ep-9 🕊

3.2K 216 7
                                    

မ အိမ်ကပြန်လာပြီးနောက်ရက်တွေ မတွေ့ဖြစ်ခဲ့ဘူး online တခုထဲသာအလွမ်းဖြေရာ ဖြစ်ခဲ့သည် ။ အလုပ်တွေများလို့အချိန်မပေးနိုင်ရင် မချစ်တော့ဘူးလို့ခံစားလာရတဲ့ စိတ်ကျိကိုမကြိုက်ဘူး
ရုန်းထွက်လို့မရအောင် သူမဆီမှာနစ်မြောနေမိခဲ့ပြီ ဟန်ဆောင်ပြီးချစ်ခဲ့တဲ့အချစ်က ဒီလောက်နက်ရှိုင်းသွားခဲ့မယ်လို့တကယ်ထင်မထားခဲ့တာ ။
အသက်ရှူချင်စိတ်မရှိတဲ့နေ့ရက်တွေ ပင်ပန်းခဲ့တဲ့နေ့ရက်တွေက သူမကြောင့်ပဲ အရာရာဖြတ်သန်းနိုင်ခဲ့ပြီ အများကြီးချစ်တယ် ရှေ့ဆက်ပိုပို​​ပြီးအချစ်တွေတိုးသွားဖို့ပဲရှိတော့တယ် မြတ်နိုးရာလေးရေ...

သွယ်တို့ ချစ်သူဖြစ်တာသုံးလပြည့်တဲ့နေ့  အတူတူဖြတ်သန်းချင်လို့ မ ဆီကိုဖုန်းဆက်တော့ အလုပ်တွေများနေတယ်ကုမ္ပဏီမှာလဲ သူမရှိရင် မဖြစ်ဘူးတဲ့ ။ ဘယ်သူပဲဖြစ်ဖြစ် ဒီလိုနေ့တွေမှာချစ်ရသူနဲ့အတူတူနေချင်တာပဲလေ  သွယ့်ထက်အလုပ်က ပိုပြီးအရေးပါနေတယ်ထင်သည် ။

စိတ်ညစ်ညစ်နဲ့အိမ်မှာနေတုန်း လှိုင်း ဆီက ph ဝင်လာတယ်

" အင်း လှိုင်း "

"ဒီနေ့လေ လှိုင်းJunction city မှာ ဝယ်စရာလေးလဲရှိလို့ ပြီးတော့သွယ့်ကိုလဲတွေ့ချင်လို့ အားရင်လှိုင်းနဲ့လိုက်ခဲ့ပါလား လာခေါ်မယ်လေနော် "

မ နဲ့လဲမတွေ့ရ အိမ်မှာနေရတာလဲပျင်းတာနဲ့စိတ်ပြေလက်ပျောက်အပြင်လိုက်ရန်သဘောတူလိုက်သည် ။ ဒီညလှိုင်းအိမ်လိုက်လည်မယ်ဟု ဒေါ်လေးကိုပါ တခါထဲပြောခဲ့လိုက်တယ်

" လှိုင်း ငါ ဒီမှာ "

"လမ်းထိပ်မှာစောင့်နေတာလား လှိုင်းလာခေါ်ပါမယ်ဆို "

"ရပါတယ်ဟာ သွားကြမယ်လေ "

JC ရောက်တော့ လှိုင်းခက် လျှောက်ပတ်ကြည့်ကာ ကြိုက်တာအကုန်ဝယ်နေတော့သည် ။ လူကအပြင်မှာရောက်နေပေမဲ့ စိတ်ကတော့ မ ဆီမှာ ။

"သွယ့် မျက်နှာလဲမကောင်းပါလား နေမကောင်းဘူးလားဟင် "

"မဟုတ်ပါဘူးဒီနေ့ငါနဲ့မ ချစ်သူဖြစ်တာ 3လပြည့်တဲ့နေ့လေ သူကအချိန်မပေးနိုင်ဘူးငါ့ကို "

ဆုံမှတ် 🕊  ☾︎ ဆုံမွတ္ 🕊 ☽︎Where stories live. Discover now