အခန်း၄

2.8K 293 3
                                    

ကျွန်တော်တောင်မသိလိုက်ခင်မှာ ကျွန်တော့်နှလုံးသားက ဆရာ့ကိုချစ်မိနေပြီ။

အမေရင်းဖြစ်သူဆီကနေတောင် မလိုချင်ခဲ့တဲ့ ဂရုစိုက်မှုတွေ နှစ်သိမ့်မှုတွေ ချစ်ခြင်းမေတ္တာတွေကို ဆရာ့နားကလိုချင်တောင်းတမိတယ်။

ဆရာပေးရင် နာကျင်မှုတွေတောင်တန်ဖိုးထားမိမယ်ထင်တယ်။

ဆရာက တခြားလူတွေလိုမဟုတ်ဘူး။

တခြားဆရာတွေက စာတော်ရင် အရေးပေးတယ်။ ကျောင်းရဲ့ဂုဏ်အတွက်ဆိုပြီး သူတို့ကနမည်ကောင်းယူကြတယ်။ သူငယ်ချင်းတွေကအစ..
မသိတာရှိရင် လာမေးတယ် မလိုရင်မခေါ်ဘူး။ စာမေးပွဲအထိ စာတွေပြောပြလို့ ကပ်ဖားနေတဲ့ ဖားကောင်တွေကြီးပဲ။

လူတိုင်းကိုတန်းတူဆက်ဆံတဲ့ ဆရာ့ဆီက ဂရုစိုက်မှု အလေးပေးမှုတွေ ကျွန်တော် တစ်ယောက်ထဲ ရခွင့်ရှိမလား....ဆရာ....။: )

V တယောက် diary စာအုပ်ထဲ ခံစားချက်များချရေးနေမိသည်။ ညက ၂နာရီထိုးခါနီး....လမ်းကြားထဲ၌ မူးရူးကာအော်ဟစ်နေသည့် အမူးသမားများထဲ အဖေဖြစ်သူပါပါနေသည်။

စိတ်ကူးယဥ်ပုံဖော်ထားတဲ့ အတွေးလေးက အော်သံများကြောင့် ပျောက်သွားသည်။

"ကျစ်...ကွာ....
သေမသေနိုင်ဘူး....အဖေကလွဲလို့"

ပါးစပ်က ပွစိပွစိ ပြောရင်း ခေါင်းအုံးနှင့်ခေါင်းကိုဖိကာ အိပ်ပျော်ရန်ကြိုးစားလိုက်သည်။

မနက်ဖြန်...ဆရာ့ကို လွမ်းရဦးမယ်။

*****

"သားရေ....ထယ်လေး"

"ကျစ် ခေါ်ပြန်ပြီ အဲ့နမည်"

"အဲ့တာသားနမည်ပဲလေကွယ်...ဒီနေ့အမေ့အစား ဆိုင်သွား ပေးပါလား အမေ ဆေးခန်းပြချင်လို့"

"တယော​က်ထဲရလို့လား ဒီနေ့ခွင့်တိုင်လိုက်။သားပါလိုက်မယ်"

"သားရယ် တနေ့လုပ်မှ တနေ့စားရတဲ့ဘဝမှာ မနက်ဖြန်အတွက် ဘာစားရမလဲပဲ ပူစမ်းပါ ။ အမေ့ကို မပူနဲ့"

"ကျစ်....ကျောင်းလဲ မြန်မြန်ပြီးမှပဲ"

"သားကတော့ ကျောင်းတက်မှ ရမယ် ။ ပညာမတတ်ရင် သား ဒီနွံထဲက ရုန်းနိုင်မှာမဟုတ်ဘူး"

𝐸𝐺𝑂 ( C͙o͙m͙pl͙e͙t͙e͙)Where stories live. Discover now