Part 1

477 18 4
                                    

• • Part-1

မနက်ခင်းရဲ့နေရောင်ခြည်က ပူလောင်မနေဘဲနွေးထွေးကာကောင်လေးတစ်ယောက်ရဲ့ကုတင်ပေါ်မှာအိပ်မောကျနေတဲ့မျက်နှာပေါ်ကိုကြရောက်လို့နေတယ်
" ဝါးးးဘယ်နှနာရီတောင်ထိုးနေပီလဲမသိဘူး အိပ်ကောင်းနေတုန်း ဟူးးးး "
*ကျွန်တော်မှာအဖေမရှိတော့ဘူးလေ ဒါပေမဲ့အမေတော့ရှိသေးသည် အမေကလဲကျွန်တော့ကိုချစ်သည်
အမေက အသက်ကြီးနေပီးဆိုတော့ကျန်းမာရေးကမကောင်းတော့ဘူးလေ
အဖေရှိစဥ်ကသုံးဖြုန်းရင်းချီးယူထားခဲ့တဲ့အကြွေးတွေကိုတော့ ခုကျွန်တော်
အဝေးသင်တက်ရင်း အလုပ်လဲလုပ်ရင်း ကျေအောင်နဲနဲချင်းဆီဆက်နေတယ်လေ •••
ကျောင်းက ပိတ်ရက်ဆိုတော့ အဲ့အချိန်လေးအလုပ်လုပ်ချင်တာနဲ့ အလုပ်လျှောက်နေတာ အခုထိကိုမရသေးပါဘူးဗျာ *
တည် တစ်ယောက်စဥ်းစားခန်းဝင်နေတာသူ့အမေခေါ်မှဘဲသတိရတော့တယ်
" တည်ရေ••ထပီလား သား••ဒီနေ့ အလုပ်သွားလျှောက်အုံးမှာလား •• "
"ဟုတ်သွားအုံးမယ် မေမေ "
"အော် အေးအေး အမေမနက်စာပြင်ထားတယ်သား ရေချိုး ပီးရင်လာစားလှည့်နော် သား "
"ဟုတ်မေမေ ပီးရင်သားလာခဲ့မယ် မေမေ "
"အေး အေး ရေလဲအကြာကြီးမချိုးနဲ့နော် အေးတယ်သား "
"ဟုတ်ကဲ့ မေမေ သားခနဘဲချိုးပါ့မယ် မေမေ "
"အင်း အင်း သားး "
ရေမိုးချိုးအဝတ်စားလဲပီးတာနဲ့ အိမ်နောက်ဖေးမီးဖိုချောင်လေးကိုဝင်ကာ အမေ့ရဲ့ကျောပြင်လေးကိုဖက်လျှက်
"ဝါး မွှေးနေတာဘဲမေမေ ဘာတွေချက်နေတာလဲ ဟင် "
"အော် သားအကြိုက် ထမင်းကြော်လေးကို ဘဲဥဟင်းလေးနဲ့ "
"ရေးးမေမေကချစ်ဖို့အကောင်းဆုံး မွ "
"ဖြေးဖြေးစားပါသားရယ် ကျားလိုက်နေတာကျလို့ "
"ကျားတော့ဟုတ်ဘူး ဟဲ••ဟဲ••"
ထမင်းကြော်ကိုအားရပါးရစားကာ တည် သူ့ရဲ့အမေကိုပြုံးပြနေတာက ခလေးဆန်ပီးချစ်ဖို့ကောင်းနေတဲ့အမူအရာလေးတခုဘဲ
ထမင်းကြော်ကိုအားပါးတရစားလို့ပီးတော့
" ဘာနဲ့သွားမှာလဲ သား "
"သားရဲ့စီးတော်ကျားရီးနဲ့ပါ မေမေ ဟီးး "
"ကဲ ဒီသားကတော့ပေါက်တက်ကရ ပြောပီ လမ်းမှာဂရုစိုက်သွားနော် "
