{၃၇}U/Z

73K 8.6K 1.3K
                                    

Unicode

ဂိမှာန် နွေရာသီမှကူးပြောင်းကာစ ဝဿာနမိုးဦးကာလသည် လွမ်းမောဖွယ်ရာအတိ။
နေရောင်ပြင်းပြင်း စူးရှနေသည်မျိုးမဟုတ်ပါဘဲ ခပ်ညိုညို ကောင်းကင်ဟာ မှိုင်းပျပျရှိလှသည်။
ဆရာရွှေပြည်အေးရေးဖွဲ့ထားသည့် မိုး သီချင်းနှင့်လည်း ထပ်တူကျနေပြန်သည်။
'ဝသန်ခါမှီ၊လရာသီ၊ပြာရီရစ်ဝိုင်း၊မှိုင်းလဲ့လဲ့၊ဆိုင်းနွဲ့နွဲ့ သိုင်းဖွဲ့လို့ဟန်ချီ၊မင်းလွင်ဆီ ညိုရောင်မှောင်ခိုး..
မိုးလအခါမှီ၊ဖြိုးဖြိုးလျလျ၊စွေကြသည်...'
မိုးရာသီ၏ မိုးစွေစွေ။
ကျောင်းဖွင့်ရာသီ၏မိုးစွေစွေ။
အဖြူအစိမ်းဝတ်အရွယ်ကလေးများ၏ လှုပ်ရှားမှုများကလည်းမိုးနှင့်အပြိုင်။
တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများအတွက်ကတော့ ဒုတိယနှစ်ဝက်၏ မှိုင်းလဲ့လဲ့ စာသင်ချိန်များ။
ကျောင်းဖွင့်သည်မှာတစ်ပတ်တင်းတင်းပြည့်ပြီမို့ ကျောင်း၌လူစုံနေလေပြီ။
အဆောင်အခန်းများ၌လည်း ဆိုင်ရာဆိုင်ရာနေရာပြန်ယူနေကြပြီ။ သို့သော်ငြား ပဲခူးဆောင်၏အခန်းတစ်ခန်းကတော့ ဖွင့်သူမရှိ သော့ခတ်လျက်ပင်။
ထိုအခန်းပတ်လည်ရှိ သူများသည် အခန်းတံခါးပိတ်ထားသည်ကိုမြင်သည်နှင့်အံ့ဩတကြီး ပြောစမှတ်ပြုကြရသည်။
"လွန်းနောင်တို့အခုထိမလာသေးဘူးပေါ့"

"ကိုလွန်းနောင်တို့ ထူးထူးခြားခြား ကျောင်းပျက်နေပါရောလား"

လွန်းနောင်ရော၊မဂ္ဂပါ မလာသော်ငြား မဂ္ဂကတော့ ကျောင်းလစ်တတ်သူပီပီအများအာရုံ၌မရှိချေ။
ကျောင်းမှန်လွန်းသော လွန်းနောင်ကိုသာအထူးတလည်စကားထဲထည့်ပြောကြခြင်းပင်။

တစ်ပတ်ကျော်ပြီးနောက်တစ်ရက်မှာပဲ မဂ္ဂဒီပါ၏ကားလေးသည် တက္ကသိုလ်၏မိန်းဝင်ပေါက်ကိုဖြတ်ကာ အဆောင်တွင်းသို့ဝင်လာပါတော့သည်။
အဆောင်ဝင်းအပြင်ရှိ ကားတစ်စီးကို တွေ့သောအခါ ကားထဲတွင် ပါလာသော လွန်းနောင်က မဂ္ဂကို တစ်ချက်လှမ်းကြည့်သည်။
မဂ္ဂလည်း ကားကို နေရာမှာတင်ရပ်လိုက်ပြီး ခပ်လှမ်းလှမ်းတွင်ရှိသည့်ကား နေရာသို့ သွား၏။လွန်းနောင်လည်း လိုက်ဆင်းလာသည်။ ပြီးနောက် ဘယ်သူ့ကိုမှမစောင့်ပါပဲ အဆောင်ဝင်းတွင်းသို့ သက်တောင့်သက်သာပင်ဝင်သွားသည်။သို့သော်ငြား မဂ္ဂကိုလှမ်းခေါ်လိုက်သည့်အမျိုးသမီး၏အသံကိုတော့ ကြားဖြစ်အောင်ကြားလိုက်သေးသည်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now