THORN (1)

899 91 8
                                    

Unicode

နွေးဖျဖျနေရောင်ခြည်က အခန်းငယ်ထဲ ကျိုးတို့ကျိုးတဲ နေရာယူလို့နေသည်။

အိပ်ရာဖြူလွလွပေါ်က လူသားကတော့ ထိုနေရောင်ကြောင့်ရော ဘေးဘက်က မြည်လာတဲ့နှိုးစက်သံကြောင့်ပါ အိပ်စက်နေရာကနေ အနှိုးခံလိုက်ရသည်။ အတော်လေးညဥ့်နက်မှ အိပ်ပျော်ခဲ့ရသည်မို့ မနက်ခင်းရောက်တော့ ခေါင်းကကောင်းကောင်းမကြည်ချင်။

ကျန်းကျယ်ဟန့်က ဘေးဘက်ခြမ်းက လစ်ဟာနေတဲ့ ေခါင်းအုံးဖြူဖြူကိုကြည့်ရင်း စိတ်ပျက်အားငယ်စွာ သက်ပြင်းချလိုက်မိသည်။ Dornဟာ ဒီနေ့လဲ သူ့ရဲ့ဘေးမှာ ရှိမနေခဲ့ပြန်ပါ။ Dornနဲ့အတူမနိုးထရသည့်မနက်ခင်းပေါင်းက ၄ခုမျှပင်ရှိနေပြီဖြစ်ကြောင်း သူ့ရဲ့မှတ်ဉာဏ်တွေကအသိပေးလို့နေ၏။

တစ်နည်းဆိုရလျှင်မူ ယခုDornဟာ သူမဟုတ်တဲ့တခြားတစ်ယောက်ယောက်ရဲ့မနက်ခင်းမှာ ပထမဆုံးမြင်ရတဲ့မျက်နှာပိုင်ရှင်ဖြစ်နေမည်ဖြစ်သည်။

ဒီတစ်ကြိမ်မှာရော Dornရဲ့ရင်ခွင်နွေးနွေးထဲ မှေးစက်နေမည့်သူဟာ မိန်းကလေးဖြစ်နေမလား...သို့တည်းမဟုတ် သူ့လိုယောက်ျားလေးတစ်ယောက်​ေပလား။
သူ့ဆီ ၄ရက်တိတိ အဆက်အသွယ်တစ်ချက်မပြုပါဘဲ ပျောက်ကွယ်သွားရသည့်အကြောင်းရဲ့နောက်ကွယ်မှာရော မည်သည့်ကိစ္စတစ်စုံတစ်ရာများရှိနေလိမ့်ဦးမည်နည်း။ အတွေးပေါင်းစုံဟာ မတိုင်မီ၄ရက်ကအတိုင်း ကျန်းကျယ်ဟန့်ကို မွန်းကြပ်လာစေစမြဲပင်။

ရေချိုးသန့်စင်ပြီးချိန်ရောက်တော့ ခေါင်းကဝေဒနာက အနည်းငယ်လျော့ပါးလို့သွားသည်။ သို့ပေမဲ့ ရင်ဘတ်ထဲက မွန်းကြပ်ကြပ်ဝေဒနာကတော့ ကျန်ရှိလို့နေဆဲပင်။ အဝတ်အစားလဲပြီးလို့ အခန်းထဲက ထွက်လိုက်တော့ အခန်းရှေ့ကဆိုဖာကျယ်ကျယ်ပေါ်မှာထိုင်နေတဲ့ Dornကို တွေ့လိုက်ရသည်။

"ဟင်...Dorn? "

ချက်ချင်းမျက်စိလှန်ကာကြည့်လာတဲ့ Dornကြောင့် ကျန်းကျယ်ဟန့်က သူ့ရဲ့မျက်လုံးတွေကထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်မှန်း အသေအချာသိသွားရသည်။ ဟုတ်သည်....။ Dornဟာ သူ့ရဲ့အခန်းကို ကြိုက်တဲ့အချိန်ဝင်ထွက်နိုင်ပါသည့် တစ်ဦးတည်းသောသူစိမ်း။ အခန်းရဲ့လျှို့ဝှက်နံပါတ်အထိပါ ဖွင့်ဟအသိပေးထားပြီးဖြစ်သည့်ဆက်ဆံရေးတစ်ခု သူနဲ့Dornကြားမှာ ရှိသည်။

THORN (Completed)Where stories live. Discover now