟုတ်ကျေးဇူးပါခင်ဗျ"
သက္ကရာဇ်လဲအဆောင်တူတာနဲ့အတူခေါ်လာခဲ့လိုက်သည်။
"ဟိုလေ အစ်ကို အစ်ကိုတို့ကစာ‌ေမးပွဲဖြေရတော့မှာမဟုတ်လား"
"ဟုတ်တယ်လေ နောက်တစ်ပတ်စပြီ။နေပါအုံးကိုယ်စာမေးပွဲဖြေရမှာကိုဘယ်လိုသိတာလဲ"
သက္ကရာဇ်ထူးဆန်းနေသောကြောင့်
မျက္မှောင်ကြုံ့ကာမေးလိုက်သည်။
" အာ မှန်းကြည့်တာပါ‌ဗျ"
"မဖြစ်နိုင်ဘူးခုမှပထမနှစ်စတက်တဲ့သူခုမှကျောင်းပြောင်းလာတဲ့သူကငါဘယ်မေဂျာလဲမသိပဲနဲ့စာမေးပွဲအကြောင်းသိတယ်ဆိုတာ မှန်မှန်ပြောမင်းဘယ်သူလဲ မဟုတ်သေးဘူး မင်းငါ့ကိုသိနေလား"
သက္ကရာဇ်သေချာနေသောကြောင့်မေးကြည့်လိုက်သည်။တစ်ကယ်ဆိုစာ‌ေမးပွဲ‌ေဖြတဲ့‌ေန့ကိုသိတဲ့သူကရှိရင်လည်းရှိမှာပေါ့။ဒါပေမဲ့မသေချာသောကြောင့်အတည်ပေါက်နှင့်သာမေးလိုက်သည်။
"ဟုတ် သိနေပါတယ်"
ဖြေနေတဲ့ပုံကအပြစ်လုပ်ထားတဲ့သူလိုပင်မျက်နှာငယ်လေးနှင့်ဖြေလာလေသည်။
အံ့ဩရသူက သက္ကရာဇ်ဖြစ်နေသည်။
"ဘယ်တုန်းကသိတာလဲငါတော့မင်းကိုမမြင်ဖူးဘူးထင်တယ်"
"ကျွန်တော်ကိုကိုနဲ့သိခဲ့တာကြာပါပြီ ဟိုးအရင်ကိုကိုတို့မိသားစုနယ်မှာနေခဲ့တုန်းက"
"ဟင်...."
သက္ကရာဇ်ဖေဖေကသစ်တော၀န်ထမ်းပါ။ဖေဖေကနေရာအနှံ့သွားခဲ့ရပေမဲ့မိသားစုပါအတူပြောင်းတုန်းကဆိုရင်
"မင်းက.."
"ကျွန်တော်ကသစ်မှူးခန့်ပါကိုကို"
*သစ်မှူးခန့်တဲ့လား ငယ်ငယ်တုန်းကနှစ်နှစ်လောက်အတူဆော့ခဲ့ရပေမဲ့သူအမြဲသတိရနေခဲ့တဲ့ကောင်လေး ငယ်ငယ်ကဖြူဖြူစင်စင်ချစ်ခဲ့ပေမဲ့သူကိုယ့်ကိုကိုယ်သတိထားမိခဲ့ချိန်မှာတော့သူသစ်လေးကိုအမြဲသတိရနေခဲ့တာသတိထားခဲ့မိသည်။သတိထားမိခဲ့ချိန်မှာလည်းသူသစ်လေးကိုချစ်နေမှန်းသိခဲ့သည်။ဒါပေမဲ့မဖြစ်နိုင်ခဲ့ဘူးထင်လို့ပြန်မတွေ့နိုင်ခဲ့ဘူးထင်ခဲ့လို့သူထိန်းချုပ်ထားခဲ့သည်။ခုလိုသု့ရှေ့မှာရုတ်တရက်ကြီးရောက်လာတော့သူ့ရင်ခုန်သံဟာထိန်းလို့မရနိုင်အောင်ပင်။မဖြစ်ဘူး သက္ကရာဇ်ထိန်းထားမှဖြစ်မယ်။သစ်လေးငါ့ကိုရွံသွားရင်ဘယ်လိုလုပ်မလဲ*
သက္ကရာဇ်သစ်မှူးခန့်နာမည်ကြားထဲကအတွေးနယ်ချဲ့နေခဲ့သည်။
"သစ်လေး သစ်လေးလား တွေရှည်လာလိုက်တာငါတောင်မမှတ်မိတော့ဘူးမတွေ့တာကြာနေပြီကဲပါcanteenသွားပြီးစကားပြောရအောင်လေ"
"ဟုတ် ကိုကို"
"အဲ‌ နေဦး မင်းကအတန်းရှိသေးတယ်မဟုတ်လား"
"ကျွန်တော်မတက်လည်းရပါသေးတယ်ကိုကိုနဲ့ပဲစကားပြောချင်သေးတယ်"
"OK လေဒါဆိုcanteenသွားကြတာပေါ့"
သက္ကရာဇ်ရင်ခုန်သံတွေသစ်လေးမရိပ်မိအောင်စကားတွေဆက်တိုက်ပြောနေမိသည်။
ပျော်နေတာလည်းပါသည်။
canteenရောက်တော့သက္ကရာဇ်ကပဲစကားစလိုက်သည်။
"သစ်လေး ဒါနဲ့သစ်လေးတို့ကဒီကိုပြောင်းလာတာလား"
"ဟုတ်တယ်ကိုကို ဖေဖေအပြောင်းကျလို့"
"အေးပါကွာ ဒီမှာနေရင်လိုအပ်တာပြောလေငါကူညီမယ်သွားစရာရှိလဲပြောပေါ့ကွာကိုယ့်အစ်ကိုပဲအားမနာနဲ့ဟုတ်ပြီလား"
သက္ကရာဇ်မိမိရင်ခုန်သံတွေကိုထိန်းထားရန်
ကိုယ့်ကိုကိုယ် 'ငါ'ဟူသောအသုံးအနှုံးနှင့်သာပြောနေမိသည်။
"ကိုကို"
"အင်း ပြေ‌ာလေ"
"ကျွန်တော်ကကိုကို့ညီမဟုတ်ဘူး‌နော်"
သက္ကရာဇ်ရင်ထဲအောင့်သွားရသည်။ကိုကိုကသစ်လေးအစ်ကိုအနေနဲ့တောင်မရှိနိုင်တော့ဘူးလား။
ကိုယ်ချစ်ရတဲ့သူဆီကဒီလိုစကားမျိုးကြားရတော့ရင်နာရတာအမှန်ပဲသစ်လေးရယ်။။ ။
_____________________________________

ကံကောင်းခြင်းသက္ကရာဇ်Nơi câu chuyện tồn tại. Hãy khám phá bây giờ