"ဟုတ်မေမေ အဲ့တာဆိုသားသွားပီနော် တာ့တာ မေမေ မွ•မွ••"
* မေ့မေ့ကိုလက်ပြကာ စက်ဘီးလေးကိုနင်းပြီး ဒီနေ့ ထိုက်ကုမ္ပဏီမှာ အင်တာဗျူးဖြေရမယ်တဲ့11နာရီတဲ့ *
တည် လက်ကနာရီကိုကြည့်လိုက်တော့
ခုမှ9နာရီဘဲရှိသေးတာမို့ မင်းစံဆိုတဲ့သူငယ်ချင်းကြီးရဲ့coffeeဆိုင်ကိုခနဝင်လိုက်တယ်
ဆိုင်ကသပ်ရပ်ပီးတော့ဝင်သောက်ချင်စရာလေးမို့ ဆိုင်မှာနေ့တိုင်းလူ ကျ နေတယ်လေ တည်ဒီဆိုင်မှာအမြဲcoffeeသောက်လေ့ရှိတယ်••
" Hi မင်းစံ Morning "
"Hi တည် ခုမှလာတယ် ငါ့မှာတော့မင်းကိုစောင့်လိုက်ရတာ "
" ဘာလို့လဲဟ ငါ့ကိုစောင့်နေရအောင်ဘာဖြစ်လို့လဲ "
"ဘာမှတော့ မဖြစ်ပါဘူး ချိန်းထားတာလေးရှိလို့ "
" ဘာလဲ ဟင့်••မင်းကောင်လေး နဲ့လား "
"အင်းဟုတ်တယ် ခ ကပြောစရာရှိလို့တဲ့ အဲ့ဒါမင်းကိုဆိုင်မှာခနစောင့်ပေးလို့​ အကူညီတောင်းမလို့ "
" အေးပါကွာဒါနဲ့မြန်မြန်လာနော် ငါ11နာရီမထိုးခင်သွားစရာရှိတယ် "
"အင်းပါ ငါအမြန်ပြန်လာမယ် အ့ဆိုငါသွားပီနော် တာ့တာ "
မင်းစံလဲ ခ ဆိုတဲ့ကောင်လေးရှိရာထွက်သွားလိုက်သည်••
"ဟင့် ဒီကောင်သူ့ဘဲနဲ့တွေ့ရမယ်ဆိုတော့မျက်နှာက တစ်မျိုး "
တည် coffee ဖျော်တဲ့နေရာလေးကိုဝင်ကာcoffeeတစ်ခွက်ဖျော်ရင်း လာမည့်ဧည့်သည်ကိုထိုင်စောင့်နေလိုက်တယ် မကြာပါဘူးတစ်ယောက်ရောက်လာတယ်
"hello အချောလေး မင်းကအသစ်လား မင်းကိုအရင်ကမတွေ့ဖူးဘူးနော် "
"မဟုတ်ပါဘူးဗျ ကျနော်က ဆိုင်ခနကြည့်ပေးနေတာပါ "
"အော် အဲ့လိုလား "
"ဟုတ်အကိုဘာသောက်မလဲ "
"coffee ခါးခါးလေးတစ်ခွက်ပေးကွာ "
"ဟုတ် အကို "
တည် လဲcoffeeဖျော်ကာ အရှေ့ကမှာထားတဲ့ဧည့်သည်ဆီလှမ်းပေးတော့
" အကို့ တခုမေးလို့ရလား ညီလေး "
" ဟုတ် အကိုမေးလို့ရပါတယ် "
"ညီလေးနာမည်က "
"အော် တည် ပါ "
"ဟင် အဆန်းပါလား တည် တဲ့ တစ်လုံးထဲလား "
"ဟုတ် တည် တစ်လုံးထဲပါ "
"အင်းပါ အကို့နာမည်က အာကာပါ နောက်အကူအညီလိုရင်ပြောနော် "
" ဟုတ်အကို ကျေးဇူးအများကြီးတင်ပါတယ် 😊 "
" ရပါတယ် 😊 "
