Part 3

198 28 3
                                    

Unicode

ဒီနေ့ကတော့ကျွန်မရဲ့ပထမဆုံးကိုရီးယားမှာကျောင်းတက်ရမယ့်နေ့ပါ ကျောင်းမှာဘာတေကြုံရဦးမလဲဆိုပြီးတွေးပူနေတယ် အရာအားလုံးအဆင်ပြေဖို့ပဲမျှော်လင့်ပါတယ်

မနက်စောစောထပြီးကျောင်းသွားဖို့ပြင်ဆင်ပါတယ် Usမှာဆိုရင်တော့uniformဝတ်စရာမလိုပါဘူးဒီမှာတော့ကျောင်းuniformရှိတော့uniformလဲပြီးကျောင်းသွားဖို့အောက်ထပ်ကိုဆင်းလာခဲ့တယ် အဒေါ်ပြင်ပေးထားခဲ့တဲ့မနက်စာကိုစားပြီးကျောင်းသွားဖို့ထွက်လာခဲ့တယ် ကျောင်းနဲ့ကနီးနီးလေးမို့လမ်းလျှောက်ပြီးပဲသွားခဲ့တယ်

ကျွန်မကလမ်းလျှောက်ရင်အောက်ကြည့်သွားတက်တာမို့လာနေတဲ့ကားကိုမမြင်ခဲ့ဘူး

ကားကလည်းအရှိန်နည်းနည်းပါတယ် ကျွန်မကြည့်လိုက်တဲ့အချိန်ကလည်းရှောင်ဖို့မမီတော့ လန့်ပီးချော်လဲကျသွားတယ် ကားကလည်းအချိန်မီရပ်လိုက်နိုင်လို့တော်သေးတယ်

ကား​ပေါ်က​နေဆင်းလာတဲ့အရပ်ရှည်ရှည်နဲ့ချောမောလှတဲ့မျက်နှာရှိတဲ့ကောင်လေးတစ်ယောက်ဆင်းလာတယ်

Jin:အဆင်ပြေရဲ့လား ဒဏ်ရာတစ်ခုခုများရသွားလား

Bella:အ...အဆင်ပြေပါတယ်ရှင့်

ကျွန်မလည်းထကြည့်ဖို့လုပ်တဲ့အချိန်ခြေထောက်ကခေါက်လဲသွားတော့တော်တော်​လေးနာနေတယ်

Jin:ခြေခေါက်သွားတာထင်တယ် ကျွန်တော်ကိုပြကြည့်

သူကကျွန်မရဲ့ခြေထောက်ကိုစမ်းကြည့်တယ်

Jin:တော်တော်ရောင်နေတာပဲ ဒီပုံနဲ့ဆိုလမ်းလျှောက်နိုင်ပါ့မလား

Bella:လျှောက်နိုင်မယ်ထင်တယ် ပြီးတော့ကျောင်းကနီးနီးလေး

Jin:မင်းကယောင်းဒုံအထက်တန်းကျောင်းကိုသွားမလို့မလား

Bella:ဟုတ်

Jin:ကျွန်တော်လည်းအဲ့ကိုသွားမှာမို့ အတူတူသွားရအောင်

Bella:ဟို...အားနာစရာကြီး

Jin:မင်းခြေထောက်နာတာကျွန်တော်ကြောင့်လေအဲ့တာကြောင့်အားမနာပါနဲ့

Love Between Pride [BTS X READER]*ongoing*Where stories live. Discover now