2

2.3K 138 0
                                    

Unicode

ကိုယ်သဘောကျနေတဲ့သူကိုထပ်ပြီးသဘောကျတယ်ဆိုတဲ့ခံစားချက်ကဘာဆိုတာမင်းနဲ့မှခံစားဖူးတာ။

မင်းရဲ့ပုံရိပ်လေးတွေကို တစ်စိမ့်စိမ့်ထိုင်ကြည့်နေရင်းမျက်ရည်တွေဝဲရတဲ့အထိကိုသဘောကျတယ်..။

မင်းအသံလေးကြားရနဲ့တင်အလိုလိုပြုံးနေမိတဲ့အထိသဘောကျတယ်..။

မင်းအကြောင်းတွေးနေရုံ
နဲ့တင်ကျန်တာတွေမေ့ကုန်တဲ့အထိမင်းကိုသဘောကျတယ်။

သဘောကျတာကြာလာလို့ရိုးအီသွားတယ်ဆိုတာမျိုးမရှိပဲ
မင်းကိုသဘောကျပြီးရင်းသဘောကျရပါတယ်...။

                Dear my Dear

ရှောင်ကျန်ဝမ်ရိပေါကိုစပြီးသတိထားမိတာ University ပထမနှစ်က King ကောင်လေးဆိူပြီးမဟုတ်ပဲ အချိန်ပိုင်းအလုပ်လုက်နေတဲ့ကော်ဖီဆိုင်ကို
ကော်ဖီလာလာသောက်နေတည်းကဖြစ်မယ်ထင်တယ်။
အဲ့တုန်းက ရှောင်ကျန် က ဒုတိယက နှစ်စတတ်မဲ့အချိန်ဖြစ်မယ်။
စကိတ်ကိုလက်မှာကိုင်ပြီး ဆိုင်ထဲဝင်လာတဲ့ကောင်လေးကို ကော်ဖီဖျော်ရင်းနဲ့အငေးကောင်းလို့ လက်အပူလောင်သွားသည်အထိ
အဲ့နေ့က ရှောင်ကျန့် စကီဘုတ်ကိုင်ပြီးကော်ဖီမသောက်ပဲ ကော်ဖီဆိုင်လာထိုင်းဖုန်းသုံးပြီးပြန်သွားတဲ့ကောင်လေးကိုငေးရင်း ၂နာရီဆိုတဲ့အချိန်ပိုင်းအလုပ်က အချိန်ပြည့်သွားခဲ့တယ်။
မပြန်ချင်သေးပေမယ့် အိမ်ပြန်နောက်ကျရင်ဆိုတဲ့ အသိနဲ့ မြတ်နိုးခြင်းဆိုတဲ့ ကျောပြင်လေးကို ထားခဲ့ပြီး အိမ်အမြန်ပြန်ရတယ်။
အဲ့နေ့ကစပြီးထိုကောင်လေးက်ု ထပ်မတွေ့ရတော့ဘူး။
၃လလောက်နေတော့ ကောင်လေးကထပ်ရောက်လာတယ် အထက်တန်းနောက့်ဆုံးနှစ်ဝတ်စုံလေးနဲ့
Americano တစ်ခွက်မှာပြီး ထောင့်ကျကျဝိုင်းမှာသွားထိုင်နေတယ်
အဲ့နေ့က ရှောင်ကျန် ပျော်လိုက်တာဆိုတာလေထီပေါက်သလိုပါပဲ
ဘာပဲဖစ်ဖြစ် ကောင်လေးကိုထပ်တွေ့ရတော့သူပျော်ပါတယ်။
ဖုန်း screen ပေါမှာပြေးလွှားနေတဲ့ လက်ချောင်းသွယ်သွယ်လေးတွေကစပြီး အလိုမကျမူကြောင့် တွန့်ချိုးထားတဲ့ မျက်ခုံးတန်းတန်းလေးတွေကအဆုံး ရှောင်ကျန့် မြတ်နိုးနေမိတယ်။
ကော်ဖီ ခွကိုသွားချပေးရင် ကျောင်းသားကဒ်လေးကို မသိမသာကြည့်မိတော့ ဝမ်ရိပေါ အထက်တန်းနောက်ဆုံးနှစ်တဲ့
တတ်တဲ့ကျောင်းကတော့တကယ့် ဒိတ်ဒိတ်ကျဲ သူဌေးတွေတတ်တဲ့ကျောင်းမို့သူကလေးလေးဟာသူဌေးသားလေးမှန်းတော့ သတိထားမိခဲ့တယ်။
ဒုတိယနှစ် အထိဖုန်းမဝယ်နိုင်သေးတဲ့ ရှောင်ကျန် က ချစ်သူငယ်ချင်း ကြီးကျန်းချန်ရဲ့ဖုန်းနဲ့ Wang Yiboဆိုပြီး
Weiboမှာရှာကြည့်တော့ သူမြတ်နိုးရာလေးက
အသက်ငယ်ငယ်လေးနဲ့ တော်လိုက်တာ
Tracer -85ဆိုပြီးနမည်ကြီး celeလေးပဲ
Fan club တွေတောင်ရှိသေးတယ်
အထက်တန်းကျောင်းသားလေး ဝမ်ရိပေါ ကတော့ ဒါတွေကိုသိမယ်မထင်ပါ။
University တတိယနှစ် ရှောင်ကျန် ဘေးကဖြတ်သွားတဲ့ ဆိုင်ကယ်အစိမ်းရောင်နဲ့ လူကြောင့် နှာခေါင်းရူံမိလိုက်သည် ဆိုင်ကယ်ကိုအကြမ်းပတမ်းမောင်းသွားတာ
အတွေးထဲမှာ မြတ်နိုးရာလေးလည်း ဆိုင်ကယ်မောင်းရင် အခုလိုခပ်ကြမ်းကြမ်းမောင်းရင်
အို..မဖြစ်ဘူး...သူတစ်ခုခုဖြစ်ရင် ရှောင်ကျန့်ရူးလိမ့်မယ်..။
ကျန်းချန် ပြောပြတဲ့ ဝမ်ရိပေါက ပြိုင်ပွဲမှာ နိုင်သွားပြန်ပြီဆိုတဲ့ အသံလေးက ကျောင်းပိတ်ထားတော့ မကြားရချေ။
ပထမဆုံးရက်မှာတတ်ကြွနေတာက ရှောင်ကျန့်ရယ်ပါ။
ကျောင်းထဲဝင်ဝင်ခြင်း ကောင်မလေးများရဲ့ ဝိုးဝိုးဝါးဝါးအော်သံက ရှောင်ကျန့်ကို စိတ်ရူပ်စေသသည်။
ထိုသူများထဲ မီယန်နဲ့သူငယ်ချစ်တစ်သိုက်
ပထမနှစ်က ဂျူနီယာတွေအရမ်းကဲတာပဲ။

မောင့်သည်းငယ် (Complete) "U+Z"Where stories live. Discover now