Part 2 : ထောင်ချောက်

959 99 0
                                    

(Unicode)

⚠️ရက်စက်ကြမ်းတမ်းသော အပြုအမူများ ပါဝင်သည် ⚠️

Hermione Granger Pov :

ဆီးနှင်းတွေကျနေတဲ့အချိန်တွင်ပြေးရသည့်အပြင် မိုးကပါရွာလာသည်မို့ ကျွန်မတစ်ကိုယ်လုံး စိုရွှဲနေသည် ။ ကျွန်မကိုယ်ကျွန်မကာကွယ်ဖို့ ခုထိ Spell လေးတစ်လုံးတောင် မရွတ်နိုင်ခဲ့သေးပေ ။ ထို့ကြောင့် ကျွန်မဘဝကြီးကို ကျွန်မသိပ်ကြောက်နေမိသည် ။

ဒီနေ့ဟာ ကျွန်မအတွက် ကံဆိုး‌သောနေ့တစ်နေ့ဖြစ်မည် ။ အခုဆို ကောင်းကင်ကြီးတစ်ခုလုံးကလည်း ပိန်းပိတ်အောင်မှောင်နေလေပြီ ။ ကျွန်မဟာ ကျောင်းဘက်သို့ ဦးတည်၍ အလျင်အမြန်ပြေးလာခဲ့သည် ။ အကယ်၍ ကျွန်မကိုသာ Professor Snape မြင်သွားခဲ့ရင် သေချာပေါက် အပြစ်ပေးခံရမည်ဖြစ်သည် ။

Professor McGonagall လည်းကျွန်မအပြုအမူကိုမြင်လျှင် စိတ်ပျက်လောက်မည်ဖြစ်သော်လည်း ယခုအချိန်အတွင် ကျွန်မဘာကိုမှဂရုစိုက်မနေနိုင်တော့ ။

မိုးရွာထဲတွင် ပြေးရသည်မှာ သိပ်တော့မလွယ်ကူလှ ။ မြို့ထဲကနေ ထွက်လာနိုင်သောအခါ ကျွန်မနောက်သို့လိုက်လာတဲ့သူမရှိသည့်အတွက် ကျွန်မကိုယ်ကျွန်မ လုံခြုံသွားပြီဟု နှစ်သိမ့်၍ စိတ်ကိုဖြည်းဖြည်းချင်းလျှော့ချလိုက်သည် ။

ကျွန်မ ဘေးဘီဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည် ။ ဘယ်သူ့ကိုမှမတွေ့သည့်တိုင် စောင့်ကြည့်ခံနေရသည်ဟု စိတ်ထဲမသိုးမသန့်ခံစားလိုက်ရသည် ။ ကျွန်မ ထင်တာတွေဟာ ဘယ်တော့မှမမှားခဲ့ပါ ။

ကျွန်မနှင့်မလှမ်းမကမ်း မှောင်ရိပ်တွေကြားထဲက အရူးတစ်ယောက်လို လှောင်ပြုံးပြုံးကာထွက်လာသည့် သူမ ကို တွေ့လိုက်ရသည် ။ ကျွန်မခန္ဓာကိုယ်ဟာ နည်းနည်းလေးတောင်မလှုပ်ရှားမိဘဲ ထိုနေရာမှာတင် ကြက်သေသေသွားသည် ။

သူမ ကိုကြည့်လိုက်တော့ သူမအဝတ်အစားတွေက ကျွန်မလိုစိုစွတ်မနေဘဲ ခြောက်သွေ့နေသည် ။ ရုတ်တရက် သူမ ကျွန်မနားကိုကပ်လာတော့ ကျွန်မလက်ထဲက Wand ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်သည် ။ ကျွန်မရဲ့လက်တွေဟာ Wand ကိုဖိကိုင်ထား၍ ဖြူဖျော့နေမည်မှာ ကျိန်းသေပင် ။

Survival (Translation)Where stories live. Discover now