♥part 26♥

5.6K 565 60
                                    

"ဦးးးး စပိုင်စီ(spicy) အနက်ရောင်လေး စားခြင်းတယ်လို့”

ခပ်ချွဲချွဲလေးသံလေးနှင့်အတူ ချစ်ရတဲ့ ဦးဆီ အသံ ပို့သွားသည်

ဟောက်ရွှမ်း: "အဟွတ်..... အဟွတ်.....ရှောင်းကျန့် မင်း ငါ ရှေ့မှာလာချွဲရဲ့တယ်”

ဟောက်ရွှမ်းရေသောက်နေရင်း သီးသွားပီ လှမ်းအော်လာတာပင်

မနေ့က ဦးနှင့်အတူ အားဖေးကျဲကို သွားတွေ့ပီ အကျိုးအကြောင်းတွေ ပြောပြတော့ အဆင်ပြေသွားခဲ့တယ်

အိမ်ရောက်တော့ ပါးပါးနဲ့ မားမားကလဲ ကျန့်ကျန့်ကို ဘာမှမဆူသလို ဘာအပြစ်မှလဲ မပြောကြ...

အင်းလေး  ရုပ်ချောချောလေး မွေးထားမှတော့ မဆူရက်ကြတာ ပိုမှန်တာပေါ့

ဦးက ဒီနေ့ အစည်းဝေးရှိတာကြောင့် နံနက်စောစော သွားရမယ်လို့ ညက ဖုန်းပြောကြရင်း ပြောပြထားတာ

ကျန့်ကျန့်လဲ  အိမ်မှာတစ်ယောက်ထဲမို့ ပျင်းတာနဲ့ ဘဲမရှိ စော်မရှိတဲ့ဟောက်ရွှမ်းဆီ လာလည်တာ

အခုလဲ ကျန့်ကျန့်က ဟောက်ရွှမ်းအခန်းထဲမှာ ထိုင်နေပီ ချစ်ရတဲ့ ဦးကို စပိုင်စီ စားခြင်းလို့ ဂျီးကျနေတာကို အဲဒီ စောက်faကောင်က လူကို မနာလိုတာ

"ချွဲမှာပဲ... ငါမှာချွဲဖို့ ဘဲကြီးရှိတော့ ချွဲမှာပေါ့ မင်းတောင် သွားချွဲဖို့ စော်ရှိလို့လာ”

ဟောက်ရွှမ်း: "လဒ ရှောင်းကျန့်...... မင်း မင်းငါ ကိုနှိမ်တာလာ”

ကျန့်ကျန့်လဲ ဖုန်းပွတ်နေရင်း သက်ပြင်ချလိုက်ကာ ခေါင်းခါလိုက်တော့သည်

"ဟူး လူတွေ က ခက်လိုက်တာ အမှန်တရားပြောပြတာလဲ နှိမ်ရာ ကြသွားပြန်ရော ”

ဟောက်ရွှမ်း: "ရားးးး ရှောင်းကျန့်!!!”

ဟောက်ရွှမ်းနဲ့ ကျန့်ကျန့်တို့ရဲ့ ပုံမှန်ရန်သတ်ပွဲလေးပါ.... ဒါကို ကျိယမ်းက ကြည့်ရတာ ရိုးနေပါပီ

ပုံမှန်အချိန်ဆို နှစ်ယောက်က တည့်ကြပေးမယ့် fa rs ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်လာရင် နှစ်ယောက်လုံးက ရန်ထဖြစ်တတ်သည်

💝ဦးရဲ့အချွဲလေး💝🔥(Completed)🌼Donde viven las historias. Descúbrelo ahora