the first

130 18 3
                                    

"ဟယ်လို Ren လား။ ရောက်တော့မှာလား ကျွန်တော်တော့ရောက်နှင့်နေပြီ အစ်ကို။ "

စစချင်း ခင်ဗျား ခင်ဗျားလို့ ခေါ်နေရာကနေ Sung ဟာသူ့ကိုယ်သူတောင်မထင်မှတ်ပဲ "အစ်ကို" ဆိုတဲ့ ဝေါဟာရကိုပါးစပ်ကထွက်သွားတယ်။ ခေါင်းထဲဝင်လာတဲ့အတွေးကတော့ "ငါသူ့ကိုသိတာဘယ်လောက်မှဖြင့်မကြာသေးပဲ အစ်ကိုလို့ခေါ်လို့ဖြစ်ပါ့မလား"..

ဖုန်းပြောနေစဉ် Sung က Ren ကိုအစ်ကိုလို့ခေါ်လိုက်တဲ့အချိန် Ren ဘာပြန်ပြောရမှန်းမသိခဲ့ဘူး.. တကယ်တော့ သူဟာစိတ်တိုသွားတာမဟုတ်။ ပျော်နေခဲ့တာလေ..။

"အင်း အစ်ကိုလဲရောက်တော့မှာပါ။ ကားနည်းနည်းကြပ်နေလို့။"

ဟောဗျာ ထွက်သွားပြန်ပြီ "အစ်ကို"တဲ့ သူတို့ကိုယ်သူတို့တောင်မထင်မှတ်တဲ့အသုံးအနှုန်းတွေပါးစပ်ကထွက်.. ဘဝတစ်လျှောက်လုံးရင်မခုန်စဖူးရန်ခုန်လို့နဲ့ ဒါဟာဘာလဲလို့မေးလာရင် "အချစ်"ပေါ့။

"ဟိုမှာ အစ်ကိုသေးသေးလေးလား ငါမြင်နေရပြီ။ နောက်ဆုံးတော့သူနဲ့ပြန်တွေ့ရတော့မှာပေါ့။ "

"ဟူးးး စိတ်လျှော့ ပတ်ဂျီဆောင်းရေ.. မင်းနှလုံးခုန်သံကလဲတစ်လမ်းလုံးကြားတော့မယ်ကွ။ "

"ဟယ်လို Sung မင်းဒီနေ့သန့်လို့ပြန့်လို့ပါလား"

စိတ်ကနေပြောလိုက်တဲ့စကား.."ဟင် ဒီအစ်ကိုသေးသေးလေးထူးဆန်းနေတာပဲကွ။ ပုံစံဆိုအေးတိအေးစက်နဲ့ ဒီလိုတွေမပြောဖူးပါဘူး..ငါပဲစိတ်ထင်နေတာလား။"

"ဪ မဟုတ်ရပါဘူးဗျ။ တစ်ယောက်သောသူနဲ့တွေ့ဖို့ဝတ်တတ်စားတတ်ရမှာပါ့ မဟုတ်ဘူးလား Ren.."

"ဆိုင်ထဲဝင်ရအောင်ကွယ်.."

တကယ်တော့ Ren ဟာရှက်သွေးဖြာပြီး ပါးတွေနီသထက်နီလာတော့မှာမလို့ စကားလမ်းကြောင်းလွှဲပြီးဆိုင်ထဲဝင်ဖို့ပြောခဲ့တာပါ။

"ဝါးးး ဆိုင်လေးကလှလိုက်တာနော်.. အစ်ကို Ren ဒီကိုအမြဲလာအပန်းဖြေနေကြပေါ့"

"အင်း အဲ့လိုပဲပြောရမလား ဒုတိယအိမ်ပေါ့။ ကျွန်တော့်ရဲ့တစ်နေ့တာကိုစာအုပ်တွေနဲ့ဖြတ်သန်းတယ်လေ.."

"ဘာလို့လဲ မပျင်းဘူးလား"

"အိုး မင်းကွာ.. စာအုပ်တစ်အုပ်စီတိုင်းရဲ့အဓိပ္ပါယ်ကနက်နဲတယ်လေ။ ဇာတ်လမ်းကကော်ဖီခါးတစ်ခွက်လိုစွဲပြီးကျန်ခဲ့တာ.. ဘယ်လောက်တောင်အေးချမ်းဖို့ကောင်းလဲ"

"ဪ ကျွန်တော်က ၁၂လရာသီ အလုပ်ခွင်မှာပဲဆိုတော့ဒါတွေမသိဘူးဗျ။ "

"မင်းရော တစ်နေ့တာကိုဘယ်လိုဖြတ်သန်းလဲ။"

"ကျွန်တော်ကတော့ ဓါတ်ပုံတွေရိုက်လိုက်၊ဖလင်ဆေးလိုက်နဲ့ ဓါတ်ပုံတစ်ပုံပေါ်ကအနုပညာများစွာကိုခံစားလိုက်ပဲပေါ့"

"ဪ မေ့လို့ မနေ့ကတော့ တစ်ယောက်သောလူသားပုစိလေးနဲ့တွေ့ဖို့စိတ်ကူးပေါင်းများစွာတွေးရင်း ရင်ခုန်ရသေးတယ်ဗျို့.."

"အိုး ဘာတွေပြော.. လာ အပေါ်ထပ်လိုက်ခဲ့"

To be continued 🌙

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Aug 21, 2021 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

CreScentTempat cerita menjadi hidup. Temukan sekarang