Chp-6

5 1 0
                                    

(Zawgyi code)

"ただいます。"
(ပြန်ရောက်ပါပြီ)

"お帰り。"
(ကြိုဆိုပါတယ်)

သူအရင်နေ့တွေကပျက်ခဲ့တဲ့အတန်းစာတွေပါပြန်ကူးလာရတာကြောင့် ပင်ပန်းပြီး ခေါင်းတော်တော်ခြောက်နေပြီ။ ရေတစ်ခွက်သောက်ပြီး ဆိုဖာပေါ်
ခြေပစ်လက်ပစ်ထိုင်နေမိသည်။

"တော်တော်ပင်ပန်းနေတာလား"

"အင်း ညီမမမှီလိုက်တဲ့စာတွေကိုပြန်နားထောင်ရတယ်လေ သူငယ်ချင်းကရှင်းပြလေရှုပ်လေဆိုတော့
ကိုယ့်ဘာသာပဲနားလည်သလိုရှင်းလိုက်ပြီး စာတွေ
ရော ထပ်ရမဲ့fileတွေရောကူးလာခဲ့ရတယ် အားးးး
ညောင်းလိုက်တာ ၂ရက်လေးပျက်တာကို ဘာလို့
အဲ့လောက်တောင်သင်နိုင်ရတာလဲ"

တော်တော်ညောင်းနေပုံပေါ်တာကြောင့် ခေါင်းပေါ်ကို
လက်ကအလိုလိုရောက်သွားပြီးနှိပ်နယ်ပေးမိသည်

"Murasaki-san မလိုပါဘူး"

"ငြိမ်ငြိမ်နေ"

တစ်ချက်လွှတ်အမိန့်တော်အတိုင်းသူငြိမ်နေမိသည်
သူဒီအတောအတွင်းစဉ်းစားမိတာတွေတော်တော်များသည်။ ဒီသူစိမ်းကဘာလို့သူ့ကိုအဲ့လောက်
ရင်းရင်းနှီးနှီးဆက်ဆံပြီး သူကရောဒီသူစိမ်းအနားမှာဘာလို့အရမ်း comfortableဖြစ်နေတာလဲဆိုပြီး။
သူစိတ်ထင်တာမဟုတ်ပဲ တိုက်ဆိုင်တာတွေတော်တော်များသည်။ သူ့ရဲ့ကိုယ်သင်းရနံကမမရဲ့ကိုယ်သင်းရနံနဲ့တော်တော်ဆင်သည်။ သူ့ရဲ့လည်ဆွဲက
မမလည်ပင်းမှာအမြဲဆွဲထားတဲ့လည်ဆွဲနဲ့တူသည်။ မမကအဲ့တာကိုအင်္ကျီအောက်အမြဲထည့်ထားတက်ပေမဲ့သူ့ရဲ့သိမ်းငှက်မျက်လုံးဆီကတော့ရှောင်မရပေ။
ပြီးတော့သူ့ရဲ့ညာဘက်လက်ညိုးကငွေရောင်လမင်းပုံစံလက်စွပ် အဲ့တာလည်းဆင်တူပြန်သည်။ ပြီးတော့
သူ့အပြုံးကမမအပြုံးနဲ့ဆင်သည်။ အရမ်းတွေ့ချင်
နေမိလို့ လျှောက်မြင်နေတာလားလို့ထင်မိပေမဲ့
ကိုယ့်စိတ်ကိုယ်ပြန်လိမ်ရလောက်တဲ့အထိတော့ သူမရူးသေးဘူးထင်တယ်။

ပြန်မထချင်လောက်အောင်ပင်ပန်းလာတာကြောင့်
Murasaki-sanရဲ့ပေါင်ပေါ်မှာတင်အိပ်ပျော်သွား
လေသည်။ အိမ်မက်ထဲမှတော့ မမကသူ့ကိုပြုံးပြနေပြီး တွေ့အောင်ရှာလို့ပြောကာစိန်ခေါ်နေပြန်သည်တဲ့။ စိတ်မပူပါနဲ့စိန်ခေါ်ရင်တိမ်ပေါ်ထိလိုက်တက်တဲ့
လူမို့လို့။

By following the heartWhere stories live. Discover now