Part-17(Zawgyi & Unicode)

22.6K 830 42
                                    

(Unicode)

ခန့်ညီလိုကျားတစ်ကောင်ကိုသူမကထိုင်ထိုင်စွနေသည့် သမင်ပျို‌လေးလိုပါဘဲ။ ခန့်ညီ တစ်ယောက်အရာရာကိုကန့်သတ်ချုပ်ချယ်ခဲ့ဖူး‌တယ်။ မိန်းကလေးတွေကိုကိုယ်ကိုတိုင်ကစပြီးအရောတ၀င်မနေဖို့၊ မကာကွယ်ဖို့ နဲ့သံယောဇဉ်မထားမိဖို့ သူဆုံးဖြတ်ထားခဲ့ဖူး သည်။ သို့သော် မေမီဇော်ကသာထိုအရာတွေအားလုံးကိုပြောင်း ပြန်ဖြစ်အောင်လုပ်နိုင်ခဲ့သည်။ အရာအားလုံးကိုသူ့ဘက်ကနေကသာစတင်လာခဲ့ရသည်။

"ကဲ...ဘာလဲအိမ်ထိလိုက်လာလို့ ထိုင်တောင်မထိုင်ခိုင်းတော့ဘူးလား။"

သူ့ရှေ့မေမီမျက်မှောင်လေးကြုတ်ကာမေးလိုက်တော့ ခန့်ညီကမေမီ့လက်ကောက်၀တ်လေးကိုဆွဲကိုင်ကာလှေကားဆီသို့ခေါ်သွားသည်။

"ဒါဘယ်သွားမလို့လဲ။"

"အခန်းထဲသွားမယ်လေ။ဒါမှ မောင်တို့နှစ်ယောက်ထဲအတူရှိလို့ရမှာ။"

"ဟင်...ဒီ..ဒီမှာဘဲနေရအောင်လေ။"

"ဟား...ဟား"

မေမီဖြစ်သွားသည့်ထိုပုံလေးကိုခန့်ညီတစ်ယောက်ရယ်နေတာများမြင်လို့မကောင်းပါ။

"မောင့် မေမီဇော်ရယ်၊မောင်ကမင်းကိုပိုင်စိုး ပိုင်နင်းမလုပ်ရပါဘူး။အဲ့ကြောင့်လာ..လိုက်ခဲ့"

‌ခန့်ညီရဲ့ရှင်းပြပြောဆိုပုံအရ အပေါ်တစ်ထပ်လုံးကိုသူ့စိတ်ကြိုက်ဒီဇိုင်းဖြင့်သာဖန်တီးထားခြင်းဖြစ်သည်။ သားအဖနှစ်ယောက်ထဲနေတာမို့ သူ့ဒယ်ဒီကထွေထွေထူးထူး‌မပြောပေ။ အပြင်အဆင်ကလည်း သူနဲ့လိုက်ဖက်တဲ့အခန်းအသွင်အပြင်မျိုးဖြစ်သည်။

"ဘာစားချင်လဲ။"

"ငါကရတယ် ခန့်ညီအဆင်ပြေတာ"

ခန့်ညီကလူတစ်ယောက်ဆီသို့ဖုန်းခေါ်လိုက် ကာ ဒီနေ့အတွက် Menu အပြင်နောက်ထပ်အရသာရှိတာတွေကိုပါထပ်ပြီးပြုလုပ်ပေးဖို့မှာနေသည်။

"မောင့်မေမီဇော်လေးက ဘယ်လိုစိတ်နဲ့အိမ်ထိလာခဲ့တာတုန်း။"

"မသိဘူး...ငါလာချင်တဲ့စိတ်ဖြစ်လာလို့။"

ခန့်ညီက မေမီ့ကိုသူ့ကုတင်ပေါ်ထိုင်စေကာ
သူပါ‌မေမီဘေးနားတွင်၀င်ထိုက်လာသည်။
ကုတင်ကြီးပျော့၀င်ကာ ထိုင်လိုက်တာနဲ့အိကနဲဖြစ်သွားသည်။ မေမီလည်း မာမီကိုကုတင်လဲပေးဖို့ပူဆာရမည်။

မောင်စေလိုရာ (OC) [Complete] Where stories live. Discover now