Chapter(2)

415 30 0
                                        

( Unicode)

" မောင့်ကို အမြဲ ချစ်တယ် "

သူမရှေ့မှာ တည်ငြိမ်စွာ ထိုင်နေတဲ့ မောင့်ရဲ့ဘေးတိုက်မျက်နှာ ခပ်ချောချောကို မေးထောက်ငေးကြည့်ရင်း ပြောလိုက်သည်။သူမစကားကြောင့် မောင် တစ်ခုခုဖြစ်သွားဖို့ မျှော်လင့်မိပေမယ့် မောင်က ကော်ဖီတောင်
အသောက်မပျက်ခဲ့ပါ။

" ဒါနဲ့ဆို ၂၂၁ ကြိမ်မြောက်ပဲ မောင် "

သောက်လက်စ ကော်ဖီတစ်ခွက်လောက်တောင် စိတ်ဝင်စားခြင်းမခံရပေမယ့် မေတ္တာမြဲစေ ဆိုတဲ့ မိန်းမသားက အနှိုင်းမဲ့မောင်နဲ့ပတ်သက်လာရင် အစစအရာရာ ဒူးထောက်ထားချင်သည်။

" မောင် ထပ်ငြင်းဦးမှာပဲမလား "

သူမကို ဖျတ်ခနဲ မော့ကြည့်လိုက်ပြီးနောက် တစ်ချက်တည်း ခေါင်းငြိမ့်ပြလာသည်။
တကယ့်ကို ခဏလေးဆိုမှ ခဏလေးပဲ
အကြည့်ချင်းဆုံပြီးနောက် မောင်က မှန်တွေကနေတစ်ဆင့် အပြင်ဘက်မှာ သည်းအောင်ရွာနေတဲ့ မိုးစက်တွေကိုပဲ ဆက်ငေးနေလေ၏။

" အမြဲ ဘယ်တော့မှ လက်မလျှော့ဘူး မောင် ဘယ်သူပြောနိုင်မှာလဲ ၂၂၂ ကြိမ်မြောက်ရောက်ရင် မောင်ပြန်ချစ်ရင်ချစ်လာနိုင်တာပဲလေ မောင်ကိုယ်တိုင်တောင် အမြဲကို ပြန်မချစ်ဘူးလို့ အာမ ခံနိုင်လို့လား "

ခပ်တွေတွေ စိုက်ကြည့်နေတဲ့ မောင့်ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်တော့ မောင်က နှုတ်ခမ်းလေးတွေတွန့်ရုံ ပြုံးလာသည်။

" မောင်က အမြဲပင်ပန်းမှာ စိုးလို့ပါ "

" မောင်က ဘယ်တုန်းကမှ အမြဲကို ပင်ပန်းအောင် မလုပ်ဖူးပါဘူး ပြီးတော့ အမြဲ ပင်ပန်းမှာ စိုးရိမ်တယ်ဆိုရင် မောင် အမြဲကို ပြန်ချစ်လိုက်လေ "

သူ့စကားကြောင့် အနှိုင်းမဲ့မောင်က သက်ပြင်းဖွဖွကိုပဲ ထပ်ခါထပ်ခါ ချနေမိသည်။

" မောင်က မင်းသမီးလေးကို မချစ်ချင်ဘူး မောင်က မောင့်မင်းသမီးလေးကို ကာကွယ်စောင့်ရှောက်ပေးချင်တာ "

သူဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို သူ့မင်းသမီးလေးက သဘောပေါက်ပါ့မလား။

မိုးပြေး(မိုးပြေး)Where stories live. Discover now