*My wish*

7 0 0
                                    

For Zawgyi,

"မင်္ဂလာပါ ဆရာမ"

"မင်္ဂလာပါတပည့်တို့ ထိုင်ကြပါ မနေ့ကပေးလိုက်တဲ့အိမ်စာတွေ ကို လာထပ်တဲ့သူရှိသလို မထပ်တဲ့သူတွေလည်းရှိသေးတယ်နော်

နေ့လည်ထမင်းစားချိန်အပြီး တွက်ထားပြီး လာထပ်ကြပါ
မနက်ဖြန်ရောက်ရင်တော့ ဆရာမ တုတ်ပါရလိမ့်မယ် အားလုံးကြားကြလား"

"ကြားပါတယ်ဆရာမ"

"ကဲ  စာမျက်နှာ ၂၇ကို လှန်မယ် အခန်းသုံး"

အဲဒီနောက်တော့ အခန်းထဲမှာ စာသင်သံတွေနဲ့ဆူညံသွားတော့သည်

"အသွေး အသွေး မင်းဘာကိုငေးနေတာလဲ ဆရာမက မင်းကို လှမ်းကြည့်နေတာ ၂ခါတောင်ရှိပြီနော်"

"အမ် ခန့်ပိုင် မင်းဘာပြောလိုက်တာလဲ"

"ဘာမှမဟုတ်ဘူး စာကိုအာရုံစိုက်လို့ ဆရာမက မင်းကိုလှမ်းကြည့်နေတယ်"

"သြော အေးပါကွာ "

စာသင်ရာဆီကို အာရုံပြန်စိုက်သွားသူက အသွေးပေမယ့် မှူးခန့်ပိုင်တော့မဟုတ်ခဲ့

ခုနက အသွေး ကြည့်နေတဲ့အရာကို သူလည်းမြင်လိုက်ရတာမို့ပင်

စာသင်ချိန်မဟုတ်လို့ထင်သည် အရိပ်ကောင်းကောင်းရတဲ့ ကုက္ကိုလ်ပင်ကြီးအောက်က ပတ်လည်ဝိုင်းထားတဲ့ ခုံတန်းပေါ်မှာထိုင်ကာ စာအုပ်တစ်အုပ်ဖတ်နေသော လူတစ်ယောက်

တစ်နည်းဆိုရရင် သူ့သူငယ်ချင်းလေး သဘောကျနေတဲ့ ဆရာ ကျော်ထက်အောင်ပေါ့

စာသင်လိုက် ထိုဆရာဆီကို ဖျတ်ခနဲလှမ်းကြည့်လိုက် လုပ်နေသော သူ့ဘေးက ကောင်လေးကို ကြည့်ပြီး မှူးခန့်ပိုင် သက်ပြင်းတစ်ချက် ချလိုက်မိသည်

တစ်နာရီခန့်သော အချိန်တွေကုန်ဆုံးသွားပြီးတဲ့နောက်မှာတော့ ကျောင်းသားအားလုံး ဆရာမကို နှုတ်ဆက်လိုက်ကြသည်

သင်ထားတဲ့စာအုပ်တွေကို အိတ်ထဲထည့်နေသော ဆရာမဟာ မပြန်သေးဘဲ

"သား မှူးခန့်ပိုင် "

"ဗျာ တီချယ်"

"လာပါဦး ဒီမှတ်စုစာအုပ်လေး ဆရာကျော်ထက်အောင်ကို သွားပေးပေးပါကွယ် တီချယ်က နောက်တစ်ခန်းဆက်ဝင်ရမှာမို့"

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Aug 09, 2021 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

တွဲသောလက်လေးမြဲစေချင် ❣️Opowieści tętniące życiem. Odkryj je teraz