Part 3

130 15 6
                                    

• • Part 3 • •

" သား ရေချိုးပြီးပီလား "

" ဟုတ်မေမေ ရေးးထမင်းစားမယ် ဟေးး "

" အင်းပါစားရပါမယ် သားရယ် ထမင်းကထွက်မပြေးပါဘူး "

" ဟီးးဟီး "

တည် ရဲ့မေမေက ထမင်းထည့်ရင်း
" သား ဒီနေ့အင်တာဗျူးသွားဖြေတဲ့နေရာက သားဦးလေး အလုပ် လုပ်တဲ့နေရာမဟုတ်လား သား "

" ဟုတ်မေမေ "

" ဒါနဲ့မျိုးမောင်ကပြောတယ် သားအလုပ်ရတယ်ဆို သားကမလုပ်တော့ဘူးလို့ပြောတယ်တဲ့ အဲ့ဒါဘာဖြစ်လို့လဲသား "

" ဟို သားလေ တခြားအလုပ်ဘဲရှာလိုက်ပါ့မယ် မေမေ "

" အင်းပါ သား မပြောချင်ရင်မေမေ မမေးတော့ပါဘူး ကဲထမင်းစားတော့သား "

" ဟုတ် မေမေ သားကိုနားလည်ပေးလို့ ကျေးဇူးပါ "

" မေမေ့တို့ကြောင့်သားလေးအခုလိုတွေ ဖြစ်နေရတာပါ မင်းရဲ့ဖေဖေသာ လောင်းကစားမှာမနစ်ခဲ့ရင်သားလဲ အခုလိုအလုပ်တွေလုပ်နေရမှာမဟုတ်ဘူး "

" မဟုတ်ပါဘူး ဗျ သားကအလုပ်လုပ်ရတာကိုကြိုက်တယ်လေမေမေကလဲ သားရဲ့ရှောက်သီးသုတ်လေး ကိုစားချင်နေပီး "

" အင်းးးအင်းး မေမေ စပ်စပ်လေးသုပ်ထားပေးတယ် "

" ရေးးမေမေကအကောင်းဆုံးဘဲ "

" အများကြီးစား ရော့ထည့်စား သား "

" ဟုတ်မေမေ များကြီးစားမှာ ဒါပေမဲ့ • • "

" သန်းခေါင်ကျော်ရင် အိမ်သာလိုက်ပေးရမှာလား 😄 "

" ဟဲ• • •ဟဲ • • • "
တည် တို့သားအမိလည်း ထမင်းစားသောက်ပြီးတာနဲ့ အိမ်ရှေ့ထိုင်ခုံလေးမှာ ထိုင်ရင်း တည် ငယ်ငယ်ကအကြောင်းတွေပြောကာ ရီမောနေကြသည် ။

•••••••••••••••••

" သား ထိုက် ဘာဖြစ်လို့လဲ မေမေတို့ကိုပြောစရာရှိလို့ လား "

ထိုက်ရဲ့မေမေကမေးလိုက်တော့

" ဟုတ် မေမေ အဖေရော "

" ဒီမှာသား မနက်ကဘယ်လိုလဲ အဆင်ပြေလား "

" ဟုတ် သား အဖေပြောတာကို လက်ခံတယ် အဖေ "

• ခင်များကိုကြောက်တယ် •Where stories live. Discover now