အေးလှတဲ့ရေစက်တွေကြောင့်အတာမျက်လုံးဖွင့်ကြည့်လိုက်တော့သူ့ကိုမြုပ်နေအောင်အုပ်မိုးပြီးကြည့်နေတဲ့အရိပ်
"ဟို အင်းကျီသွားဝတ်လေအအေးပတ်မယ်"
"နောက်လည်းပြန်ချွတ်ရမှာပဲဟာဝတ်မနေဘူး"
"ဟို ကျွန်တော်အလုပ်သွားရဦးမှာ"
" အလုပ်ကဘာသွားလုပ်တော့မှာလည်းမသွားနဲ့ကိုယ့်သူငယ်ချင်းကိုကလေးမလာတော့မယ့်အကြောင်းပြောပြီးပြီ""ဒါ ဒါပေမယ့် အွတ် အု အွင့်"
အောင်နားမထောင်တော့ပဲအတင်းနမ်းလာတာကြောင့်အတာအသက်ရှူကြပ်သွားရသည်။"အင့် ဟင်း..." အတာအသက်ရှူတွေပါကျပ်လာပြီဖြစ်သည်။ရင်ဘက်တွေကိုထုရိုက်မှသာလွတ်ပေးတော့သည်။
"ကိုယ်နဲ့တူတူနေမယ်မလားဟင်ကလေး ကိုယ်မင်းအတွက်အားလုံးဖြည့်စည်းပေးနိုင်တယ်ကျောင်းလည်းတက်လို့ရတယ်သူငယ်ချင်းတွေနဲ့လည်းပျော်ပျော်နေတစ်ခုပဲ ကိုယ့်နားကထွက်သွားလို့မရဘူးကိုယ့်ကိုသစ္စာဖေါက်လို့မရဘူး"
"ဒါဆို အရိပ်ကရောဟင် ကျွန်တော်တစ်ယောက်တည်းကိုပဲဘေးမှာထားမှာလား"
ကောင်လေးမေးခွန်းကြောင့်အရိပ်ပြုံးမိသည်ဘေးမှာထားချင်လို့မှမရမကခေါ်ထားပါတယ်ဆိုမှဘယ်ကိုပို့ရလည်းအရိပ်စိတ်ထဲမှာပဲထားလိုက်တယ်ဒါတွေကကလေးမသိလည်းဖြစ်တယ်နေရိပ်ရောင်ဘဝမှာကလေးပဲရှိတယ်ဆိုတာအချိန်ကသက်သေပြသွားမှာပါ။
"ကလေးလည်းခုဆိုတစ်ယောက်တည်းကိုယ်ကလည်းအရင်ကတည်းကတစ်ယောက်တည်းပဲကလေးသာကိုယ့်အနားမှာနေပေးကိုယ်ကသစ္စာရှိပေးမှာ"
"ဟုတ် "
အတာဘာဆက်ပြောရမှန်းမသိပါဒီလူနဲ့ရေစက်ပါလာလို့ဒီခြေနေထိရောက်လာပြီပြီးတော့ဒီလူနဲ့ဆိုသူပျော်ရွှင်နိုင်မယ်လို့စိတ်ထဲကသိနေပါသည်။အရိပ်သူ့အောက်ကနေပြီးဘာစကားမှမပြောတော့ပဲမျက်လုံးဝိုင်းလေးတွေနဲ့ကြည့်နေတဲ့ကလေးကိုပြုံးကာကြည့်နေရင်မျက်တစ်လုံးအနမ်းမိုးတွေရွာနေမိသည်။လက်ကလည်းအငြိမ်မနေပဲပန်းရောင်ပွင့်ချပ်လေးတွေကိုကလိပေးနေလိုက်တယ်။
