My Eyes on you

1.5K 126 69
                                    

"ငါအရင်တက်မယ်.."

"ငါ့ကိုခုံဦးထားပေး.."

"ငါ့နေရာ ဖယ်စမ်းနင်.."

ဆိုးလ်မြို့ အနုပညာသက္ကသိုလ်ရှေ့..။
   
ရှေ့မှာ ကမ္ဘာပျက်သလိုနေရာလုနေကြတဲ့ကျောင်းသားတစ်အုပ်ကိုကြည့်ပြီး Yoongiစိတ်ပျက်မိသည်..။အပျော်ခရီးသွားမှာပဲလေ..တစ်ရွာတစ်ကျည်ဆောက်မှာမှမဟုတ်တာ..ဘာလို့ဒီလောက်ရှုတ်ရှပ်ခတ်နေရတာလဲ သူနားမလည်နိုင်...။နေရာလေးတစ်ခုပဲလေ..ဒီတိုင်းတက်သွား တွေ့တဲ့နေရာဝင်ထိုင်လိုက်..မပြီးဘူးလား...။ဒါလေးပဲကို ဆူညံဆူညံနဲ့အော်ဟစ်နေကြတာ သူ့မှာနားကိုမလည်နိုင်..။မျက်စိတွေကိုနောက်ရောပဲ...။

နားကြပ်ကိုကောက်တပ်လို့ သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးဖွင့်ကာ နားထောင်နေလိုက်သည်...။သူက လူ..အဲ့တော့ရှေ့ကမျောက်ပွဲထဲဝင်မနွှဲနိုင်ဘူး..။သူတို့အားလုံးပြီးမှ တက်သွားမယ်..။လွှတ်တဲ့နေရာဝင်ထိုင်မယ်...ပြီးပြီ...။

"Hyung...Yoongi hyung..."

နောက်ပါးဆီက အော်ခေါ်သံကြောင့် Yoongiနားကြပ်ကိုဖြုတ်ပြီးလှည့်ကြည့်လိုက်သည်...။သူကိုအော်ခေါ်နေတာ dance မေဂျာက သူ့ရဲ့ညီငယ်လေး Jung Hoseok...။သူလက်ပြလို့ တွေ့ကြောင်းအချက်ပြလိုက်သည်...။Hoseokကလည်း သူ့နားကို အပြေးရောက်လာသည်..။

"ကြာသွားလာ Hyung...ကျွန်တော် အမြန်လာတာပဲ..ရှေ့မှာ ပြဿနာနည်းနည်းတက်နေလို့.."

"မကြာပါဘူး မျောက်ပွဲကြည့်နေရတာပဲ.ငါမပျင်းပါဘူး"

ရှေ့ကိုမေးဆက်ပြလို့ပြောတဲ့ Yoongi hyungကြောင့် သူရှေ့လှည့်ကြည့်လိုက်သည်..။နေရာလုဖို့အတွက် ရုတ်ရုတ်သည်းသည်းဖြစ်နေကြတဲ့ ကျောင်းသူကျောင်းသားတွေ...။Hoseokသဘောကျသလို ခပ်ကျယ်ကျယ်အော်ရီလိုက်သည်...။နှိုင်းယှဥ်ချက်ကသိပ်ကို ဆရာကျလိုက်တဲ့ဖြစ်ခြင်းပဲ..။

"လာ..မျောက်ပွဲပြီးပြီ..လူအလှည့်ပဲ.."

ပြီတီတီမျက်နှာနဲ့ ပြောကာရှေ့ကနေထွက်သွားတဲ့ Yoongi hyungနောက်ကနေ hoseokမျက်နှာ စပ်ဖြီးဖြီးဖြစ်ကာ ပါလာရသည်...။

ကားပေါ်ရောက်တော့ Hoseokကသူ့ သူငယ်ချင်းဖြစ်တဲ့Namjoonကခုံဦးထားပေးတာမို့ သူ့ဘေးနားသွားထိုင်သည်..။Yoongiကတော့ သူငယ်ချင်းကလည်းသိပ်မရှိတာမို့ နေရာဦးထားပေးမယ့်သူမရှိ...။ဒါကြောင့် အနောက်နားက နေရာလွတ်တစ်ခုမှာ ဝင်ထိုင်နေလိုက်သည်..။ကားရဲ့နောက်ခုံတွေကို ဘယ်သူမှမထိုင်ကြတာမို့နေရာက သိသိသာသာကိုလွတ်နေသည်...။ဒါမျိုးMin Yoongiသိပ်သိပ်ကြိုက်..။

My eyes on youKde žijí příběhy. Začni objevovat