He 🔞

29.6K 475 31
                                    

.တောင်းပန်ပါတယ် မာမား.

.ဘာအတွက်လဲ သားငယ်.

.နိုင်ငံခြားသွားမယ်ဆိုပြီး မသွားဖြစ်ခဲ့တဲ့အတွက်ပါ ပြီးတော့ကျနော့်ကြောင့် မာမားအရှက်ရစေခဲ့တဲ့အတွက်ပါ.

မာမားရှေ့ခေါင်းလေးငု့ံထိုင်ကာပြောလိုက်မိသည့် ကိုယ့်ကိုမာမားကပြုံးကာကြည့်ရင်း လက်ကလေးတွေကကိုယ့်ရဲ့မျက်နှာကိုမော့ယူလာလေသည်။ ကိုကိုကဒီနေ့အိမ်ပြန်ပြီး မိဘတွေကိုတွေ့ကြမယ်လို့ပြောကာ ခေါ်လာတာကြောင့်ကြောက်မိပေမယ့် မာမားရောကိုကို့်ပါပါးကပါ ဆူပူခြင်းမရှိခဲ့ပဲ။ နားလည်ပေးကြလေသည်။အခုတော့မာမားနဲ့အခန်းထဲနှစ်ယောက်ထဲကျန်ခဲ့ကာ ကိုကိုနဲ့ကိုကို့ပါပါးက အောက်ထပ်ကိုဆင်းသွားကြပြီဖြစ်တာမို့ မာမားကိုထပ်ပြီးတောင်းပန်နေမိသည်။

.ဘာကိုအရှက်ရမှာလဲ သားရယ်.

.ကျနော်အခုလိုဖြစ်သွားတာ မာမားကိုအရှက်ရစေတယ်မလားမာမားရယ် ဒါကြောင့်တောင်းပန်တာပါ.

.တောင်းပန်စရာမလိုပါဘူး သား မာမားကဘာလို့ရှက်ရမှာလဲ ချစ်တဲ့သူအချင်းချင်းလက်ထပ်ကြမှာပဲ ယောကျာ်းမိန်းမခွဲနေစရာမလိုပါဘူး အရေးကြီးတာက သားကရော ရိကျန့်လေးကို ချစ်ရဲ့လား.

မာမားကမေးလာလေတော့ ပြန်မဖြေတတ်ပဲခေါင်းကိုငု့ံချလိုက်မိတော့သည်။ ဒိလိုမေးခွန်းမျိုးတွေကိုမာမားကိုဖြေရမှာရှက်သည်။ ဖြစ်နိုင်ရင်မဖြေချင်ပါ။ ဒါပေမယ့် မာမားကဆက်ကြည့်နေတာမို့ ခေါင်းကုတ်လိုက်မိတာကို မာမားကဘယ်လိုထင်သွားလဲမသိပါ။

.သားကရိကျန့်လေးကို မချစ်ဘူးလား ဒါဆိုရင်...

.ချစ် ချစ်ပါတယ်မာမား.

.ဟင်.

.ကျနော်လည်း ကိုကို့ကိုချစ်ပါတယ် နည်းနည်းကြောက်နေလို့ပါ.

.သားရယ်.

ရှက်ရှက်နှင့်ပင်ဝန်ခံလိုက်မိလေတော့ မာမားကအခုမှစိတ်အေးသွားသလိုသက်ပြင်းလေးချလိုက်ပြီး ကိုယ့်ရဲ့ကိုယ်ကိုအသာပွေ့ဖက်လာလေသည်။

.တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြရင်ဘာလိုသေးလဲသားရယ် သားပျော်ပျော်နေပါ ဘယ်သူ့အတွက်နဲ့မှစိတ်ညစ်မခံပါနဲ့ ဒါရှက်စရာကိစ္စမှမဟုတ်ပဲကွယ် လူသားအချင်းချင်းတစ်ယောက်နဲ့တစ်ယောက်ချစ်ကြတဲ့ကိစ္စမှာ ယောကျာ့း်မိန်းမ မလိုပါဘူး အဓိက ကသူ့ကိုကိုယ်ချစ်သလို သူလည်းကိုယ့်ကိုချစ်နေဖို့သာအရေးကြီးတာပါ သား.

🔞 He 🔞Where stories live. Discover now