Part_1

3.2K 74 1
                                    

Unicode
Story Batta
တိတ်ဆိတ်ညိမ်သက်နေတဲ့ အခန်းထောင့်လေးထဲမှာ ဝေ ဆိုတဲ့ ကောင်လေးတစ်ယောက်က စာအုပ်လေးတစ်အုပ်ကိုကိုင်ပြီး ထိုင်ဖတ်နေတယ် ဝေ ကမျက်စံ နက်နက် မေးစိကချွန်ချွန် ပန်းနုရောင်အသားရေ မျက်တောင်ကော့ကော့လေးတွေနဲ့(16)နစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်တယ်

"ဟာဘာလည်းကွယ် အဲ့လိုကြီးဇာတ်သိမ်း သွားတာလား မင်းသားလည်းသေ မင်းသမီးလည်းသေ အပိုင်း၃၀၀ ကျော်လောက်ထိ ကောင်းနေတာ ကို ဖတ်စရာလည်းမရှိတော့ဘူး
ပါးပါးကို စာအုပ်အသစ်ပူဆာရမယ်

ရုတ်တရက် ဝေ အိမ်ရှေ့ဘက်ကနေ ဆူဆူညံညံအသံတွေကြားရတယ်

"ဘာသံတွေလည်းဟ ဆူညံနေတာပဲ

ဝေရဲ့ အိမ်ကို လူတစ်စု ဝင်ရောက်လာတာပြီး ပြန်ပေးဆွဲပီးVideoရိုကိဖို့လုပ်နေကြတယ်

"ဟေ့ရောင် မင်းမှောက်ထား မော့မလာနဲ့

"အကို တို့ နေ့ခင်ကြောင်တောင်ကြီး ကျန်တော်..ကျန်တော်အိမ်မှာ ဘယ်သူမှမရှိဘူးဗျ

"မင်းပါးစက်ကိုပိတ်ထား ဟေ့ရောင်တွေ ဒီကောင်ကို ကြိုးတုတ်ပြီး နဲနဲဗျင်းလိုက် ပြီးရင် videoရိုက်မယ်

"အော်အကိုတို့ရယ် videoကို ရိုက်ချင်တာများစောစောကပြောပေါ့ ဘယ်တော့ရိုက်မှာလည်း Makeup ပြင်ဦးမယ်လေ ဒီတိုင်းဆိုရုပ်ထွက်မလှမှာဆိုးလို့

"မင်းကို ငါ့တိူ့က MWD မှာ သွားပြမလို့မဟုတ်ဘူးစကားမများနဲ့

"ချီးပဲ( ငါဘယ်လိုလုပ်ကပါ့မလည်း ငါ့ရဲ့ချောမောတဲ့ရုပ်ရည်ကို  MWD မှာတော့ အပြမခံနိုင်ဘူး )
ဟေ့လူတွေ ကျန်တော်ကvideoမရိုက်ဘူးဆို ပစ်မှာလား

"မင်းပါးစပ်ပိတ်ထား မင်းခုငါတို့ရေးထားတဲ့စာအတိုင်းvideoထဲဆို

"ဘာလား သိန်း၅ထောင်တဲ့ (သိန်း၅ထောင်တောင် ဒီလောက်အများကြီး iPhonပူဆာတာတောင်မရတာ) မပြောဘူးဗျာ လ%^& ဖြစ်လား

"ဟာ အဲ့ကောင်ကိုငါ့စိတ်မရှည်တော့ဘူးကွာ

အိကျီး အနက်နဲ့ လူတစ်ယောက် လက်ထဲကဂန်း နဲ့ ဝေ ရင်ဘက်ကိုပစ်လိုက်တယ်

Story Batta (BL)Where stories live. Discover now