03

12.9K 1.5K 84
                                    

[  Zawgyi  ]
  
ဒီနေ့ မိုးရွာနေတယ်။အပြင်မှာ သည်းသည်းမဲမဲပဲ။ လေပြင်းကလဲ တိုက်ခက်နေပြီး တစ်ခါတလေ မိုးတွေလဲ ခြိမ်းတယ်။ပြူတင်းပေါက်ကနေအပြင်ဘက်ကိုလှမ်းကြည့်နေလိုက်တယ်။ပြူတင်းပေါက်တော့ မဖွင့်ရဲဘူး။ မိုးရေတွေပက်မှာဆိုးတယ်။

ဒီနေ့ ကျောင်းသွားရဦးမှာ။ မနက်ကျောင်းသွားချိန်ရောက်နေပေမဲ့ ရာသီဥတုကအုံ့ဆိုင်းနေပြီးညနေပိုင်းလို့တောင်ထင်ရတယ်။

ရှောင်းကျန့်သက်ပြင်းချလိုက်ပြီး စားပွဲပေါ်က လွယ်အိတ်လေးကိုလွယ်လိုက်တယ်။အခန်းထဲကတော့မထွက်သေးဘဲ ခုတင်ပေါ်မှာ ထိုင်နေလိုက်တယ်။

ကျောင်းနဲ့ အဆောင်ကနီးပေမဲ့ အခုလိုအခြေအနေမှာသွားဖို့က တော်တော်လေးခက်ခဲတယ်။ ထီးနဲ့ သွားရင်လဲ လေထဲလွင့်သွားမှာပဲ။

ရုတ်တရက် လက်ထဲက ဖုန်းလေးက မီးလင်းလာတယ်။ ဘယ်သူလဲ ဆိုတာ မကြည့်ဘဲနဲ့တောင်ရှောင်းကျန့်သိတယ်။ screen ပေါ်မှာ အချစ်ဆိုတဲ့စာလုံးလေးပေါ်နေပြီး နောက်မှာတော့ အသဲပုံ အီမိုဂျီလေးက ပါနေသေးတယ်။

ဒီနာမည်က သူမှတ်ထားတာမဟုတ်ဘူး။ ဝမ်ရိပေါ်မှတ်ထားတာဖြစ်တယ်။ချစ်သူစဖြစ်တဲ့နေ့မှာပဲ ဝမ်ရိပေါ်က သူ့ရဲ့ ဖုန်းကိုယူပြီး Contacts ထဲမှာ ထည့်ပေးသွားတာ။အဲ့ဒီအချိန်တုန်းက သူ့မှာရှက်လွန်းလို့ ငိုချင်စိတ်တောင်ပေါက်ခဲ့ရတယ်။

ဓားနဲ့ ခြိမ်းခြောက်ပြီး အဖြေတောင်းသွားတဲ့အပြင်အချစ်ဆိုပြီး ဖုန်းနံပါတ်ကိုမှတ်စေပြန်တယ်။ ဝမ်ရိပေါ်က တအားဆိုးတယ်။

"ရိပေါ်"

"ကျောင်းမသွားဘူးလား Bae"

"သွားမှာ ၊ မသွားရင် စာတွေလွတ်ကုန်လိမ့်မယ်"

"ကျစ်!! ဒီလောက်တောင်မိုးတွေရွာနေတာကိုသွားဦးမလို့လား!!"

ဝမ်ရိပေါ် က တစ်ဖက်ကအော်ပြောတယ်။သူဖုန်းကို နားကနေတောင်ခွာလိုက်ရတဲ့အထိပဲ။

"စာလွတ်သွားမှာငါကြောက်တယ်"

"မိုးမိလို့ဖျားမှာကိုတော့ မကြောက်ဘူးပေါ့ ဟုတ်လား ရှောင်းကျန့်!"

Bae ~Where stories live. Discover now