part8🌚

3.2K 351 86
                                    


ရှောင်းကျန့်နဲ့ ဆုံတိုင်း တွန့်ကျိုး တတ်တဲ့ daddy မျက်ခုံးတန်းတွေက အိပ်နေချိန်မှာလည်း မပြောင်းမလဲ ပါဘဲ။

လက်ညိုးလေးနဲ့ အသာဖြေ လျော့ပေးမိတော့ အနည်းငယ် တွန့်သွားလေတဲ့ daddy ။

ကုတင်တစ်ဖက်စီမှ ချည်တုတ် ထားမိတဲ့ daddy လက်တွေ နာကျင်မလား တွေးမိပေမဲ့ ရှောင်းကျန့် နှလုံးသားကရော။

ကြင်နာကာ ထွေးပွေ့ကာနဲ့ အမြဲ အလိုလိုက်ပေးခဲ့ဖူးတဲ့ daddy ။

ရုတ်တရပ် Switzerland သို့ သွားခဲ့လေပြီး နောက်တမနက်မှာ wedding သတင်း က ရက်အတိအကျ နဲ့ ရယ်။

ရှောင်းကျန့်အပေါ် အခွင့်ရေးတွေ လည်း daddy ပေးခဲ့ ပြီး ခွာချ သွားဖို့ daddy ကြိုးစားသလားပဲ။

လက်မခံ ချင်တဲ့ နှလုံးသားနဲ့ မကောင်းတဲ့ ဉာဉ်ဆိုးလေးက daddyကို အပိုင် သိမ်း ဖို့ ဆုံးဖြတ်လိုက်မိတယ်....။

ရှောင်းကျန့် ဖျော်ပေးတဲ့ ကော်ဖီးခါးခါး အား daddy သောက်တာ အမှား တစ်ခုပဲ ဖြစ်ပါစေဦး....။

ညနေလုလု daddy မေ့မြောတဲ့ အချိန် ရူးမိုက်လိုက်မိပြီ။

ကုတင်ထက် အိပ်မောကျဆဲ daddy အား ကြည့်ရင်း မျက်ရည်မိုးက ပေါက်ခနဲ။

မလုပ်သင့်တာ ကိုယ်တိုင်လည်း သိတယ်။

အကြိမ်ကြိမ် ကွဲ အက်ရတဲ့ နှလုံးသားက တစ်ဖက် အချစ် ဆိုသော်ငြား daddy သိမှာပါပဲ။

နာကျင်ရတယ်....။

ခံစားရတယ်.......။

မျက်ကွယ်ပြုခံရတိုင်း ရင်ထဲမှာ မချိမဆန့် နဲ့ရယ်။

၇ နာရီ နီးနီး အချိန် daddy နိုးလာခဲ့တယ်...။

ကုတင်တစ်ဖက်မှ ရှောင်းကျန့်ဆီ daddy အကြည့်တွေက ချက်ချင်းဆိုသလို....။

"ကျန့်ငယ်"

ပါးနပ်တဲ့ daddy က အရာအားလုံးကို နားလည် သဘောပေါက်ဟန်....။

ချည်တုတ် ထားမိတဲ့ ကြိုးတွေအား စောင့်စောင့်ရုန်းလျှက် ရှောင်းကျန့်ကိုလည်း စိတ်ဆိုးပုံပါ....။

"ဒါ ဘာလည်း ကျန့်ငယ်!"

"မင်းလေး ဘာတွေ လုပ်နေတာလည်း!"

Daddy's bad boy (Completed)Tempat cerita menjadi hidup. Temukan sekarang