Part-19

652 46 12
                                    

(Zawgyi)

ဒိုင်း~

ဟင်​ ကျန်းချန်​။ ကျန်းချန်​​ပြန်​​ရောက်​​နေပြီလား။ ကျန်းချန်​ပစ်​လိုက်​တဲ့ ကျည်​ဆန်​က ထျန်းချန်​​ဝေရဲ့ လက်​​မောင်းထဲသို့။

"​ကော "

ပြေးလာတဲ့ရိ​ပေါ် ​ခြေနှစ်​လှမ်း​မြောက်​မှာတင်​ လဲကျသွားသည်​။ ကျန်းချန်​အလျင်​အမြန်​လှမ်းတားပါ​သော်​လည်း စခန်းမှူးဆီမှ ကျည်​နှစ်​​တောင့်​က ရိ​ပေါ်ခန္တာကိုယ်​ကို ထိုး​ဖောက်​ခဲ့ပြီ။

"ရိ​ပေါ်! ! ! !"

အရုပ်​ကြိုးပြတ်​လဲကျသွားတဲ့ ရိ​ပေါ်နားကို သွားဖို့ရာ အတင်းရုန်းကန်​​နေသည်​။ ကြိုးတုတ်​ခံထားရတာ​ကြောင့်​ အကျိုးမထူး။ လက်​​တွေ​ရော​ခြေ​တွေပါ ကြိုးနဲ့ပွတ်​တိုက်​မိတာ​ကြောင့်​ ပွန်းပဲ့​နေတာ မြင်​လို့​တောင်​မ​ကောင်း။

ဂိုထောင်​ထဲကို ဒုန်းဆိုင်း​ပြေးဝင်​လာတဲ့ ​ဟောက်​ရွှမ်းက ကြမ်းပြင်​​ပေါ်လဲကျ​နေတဲ့ ရိ​ပေါ်ကို မြင်လိုက်​ရချိန်​ စိတ်မ​ထိန်းနိုင်​​တော့။ ပါလာတဲ့ပစ္စတိုကိုထုတ်​ကာ ကျည်​ကုန်​သည်​ထိ ပစ်​လွှတ်​တာ့သည်​။

တစ်​ချက်​ချင်းဆက်​တိုက်​ ထွက်​​ပေါ်လာတဲ့ ​သေနတ်​သံ​တွေငြိမ်​သွားပြီးတဲ့ ​နောက်​မှာ​တော့ စခန်းမှူးရဲ့ ခန္တာကိုယ်​ဟာလည်း စကာ​ပေါက်​ဖြစ်​လို့သွားခဲ့သည်​။ ထို့နည်းတူ ထျန်းချန်​​ဝေဘက်​ကိုပါလှည့်​၍ ပစ်​ခဲ့တာ​ကြောင့်​ နှစ်​​​ယောက်​လုံး ​သွေးအိုင်​ထဲလဲကာ အသက်​မဲ့သွားကြပြီ။

ကျန်းချန်​လည်း ရဲဝန်​ထမ်းတစ်​ဦးဖြစ်​​ပေမယ့်​ ​ဟောက်​ရွှမ်းကို မတားပါ။ သူငယ်​ချင်းတစ်​​ယောက်​လုံး ဒီလိုဖြစ်​သွားရတာ ဘယ်​​လောက်​ခံပြင်​လိမ့်​မလဲ။ အတင်းရုန်းကန်​​နေတဲ့ ​ရှောင်းကျန့်​နားသို့သွား၍ ကြိုးဖြည်​​ပေးလိုက်​သည်​။

"​ရှောင်းကျန့်​ ခန​လေး ငါဖြည်​​ပေးမယ်​ "

ပါလာတဲ့ ​မောင်းပြန်​ဓားဖြင့်​ ကြိုးစတို့ကို ဖြတ်​လိုက်​သည်​။ ကြိုးပြည်​သွားသည်​နှင့်​ ရိ​ပေါ်နားသို့ ​ရှောင်းကျန့်​တစ်​​ယောက်​ ၀ရုန်းသုန်းကားဖြင့်​ ​ပြေးသွားေ​လသည်​။

Our StoryWhere stories live. Discover now