Part 25

7.6K 620 159
                                    


Unicode

ဏိင်း အတော်ပင်အံ့ဩရသည်။သူဘယ်တော့မှ မေ့လို့မရတဲ့ မျက်နှာနှင့် သူမ ယခုပို၍
ကြောက်စရာကောင်းနေသေးသည်။

"မဆိုးဘူး ငါ့ဆေးတွေက အသုံးဝင်သားပဲ"

"ထွက်သွား..!"

"နေပါအုံး တူလေးရဲ့ ဘာလို့ ကိုယ့်အဒေါ်ကို ဘာလို့ ရိုင်းနေတာလဲ..."

သူမ ဏိင်း၏ ဆံပင်အား သပ်တင်ပေးရင်း
ပြောလိုက်သည်။
လက်တဖက်ကလဲ လက်ကောက်ဝတ်နား
တွင်သာ ကျင်လည်နေသည်။

"မင်းစေရာကို ပြောလိုက်အုံး ငါပြန်ရောက်နေပြီလို့"

ပြောပြီးသည်နှင့် သူမကထိုနေရာမှ ထထွက်
သွားသည်။

"အားးးးးး!!!!"

သူမထွက်သွားသည်နှင့် ဏိင်းဘေးမှ ရှိသမျှကို ပစ်ချနေ‌ချိန်တွင်...

"ကိုကို...!"

"ဟင်.....ရေး.."

ရေး ဆိုသော နာမည်ကို တရင်း နှစ်ဆီသို့
လက်ကမ်းနေသော ဏိင်းကြောင့်
နှစ်လဲ ဏိင်းဆီသို့သွားကာ ဖက်ထားလိုက်သည်။

"ရေး.....ကျွန်တော့်ကို ထားမသွားနဲ့...နော်"

"....."

"နော်လို့....ရေး.."

"အ....အင်း"

"ဒါဆို ကျွန်တော့် ကို မောင်လို့ခေါ် ရေးကျတော်ကို အဲ့လို မခေါ်တာကြာပြီလေ..!"

"အင်း....မောင်"

"ဟီးးးမင်းက ချစ်ဖို့ကောင်းတယ်"

နှစ်အား ဖက်ရင်း ထင်ယောင်ထင်မှား
ပြောနေသော ဏိင်းကို နှစ်လဲ ခပ်တင်းတင်း

ပြန်ဖက်ထားလိုက်ရင်း ရေးဆိုသော
ကောင်ကို စိတ်ထဲက ကျိန်ဆဲနေလိုက်သည်။

အချစ်မရှိတဲ့ သူတွေကြားကို ဝင်ဖို့ဆိုတာ
သူ့အတွက် အလွယ်လေးပဲ..

"သခင်လေး"

"ပြန်မယ်"

‌ဆေးရုံအခန်းဝတွင် ပန်းစီးတစ်ခုကိုင်ကာ
အခန်းထဲမှ လူတစ်ယောက်ကို
စိုက်ကြည့်နေသော ကောင်လေးသည်။

မဲ့ပြုံးတစ်ချက်သာ ပြုံးပြီး ခြေလှမ်းများ
ကတော့ ဆန့်ကျင်ဖက်ကိုသာ ဦးတည်နေသည်။

My Husbands Are Shameless (ငါ့ခင်ပွန်းတွေက အရှက်မရှိဘူး!) Oh My Daddy S 2Where stories live. Discover now