ကလင်းး ကလင်း ကလင်
ဆိုင်ရဲ့ဝင်ပေါက်မှာသံချောင်းလေးတွေအလှတက်ထားတော့သောက်မည့်လူဝင်လာရင်သိသာတယ်လေ
လူငါး ယောက်ဝင်လာတာတွေ့တော့ တည် သူတို့ခုံဝိုင်းဘက်ကိုသွားကာ စားပွဲသွားထိုးလိုက်သည်
" အကိုတို့ ဘာသောက်မှာလဲ "
"ငါတို့ဒီကိုလာရင် ဘာသောက်လဲမင်းမသိဘူးလား "
" ကျနော်မသိပါဘူး အကို ကျနော်က••• "
တည်ပြောမလို့ရှိသေး ငါးယောက်ထဲမှာပါတဲ့တယောက်ကဝင်ပြောကာ
" အခုမှပြောင်းလာတဲ့စားပွဲထိုးအသစ်လား "
ဟား ဟား ဟားး ဟား
ငါးယောက်လုံးက ဝိုင်းရီနေကြတော့ တည် လဲ
" ဟုတ် "
"တော်ပီကွာဒီနေ့တော့မသောက်တော့ဘူး အချောလေးကိုဘဲထိုင်ကြည့်တော့မယ် ဟားဟားးး "
တည် သူတို့ဝိုင်းမှထွက်ကာ coffee ဖျော်တဲ့နေရာ ပြန်လာသည်ထိအောင် သူတို့တွေက ဝိုင်းပြီးကြည့်နေကြတာမို့ တည်မနေတက်တော့ဘူးလေ မသိချင်ယောင်ဆောင်ကာ ခုံမှာဘံပြန်ဝင်ထိုင်ကာ••
"တည် ငါ့ညီကဘာအလုပ်လုပ်တာလဲ "
"ဟုတ် အကိုအာကာ ကျနော်က ခုအဝေးသင်တက်နေတာဘာ အိမ်ရဲ့ဝင်ငွေအတွက်ကျောင်းပိတ်တုံးလေး အလုပ်ရှာနေတာ အခုထိတော့မတွေ့သေးဘူး ဟီးဟီးး "
"အဲ့တာဆိုအကို ဆီမှာအလုပ် လုပ်မလား "
"ဟင် အကိုက ဘာလုပ်တာလဲ ဟင် "
" အကိုက စားသောက်ဆိုင်ဖွင့်ထားတယ် "
" အော် အဲ့တာဆို စားပွဲထိုးလား "
"မဟုတ်တာ ငါ့ညီရာ😅 မင်းလုပ်မယ်ဆိုရင် အကို နေရာပေးမှာပေါ့ကွာ "
" ဟုတ် အကို ကျနော်လေဒီနေ့ကုမ္ပဏီတစ်ခုမှာအင်တာဗျူးဖြေစရာရှိသေးတယ် အကို အဲ့တာ•• "
" အကိုနားလည်ပါတယ် နောက်ခါမှပေါ့ "
" ဟုတ် အကို "
_______
" ဟို တည် ငါနောက်ကျသွားတယ် ဟဲ••ဟဲ "
" နောက်မကျသေးပါဘူး ခုမှ10နာရီရှိပါသေးတယ် "
" အင်းပါ ခ ကစိတ်ဆိုးနေလို့ကွာမနဲချော့နေရတယ် "
" အင်းပါ လာကြွားနေတယ် သူ့မှာချစ်သူရှိတယ်ဆိုပီး "
" ဒါလေးနဲ့ဂုဏ်ဆာနေရတာ 😁 မင်းရော ဘယ်အချိန်ထိ ဒီလိုကြီးနေမှာလဲ "
" တော်ပါတော့ကွာငါ့လာမြှောက်ပေးမနေနဲ့ "
" ငါပြောရဲတယ် မင်းလိုသေးသွယ်တဲ့ခန္နာကိုယ် ပုနေတဲ့အရပ် အသားအရည်ကြည့်ပါအုံးနုဖက်နေတာဘဲ ကျိန်းသေပြောရဲတယ် ukeဘဲဖြစ်မှာ "
