MAY (END)

297 50 7
                                    

"ဆရာမ ဒီအခန်း လူနာက
တစ်ယောက်တည်းဟုတ်ပါတယ်နော် "

ဆယ်ဟွန်းဟာ ဂျုံဒယ်ညီလေး
ရှိနေတဲ့အခန်းကို လာရင်း ထူးဆန်းနေတဲ့
အခန်းဝက နာမည်ကဒ်ကိုကြည့်ပြီး
သူနာပြုဆရာမလေးကို မေးလာတယ် ။

တစ်ဖက်မှာ ကင်ဂျုံအင်လို့
ကွန်ပျူတာစာလုံးနဲ့ရိုက်ထားပြီး
တခြား တစ်ဖက် ကွက်လပ်မှာ ဘောပင်နဲ့
ရေးထားမှန်းသိသာတဲ့
တွန့်လိမ်လိမ်ရုပ်ဆိုးဆိုး နာမည်တစ်ခုရှိနေခဲ့တယ် ။

အဲ့ဒီနာမည်ရေးတဲ့ လူရဲ့ လက်ရေးကတော့
အတော်ဆိုးတာပဲလို့တွေးဖြစ်အောင်တွေးလိုက်မိတယ် ။

"အဲ့တာ "

ပြောရင်းမျက်ရည်တွေဝိုင်းလာတဲ့ဆရာမလေးကြောင့် ဆယ်ဟွန်း မမေးသင့်တာများ
မေးလိုက်မိလားလို့ ပြန်စဥ်းစားရတယ် ။

"အဲ့ဒီနာမည်ပိုင်ရှင်ကလေးလေးက
ဆရာ မလာခင် ရှေ့တစ်ရက်က ဆုံးသွားပြီ
ဆရာ "

ဒါဆို ဒီပဲပင်ပေါက်လက်ရေးပိုင်ရှင်က
ဘယ်သူလဲ ....

"အဲ့နေ့က အဲ့ကလေးရဲ့ပစ္စည်းတွေ
သေချာပေါက်သိမ်းခဲ့တာ
နာမည်ကဒ်ပါ ဖြုတ်ခဲ့တာကို "

"....."

"receptionကို ချက်ချင်းလာဖြတ်ခိုင်းလိုက်ပါ့မယ် "

ဆယ်ဟွန်းရဲ့စာအုပ်ကြီးလို အကျင့်တွေအကြောင်းဆရာမလေးက...
ကြားမိတယ်ထင်ပါတယ်
ကပြာကရာပြောလာတယ်...

"ဟင့်အင်း ဒီတိုင်းထားလိုက်ပါ "

"....."

"ဒီတိုင်းထားလိုက်ကြရအောင် "

ဘယ်သူရေးသွားတာဖြစ်ဖြစ် ရေးသူ
မင်းလေးကတော့ မူကြိုကလေးလေးတွေ
လက်ရေးလှကျင့်တဲ့
စာအုပ်ကို ဆောင်ထားသင့်ပြီလို့
ဆယ်ဟွန်း ပြောလိုက်ချင်တယ်။

...........

အိပ်ရာပေါ်မှာ ပြတင်းပေါက်ဖက်ကို
တစ်ချက်မရွေ့ဘဲ ကြည့်နေတဲ့
ကောင်လေးဟာ အခန်းထဲ လူဝင်လာတာလည်းသိပုံမရဘူး ။

"လူနာ ကင်ဂျုံအင် "

အနား နား ကပ်ခေါ်လိုက်တော့
အတွေးထဲနစ်နေတဲ့ကောင်လေးက လန့်သွားပုံရတယ်။

Forget me or Not?Where stories live. Discover now