[ Zawgyi ]

88 5 0
                                    

ကြည်လင်သော စိတ်အခံလေးနှင့်အတူ မနက်ခင်းတစ်ခုကို မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုနဲ့စ,တင်ဖြစ်သည်။

မျက်နှာချင်းဆိုင်တည့်တည့်က 'နှစ်ထပ်တိုက် အိမ်ကလေးဆီကို တစ်ယာက်သောသူများ ပြန်ရောက်နေလေမလား..?' ဆိုတဲ့ စိတ်နဲ့
ညကမက်ခဲ့တဲ့ ရွှေရောင်အိပ်မက်တွေကို ရင်ဝယ်ပိုက်လို့ ပြတင်းပေါက်လေးကနေတစ်ဆင့် လှမ်းမျှော်ကြည့်မိပါရဲ့...။

သော့တွေ အထပ်ထပ်ခတ်ထားတဲ့ နှစ်ထပ်တိုက် အိမ်ကလေးဟာ ပကတိ'တိတ်ဆိတ်နေဆဲ...။

ဘာရယ်မဟုတ် သက်ပြင်းလေးတစ်ချက် ခိုးရှိုက်မိတယ်...။

ကျွန်တော်ဟာ 'အလွမ်း' ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စောင့်မျှော်ခြင်းဖြင့်သာ နေသားကျနေလေတဲ့ တစ်ဖက်သတ်မေတ္တာရှိနေမိသူ.....။

_____♥_____

(၃ တန်းစာမေးပွဲဖြေအပြီး နွရောသီတစ်ခုမှာ သူနဲ့ ကျွန်တော်နဲ့စ,တွေ့ခဲ့တယ်...။)

"ဖွားဖွား!
မေမေက အုန်းနို့ခေါက်ဆွဲလာပို့ခိုင်းလိုက်လို့!"

စိတ်ငြိမ်ရပ်ကွက်တစ်ခုအတွင်းရှိ လမ်းကြားလေးတစ်ခုထဲတွင် ကလေးတစ်ယောက်၏ ခပ်စွာစွာအော်ခေါ်နေသံသည် စူးရှစွာထွက်ပေါ်လာလေသည်။

"ဖွားဖွား!"

အသံတစာစာဖြင့် အော်ခေါ်နေရင်း အလယ်မှာ လမ်းတစ်လမ်းသာခြားသည့် မျက်နှာချင်းဆိုင်တည့်တည့်က နှစ်ထပ်တိုက် အိမ်ကလေးအရှေ့မှာ နှစ်ဆင့်ချိုင့်လေး တစ်လုံးကို လက်သေးသေးလေးနှစ်ဖက်နဲ့ ဆွဲကိုင်လို့ (ခါတိုင်းလိုပဲ) ဖွားဖွားလာအခေါ်ကို ရပ်စောင့်နေလိုက်သည်။

အတော်အတန်ကြာသည်အထိ အိမ်ထဲကနေ ဘာတုံ့ပြန်သံမှ ပြန်မကြားရတာကြောင့် ခြံဝန်းတံခါးကြားထဲကနေ အိမ်ထဲကို မျက်လုံးလေး ကလည်ကလည်နဲ့ လျှောက်ကြည့်မိတော့ 'ရိပ်ကနဲ' မြင်လိုက်ရတဲ့ အရိပ်အယောင်တစ်ခုကြောင့် ခွန်းရိပ်ညီ တစ်ယောက် အသံထပ်ထွက်မလာတော့ပဲ စူးစမ်းလိုစိတ်ဖြင့် မျက်လုံးကလေးတွေ ဝိုင်းသွားရတော့သည်။

Dear My Crush (One Short)Waar verhalen tot leven komen. Ontdek het nu