~22~

4.6K 571 49
                                    

Unicode

လက်သူကြွယ်ကလက်စွပ်လေးကိုထိတွေ့မိတော့ ရင်ထဲကတစ်ဆစ်ဆစ်နာသည်။ငါတို့ကလက်ထပ် ဖို့အထိရည်ရွယ်ထားကြတာ။အခုတော့ပြဇာတ် တစ်ပုဒ်လိုလူအများလှောင်ရီစရာဖြစ်နေပြီလား။

မင်းကဂျွန်ဂျောင်မင်သားမဟုတ်ခဲ့ရင် သိပ်ကောင်းမယ်ဆိုတဲ့အတွေးကငါ့ရဲ့ခေါင်းထဲ
ဝင်လာခဲ့ပြီ။ငါ့ကိုပျော်ရွှင်စေခဲ့တဲ့မင်းက ငါ့ကို
နာကျင်စေပြီ။

အချိန်တွေနောက်ပြန်ရစ်လို့ရခဲ့ရင်တောင် ငါဆိုတဲ့ကောင်ကမင်းကိုဘဲသဘောကျမှာ။
ဂျွန်ဂျောင်မင်ရဲ့သားဖြစ်နေရင်တောင်မင်းဖြစ်
နေလို့သဘောကျခဲ့မိမှာ။ ငါမှာချစ်တတ်တဲ့ နှလုံးသားမရှိခဲ့ရင်တော့  တစ်မျိုးပေါ့။

အခုငါဘယ်လိုများလုပ်ရတော့မလဲ။ မင်းကို
မုန်းပစ်ရမလား။နာကျည်းပစ်ရမလား။မဝေခွဲ
တတ်တော့ဘူး။

ထယ်ယောင်းရင်တွေကွဲကြေသလိုခံစားနေရသည်။
မိဘအတွက်လက်စားချေဖို့ကိုတော့သူပျက်ကွက်မှာ မဟုတ်သည့်အတွက်ဂျွန်ဂျောင်မင်ကိုသေချာပေါက် သတ်ပစ်မည်။မုန်းတာမမုန်းတာထက်ခံစားချက်တွေကို ဘေးဖယ်လိုက်ရင်ဂျောင်ကုနဲ့လမ်းခွဲတာက ဖြစ်သင့်
တဲ့အရာ။

"ကင်မ်ထယ်ယောင်!!!!...."

တစ်ယောက်ထဲဆောက်တည်ရာမရဖြစ်နေတုန်း မှာပင်အောက်ထပ်ကအော်သံကြီးကထွက်ပေါ်
လာသည်။ထိုအသံကထယ်ယောင်းသေရင်တောင် မေ့နိုင်မည်မဟုတ်။ဂျွန်ဂျောင်မင်အသံဖြစ်နေတာ ကြောင့်လက်ကသေနတ်ကိုကိုင်ထားပြီးသားပင်
ဖြစ်သည်။

နီရဲနေသည့်မျက်လုံးတွေကိုတစ်ချက်ပွတ်ကာ အောက်ထပ်ကိုဆင်းဖို့ပြင်လိုက်သည်။နောက်ဆုံးတော့ အသေခံဖို့အတွက်ခင်ဗျားကိုယ်တိုင်ရောက်လာခဲ့တာဘဲ။

ထယ်ယောင်းလှေခါးကနေဆင်းလာတော့
ထိန့်လန့်မှုကြောင့်မျက်နှာပျက်ယွင်းသွား၏။

အိမ်တံခါးမကြီးကဝင်လာတဲ့ဂျွန်ဂျောင်မင်က သူ့ရဲ့မြေးလီဒမ်ကိုပါခေါ်လာခဲ့သည်။ထယ်ယောင်းကို ကြည့်ကာခနဲ့တဲ့အပြုံးပြုံးပြပြီး...

"မင်းရဲ့အသက်ကိုနှုတ်ဖို့နောက်ဆုံးတော့ငါ ရောက်လာပြီ။"

𝕋ℍ𝔼 𝕄𝔸ℕ|| 𝕂𝕠𝕠𝕜𝕍    [Completed]Where stories live. Discover now