{၃၂}U/Z

77.7K 9K 925
                                    

Unicode


နွေနှောင်းလေပြီ။
အပူရှိန်က နွေလယ်တုံးကလို ပြင်းရှရှမဟုတ်တော့ပေ။ လူတိုင်း၏ရင်မှာ လူတိုင်းမသိနိုင်တဲ့အပူကိုယ်စီရှိကြသလို။ နွေရာသီ၏ ဆေးရောင်စုံပန်းချီကားချပ်ကို တစိမ့်စိမ့်ကြည့်နေနိုင်သူများလည်းရှိကြသည်။

စောနရီ၏ရင်ထဲတွင်တော့ ရေပူစမ်းချောင်းလေးက ခပ်နွေးနွေး ဖြတ်သန်းနေသလို။
ကြိုးနဲ့ခပ်တင်းတင်းတုပ်ထားခံရသလို မွန်းကြပ်မှုမျိုးကလည်းရှိနေသေးသည်။ ဦးကိုကိုလတ်၏စတူဒီယိုက ကျန်သည့်အချိန်တွင်တော့ သီချင်းသံများဖြင့်ပြည့်နှက်နေလိမ့်မည်။ ယနေ့မှာတော့ ဧည့်တွေ့ရန်သာစီစဉ်ထားဟန်ရှိတာမို့
ဆိတ်ငြိမ်လွင်ပြင်သဖွယ်။

"အဆင်ပြေသွားမှာပါ"

သူ့လက်ကို လာဆုပ်ကိုင်သည့် လက်ဖဝါးတစ်ခုက သူ့ရဲ့ ကြိုးတွေကိုဖြည်ချလိုက်သလိုပင်။
မောင့်ရဲ့ လေပြေလို ငြိမ်သက်နေသည့် အားပေးစကားသံက သူ့ရဲ့အာရုံတွေကို လွင့်စင်မသွားစေဖို့ ထိန်းကျောင်းပေးနေသည့်ဟန်။

ရှေ့တွင်ရှိသော မှန်ပြားစားပွဲခုံပေါ်တွင် ကော်ဖီနှင့်မုန့်များရှိနေပေမဲ့အရာမယွင်းသေးချေ။ ထိုအစားအသောက်များက စာသုံးမည့်သူကိုတိတ်တဆိတ်စောင့်နေသလို။ နွေဦးမောင်နှင့်စောနရီကလည်း တစ်စုံတစ်ဦးကို စောင့်မျှော်နေသည်။
ထိုစဉ်မှာပဲ စတူဒီယိုရဲ့ မိန်းတံခါးကို ဦးကိုကိုလတ်ကဖွင့်လာကာ သူ့နောက်တွင်တော့ အသက်ကြီးပိုင်းလူတစ်ယောက်ပါလာ၏။
ပါးစောင်တွင် ကွမ်းယာကိုငုံခဲထားသည့် လူကြီးကို မြင်သည်နှင့် နှစ်ယောက်သား မတ်တတ်ထရပ်မိလိုက်သည်။

"ထိုင်ကြထိုင်ကြ။"

ထိုလူက လက်ဟန်ခြေဟန်ပြကာ ဖော်ရွေစွာဖြင့်ပြုံးပြလာသည့်အခါမှ စောနရီတိတ်တိတ်ကလေးသက်ပြင်းချလိုက်မိသည်။

"ကော်ဖီတောင်အေးသွားပြီ။ ကျွန်တော်အသစ်ဖျော်ပေးမယ်"

နွေဦးမောင်ကအလိုက်သတိဆိုတော့ ထိုလူက ခေါင်းခါကာ
"ရတယ် ဦးလေးကွမ်းစားနေလို့ မသောက်တော့ဘူး"

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now