" မင်း••အေးနော် နောက်မှ ခ နဲ့တိုင်ပြောအုံးမှာ "
" အဲ့တာတော့မလုပ်ပါနဲ့ကွာ ခုဘဲမရ ရအောင်ချော့ထားရတာ "
" ဟားဟားဟားး ငါသွားတော့မယ် "
" ဟင်သွားတော့မို့လား ခုမှ10နာရီဘဲရှိသေးတာကို "
" အင်းသွားတော့မယ် ကြိုရောက်နေမှဖြစ်မှာပေါ့ကွ "
" အင်းပါ "
မင်းစံရဲ့coffeeဆိုင်ကနေထွက်လာကာ အင်တာဗျူးဖြေမည့်နေရာကိုသာထွက်လာလိုက်တယ် လမ်းကလူသွားလူလာသိပ်မရှိဘဲတိတ်ဆိတ်နေတာကြောင့်စက်ဘီးနင်းရတာ အဆင်ကိုပြေလို့••••စက်ဘီးနင်းနေရင်းအသံတစ်ခုကြားတာမို့ကြည့်လိုက်တော့ သူ့ထက်အသက်ကြီးကြမယ်ထင်တယ် ထိုးကြိတ်နေလိုက်တာမြင်လို့တောင်မကောင်း••
" မင်း••တို့ ကဲကွာသေစမ်းကွာ သေ••ဟားဟားဟားး ငါထိုက်ဆိုတဲ့ကောင်ကိုလာမစမ်းနဲ့ကွ အကုန်သေသွားမယ်မှတ် မင်းတို့တွေလဲမှတ်ထားလိုက် ငါ့ကိုလာကြောလို့ကတော့စောက်ခွက်တွေသေဖို့သာပြင်ထား "
တည်လဲလန့်ကာ သူတို့တွေကိုငေးနေမိတယ်
" ဟဲ့ကောင်လေး မင်းက ဘာကိုကြည့်နေတာလဲ ကိုယ့်လမ်းကိုသွား "
တည်ဘယ်လောက်တောင်ငေးနေလဲမသိ ထိုက်ကစကားပြောတာကြောင်မကြားဘူးလေ••
"ဘယ်လိုကောင်လေးလဲ ဒီလောက်အသားတွေကတုန်ပီးစက်ဘီးတောင်ဆက်မနင်းနိုင်တာကိုကြည့်နေသေးတယ် "
ထိုက်ဘယ်လောက်ခေါ်ခေါ် မကြားတာမို့စိတ်မရှည်တာကြောင့် တည် ရှေ့သွားကာ စက်ဘီးကိုငိုင်လိုက်တော့
" ဟို••ကျနော့ကိုဘာမှမလုပ်ပါနဲ့နော် ကျနော်ရဲမတိုင်ပါဘူး "
ကြောက်ကြောက်လန့်လန့်နဲ့ပြောမိပြောရာတွေပြောလိုက်သည်••
" ငါကရောမင်းကိုဘာလုပ်နေလို့လဲ "
" ••• "
" ဒီမှာ ဟဲ့ကောင်ဘာတွေငေးနေတာလဲ ဟျောင့် "
"ဟို••ဟို ကျနော့စက်ဘီးကိုလွှတ်ပေးပါနော် ကျနော်သွားရတော့မယ် "
ထိုက်လဲစက်ဘီးကိုလွှတ်ပေးလိုက်တော့တချိုးထဲနင်းပြေးပါလေရော••
" ဟင့် ဘယ်လိုကောင်လေးလဲကွာသေးသေးညှက်ညှက်လေးနဲ့ "

ကံကြမ္မာကလဲနော် သိပ် တွဲပေးတက်တာဘဲ❣️

@oilpa

• ခင်များကိုကြောက်တယ် •Where stories live. Discover now