{၃၉}U/Z

67.1K 8.9K 2.8K
                                    

UNICODE

ကျောင်းဆောင်၏မြေညီထပ်စင်္ကြံ တလျှောက်တွင် ရယ်မောသံများ၊ စကားပြောသံများဖြင့် ပြည့်နှက်နေသည်။
တချို့ကျောင်းသားများက အုတ်လက်ရန်းအကာ
တွင် တက်ထိုင်နေကာ စင်္ကြံကို လူသွားဖို့ရန်နေရာအလွတ်ထားပေးနေသည့်အလား။ တချို့ အတွဲတွေကလည်းလက်ရန်းကို မှီကာ စကားတပြောပြောဖြင့်။ဤသည်ကား တက္ကသိုလ်ကျောင်းဘဝ၏ နိစ္စဓူဝ ပြယုဂ်ကလေး။

"ကိုနွေဦးနဲ့ကိုစောနရီ ကန်တင်းသွားမို့လား။ ကိုဇေရဲကော။"

အုတ်ဘောင်ပေါ်ထိုင်နေသည့်ကျောင်းသားတစ်ဦးက သူ့ထက် အတန်းကြီးသည့်နွေဦးမောင်နှင့်စောနရီတို့နှစ်ဦးသား ရှေ့၌ဖြတ်သွားစဉ် နှုတ်ဆက်၏။

"မဟုတ်ဘူး အဆောင်ပြန်မို့။ ဇေရဲက ဒီနေ့အတန်းလစ်တယ်။"

"ဟာ ရည်းစားရနေပြီလားမသိဘူးဗျာ။ "

ထိုကောင်လေးကရယ်ရယ်မောမောပြောတော့ နွေဦးမောင်က ပြုံးရင်း
"ဖြစ်နိုင်တယ်"

"နို့.. ကိုနွေဦး ဘယ်နေ့အားလဲ။ ကျွန်တော် မဟာတန်းအတွက် မေးစရာလေးရှိလို့"

"အင်း ဒီနေ့ညနေတော့ အစ်ကိုသွားစရာရှိလို့။ ညဘက်အားရင် အဆောင်လာခဲ့ကွာ။ အစ်ကိုရှိတယ်"

သွားစရာဟူသည်မှာထွေထွေထူးထူးတော့မဟုတ်ချေ။ နရီနှင့် ကန်ဘောင်ပတ်မည်။ သို့တည်းမဟုတ် လိုင်းကားစီးပြီးရန်ကုန်ရဲ့ တစ်နေရာရာကိုခြေဆန့်မည်ပေါ့။ အတန်းလစ်ပြီး ချိန်းတွေ့ကြမဲ့ အတွဲတွေလို... အင်း ... အတွဲပဲကို။ နှစ်ဦးသားချိန်းတွေ့တာ မဆန်းပေါင်။ မနေ့ညကတောင် နမ်းမိသေးတာပဲ။
ချစ်သူရည်းစားလို...
ရည်ရွယ်ပြီးနမ်းလိုက်တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့လည်း နမ်းချင်ပါတယ်။နမ်းမိပြီးမှ ထပ်နမ်းချင်သွားတာမျိုး။မနမ်းမိခင်ကလည်း နမ်းချင်တဲ့စိတ်ကလေးတော့ရှိပါသည်။ အဲ့လောက် မမြန်မိဘူးထင်ခဲ့တာ။
ထိုကိစ္စကိုပြန်တွေးမိတော့ ရှိုးတိုးရှန့်တန့်ဖြစ်သွားတဲ့ နရီ့ပုံရိပ်က စွဲလို့မြဲလို့။

ထိုကျောင်းသားကိုနှုတ်ဆက်ပြီး စင်္ကြံအဆုံးထိလျှောက်လာကြသည်။
အဆင်းလှေကားအထိ စောနရီကနွေဦးမောင်မေးသမျှကို မထုံတတ်သေးဖြေနေဆဲ...
"ကဲ ရွေး၊ ကန်ဘောင်လား၊ တခြားနေရာလား။"

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now