🐯Part 25🐣final

1K 55 2
                                    

[Unicode]

သူတို့စကားပြောနေတုန်း သူတို့နားကို Jin ရောက်လာတယ်။

"သား ဦး Jin ကို papa လို့ခေါ်လိုက်လေ"

"papa....."

Dahyun လေးက Jin ကိုသေချာကြည့်ပြီး ခေါ်လိုက်တေ့ Jin အရမ်းဝမ်းသာသွားပြီး မျက်ရည်တွေတောင် ဝဲလာတယ်။

"သား....."

"papa ကသားအဖေဆို"

"ဟုတ်တယ်လေသား။ papa ကသားအဖေအရင်းပါ...."

"ဒါဆိုရင် papa ဖိုးဖိုးမကြိုက်တဲ့ မိန်းမနဲ့ ဘာလို့လက်ထပ်သေးလဲ"

"သား အဲ့လိုမပြောရဘူးလေ။ အဲ့တာသားအမေ"

"သားအမေဟုတ်လား။ ဒါဆို ဘာလို့ သားကိုလာမတွေ့ရတာလဲ"

"မင်းအမေက ဆုံးသွားပြီလေကွာ"

"ဟုတ်လား။ ဒါဆိုရင် papa ကဘာဖြစ်လို့ ကျွန်တော့်ကို ငယ်ငယ်လေးထဲက ထားသွားရတာလဲ။ PaPa Taehyunng နဲ့ PaPa Hoseok ဘဲ စောင့်ရှောက်ခဲ့တာလေ။"

"အဲ့ဒီအတွက် papa တောင်းပန်ပါတယ်။ ခွင့်လွတ်ပေးပါ။"

"အခုမှ လာတောင်းပန်နေတော့ရော ကျွန်တော်က အဖေမတော်ချင်တော့ဘူး"

"Dahyun တော်လိုက်တော့နော်"

"ဘာလို့တော်ရမှာလဲ။ သူကကျွန်တော့် အဖေမဟုတ်ဘူး"

Taehyung လဲ ပြောမရတဲ့အတွက် Dahyun ကိုဆွဲထိုးလိုက်တယ်။ လူတွေကြားထဲမှာ အထိုးခံလိုက်ရလို့ Dahyun အရမ်းရှက်သွားတယ်။

"PaPa ဘာလို့လဲ။ ဘာလို့သားကို ထိုးတာလဲ"

"ငါကမင်းအဖေမဟုတ်ဘူး။ အခုမင်းရှေ့မှာ ရပ်နေတဲ့ လူကမှ မင်းအဖေကွ"

"မသိဘူး။ ဘာမှလာမပြောကြနဲ့......."

Dahyun ရှက်ပြီး အပြင်ကိုပြေးထွက်သွားတယ်။ ပါကင်ထဲက သူ့ကားကိုယူပြီး မောင်းထွက်သွားတာပေါ့။ ဘယ်သွားတယ်ဆိုတာ ဘယ်သူမှမသိဘူး။ အားလုံးလဲ အရမ်းစိတ်ပူနေကြတယ်။

"တကယ်ပဲ သူဘယ်သွားတာလဲ"

"ဟာကွာ။ လူကြီးတွေကို တော်တော်စိတ်ပူအောင်လုပ်တာဘဲ"

Dahyun ကအရှိန်ကို အမြင့်ဆုံးထိတင်ပြီး မောင်းတော့တယ်။ speed 200 ကျော်မယ်ထင်တယ်။ လူရှင်းလို့ တော်သေးတာပေါ့။ ဒါပေမဲ့ ကားရှေ့ကို ခွေးလေးက ဖြတ်သွားတော့ တိုက်မိမှာဆိုးလို့ ဘရိတ် အုပ်လိုက်ရာကနေ အရှိန်များလွန်းတာကြောင့် ကားက ဂျွန်းတွေထိုးပြီး မှောက်သွားပါလေရော..... Dahyunတစ်ယောက်လဲ သွေးတွေထွက်ပြီး အဲ့မှာဘဲ ဆုံးသွားတယ်။ (နဲတောင်နဲသေးတယ်။ အဖေကို ပြန်ပြောတာ) နာရီအနဲငယ်ကြာတော့ တာဝန်ရှိရဲတွေက ဖုန်းလှမ်းဆက်တာကြောင့် Taehyung တို့ Dahyun ဆုံးပြီဆိုတာ သိလိုက်ရတယ်။

Your Choice [Uni/Zaw]Where stories live. Discover now