* Love at first sight *

14 0 0
                                    

{For Zawgyi}

*ကလောင် ကလောင်*


ခေါင်းလောင်းသံကြားတာနဲ့ တစ်ပြိုင်နက် သူ့ထက်ငါ အပြေးအလွှား စာသင်ခန်းအသီးသီးဆီ ဝင်ရောက်သွားကြသော ကျောင်းသူကျောင်းသားများ
များမကြာမီမှာတော့ ကျောင်းရဲ့ဆည်းလည်းသံလေးများ ပျံ့လွှင့်လာလျက်

"မော်နီတာကြီး သင်္ချာဆရာမက ရုံးခန်းမှာ စာအုပ်တွေ လာယူပြီး ဝေထားနှင့်ပါတဲ့ ငါ့မှာလိုက်တယ်*

သီဟရဲ့စကားကို မင်းသွေးငယ် ခေါင်းညိတ်ပြလိုက်ပြီး ရုံးခန်းဆီ ထွက်ခဲ့သည် ဘေးမှာကပ်ပါလာသူကိုတော့ လှည့်ကြည့်စရာမလို ၅တန်းတက်ကတည်းက အခု၉တန်းနှစ်ထိ အတူတူပေါင်းလာတဲ့ ငနွား မှူးခန့်ပိုင်
သူ့ဘေးနား အရိပ်လို ကပ်နေတာ ဒီကောင်တစ်ကောင်ဘဲရှိတယ်

ရုပ်ချောသလိုစာတော်သော သူ့ကို ကျောင်းသူကျောင်းသားတွေသာမက ဆရာမတွေကပါ ချစ်ကြတာမို့ အတန်းခေါင်းဆောင်ဖြစ်နေတာသာကြည့်တော့

အတန်းခေါင်းဆောင်ဆိုတာ နာမည်သက်သက်ကြည့်ရင်တော့ ပါဝါရှိတာလိုလို အာဏာရှိတာလိုလိုပေါ့ဗျာ ဒါပေမယ့်တကယ်တန်း
ထဲထဲဝင်ဝင် လေ့လာကြည့်
နွားတစ်ကောင်လိုဘဲဗျ

ကျွန်တော်တို့၉တန်းမှာသင်ရတာ ၆ဘာသာရှိတယ်ဗျာ
အဲတော့ ဆရာ ဆရာမ ၆ယောက်
အဲဆရာ ဆရာမ ၆ယောက်လုံးရဲ့ ခိုင်းသမျှတွေလုပ်ရတာ အတန်းခေါင်းဆောင်ဗျ

ဟိုစာအုပ်လေးလာယူပြီး ဝေထားပါဦး
စာသင်ပုန်းကို ဖျက်ထားပေးပါ
မီးချောင်းလေး တက်လဲပေးဦး
ဘုရားပန်းလေးဝယ်ခဲ့နော်
ကျောင်းသန့်ရှင်းရေးတွေမှာ ဦးစီးပြီးလုပ်ပေးနော် သားလေး

စသဖြင့်ပေါ့ဗျာ မကုန်နိုင်တဲ့ အလုပ်တွေက အတန်းခေါင်းဆောင်ဖြစ်တဲ့ ကျွန်တော့်ခေါင်းပေါ်မှာဗျ
အဲအလုပ်တွေ ဘာလို့ကျွန်တော်သိနေတယ်ထင်လဲ
လေးနှစ် လေးနှစ်ရှိပြီမို့ဗျ ကျွန်တော်အတန်းခေါင်းဆောင်လုပ်ရတာ

တွဲသောလက်လေးမြဲစေချင် ❣️Donde viven las historias. Descúbrelo ahora