Unicode_
နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)
Extra_မနက်(8)နာရီခန့်.....
သီဟကျော်လဲအိပ်ယာနိုးနိုးချင်းဘေးကို
ကြည့်လိုက်တော့ ကိုကို့ကိုမတွေ့တော့ချေ။"အစောကြီးထသွားတာလား?ငါ့ကိုတောင်
မနှိုးသွားဘူး"သီဟကျော်လဲကုတင်ပေါ်ကဆင်းကာ
ရေချိုးခန်းထဲဝင်ပြီးမျက်နှာသစ်ရေမိုးချိုး
လိုက်တော့သည်။ပြီးတော့အဝတ်အစား
ဝတ်ကာ အခန်းထဲကထွက်လာတော့
တစ်အိမ်လုံးနှင်းဆီပန်းတွေနဲ့အလှဆင်ထား
သာကြောင့် ရင်ထဲကအလိုလိုကြည်နူးမိသွား
သည်။"နှင်းဆီပန်းတွေလှလိုက်တာ ဒီနေ့ဘာနေ့မို့
လို့အလှဆင်ထားပါလိမ့်?"သီဟကျော်လဲ တအိမ်လုံးကိုတအံတသြနဲ့
ငေးကြည့်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။"လှလိုက်တာ ဒါနဲ့အိမ်ကတိတ်ဆိတ်နေသလို
ပဲ "အပေါ်ကလေနှင်းဆီပန်းပွင့်ဖက်ကလေးများ
သီဟကျော်ခေါင်းပေါ်သို့ကျလာတော့သည်။သီဟကျော်ကတော့ ပျော်မဆုံးဖြစ်နေတာပေါ့။
"ဒါဟိုလူပဲနေမှာ"
"ဟုက်တာပေါ့ကလေးရဲ့"
အောက်ထပ်အခန်းတစ်ခန်းထဲလေ
နှင်းဆီပန်းပွင့်တစ်ပွင့်အားကိုင်ပြီးကျွန်တော့်
ဆီသို့လျှောက်လာတဲ့ ကိုကို။ကျွန်တော်လဲကလေးအားနှင်းဆီပန်းတစ်ပွင့်
ကမ်းပေးလိုက်ကာ"ကိုယ့်ရဲ့နှစ်ယောက်မရှိသောချစ်ခြင်းမေတ္တာနဲ့ချစ်ရပါသောကလေးလေးအတွက်"
"ဘာအတွက်..."
"ကိုကိုတို့အိမ်ထောင်သက်တမ်း(4)နှစ်
ပြည့်တဲ့နေ့လေ ""ဟုက်သားပဲ"
"ကိုကိုကတော့ကလေးနဲ့ပတ်သတ်သမျှ
အရာအားလုံးတန်ဖိုးထားတယ် ကလေးကသာ""ကလေးမေ့သွားလို့ပါကိုကိုရယ် စိတ်မဆိုးနဲ့
တော့""မဆိုးရက်ပါဘူးကလေးရဲ့ ဒီနေ့သူငယ်ချင်း
တွေကိုခေါ်ပြီးပျော်ပျော်ရွှင်ရွှင်စားကြသောက်
ကြတာပေါ့"
YOU ARE READING
နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)(Unicode)
Fanfictionနောက်ကျောကဓါး(ရင်တွင်းရှိုက်သံ) Intro_ ထိုficတွေပါဝင်သောဇာတ်ကောင်များ နှင့်ဇာတ်လမ်းဇာတ်ကွက်များသည် စာရေးသူ၏စိတ်ကူးဖြင့်ပုံဖော်ထားခြင်း သာဖြစ်သည်။မည်သူတစ်ဦးတစ်ယောက် ကိုမှမရည်ရွယ်ပေ။ လူတစ်ယောက်ရဲ့ဘဝမှာ ကိုယ်အရမ်းချစ်ရတဲ့သူကဖြစ်စေ သူငယ်ချင်းကဖြစ်စေ သစ္...