" ခုံနံပါတ် ၃၀ ကျောင်းပျက်ရက်တွေ များနေတယ်... ဒီနေ့ကော လာသလား ''
အတန်းပိုင်ဆရာမက roll-call ခေါ်ချိန်ဖြစ်သည် ။ ဒီနေ့လည်း လိုတ ကျောင်းပျက်ပြန်ပြီ ။ ပိုင်ရှင်က ထူးသံမကြားရသည့် အသံပိုင်ရှင်၏ နေရာသို့ လှည့်ကြည့်လိုက်သည် ။ လိုတ ထိုင်နေကျ နေရာသည် လစ်လပ်နေခဲ့သည် ။ ဒီနေ့ဆို ကျောင်းမတက်သည်မှာ သုံးရက်ပင်ရှိချေပြီ ။ အတန်းဆင်းတော့ ပိုင်ရှင်နှင့်အတူထိုင်သည့် သူငယ်ချင်းနှင့် ကန်တင်းသို့ ထွက်လာခဲ့ကြသည် ။
" ပိုင်ရှင် လိုတ ဘာလို့ ကျောင်းမလာတာလဲ ''
သူနှင့် တစ်ခန်းတည်းနေ၍ သူ့အား မေးလာသည် ။ သို့သော် အဖြေမရှိ ။ ခေါင်းလေးသာ အသာယမ်းပြပြီး မျက်နှာမဲ့ပြလိုက်သည် ။ ကန်ဘောင်တွင် လူပြည့်နေသည် ။
" နင် နဲ့ လိုတ အကြောင်းကရော ဘယ်လိုလဲ... မင်းတို့ တကယ်တွဲနေကြတာတော့ မဟုတ်ဘူးမလား ''
" ဘယ်ကလာ..... ''
ပိုင်ရှင် အမှန်အတိုင်းပင် ဖြေလိုက်သည် ။ ကန်တင်းရောက်တော့ မှာပေးနေကျ လိုတတော့ မရှိ ။ ထမင်းသုတ်ကို ကြက်ဥကြော်မကျက်တကျက် နှင့် ကိုယ့်ဖာသာ မှာလိုက်ရင်း ကန်ဘောင်ဘေးရှိ စားပွဲတွင် နေရာယူလိုက်သည် ။
" လိုတ မင်းကို ချစ်နေတယ်လို့ ခံစားရလား ''
အရင်လို ရေနွေးချမ်း အရေးခံထားပေးမည့်သူမရှိ ။ မွန်မြတ်ဝေ ၏ အမေးကို သူ ဘယ်လို ပြန်ဖြေရမည်နည်း.။ တစ်နေရာရာကို စိုက်ကြည့်နေသည်လည်း မဟုတ် သူ့မျက်လုံးထဲတွင် မြင်နေရသည် ဟူ၍မရှိဘဲ မွန်မြတ်၏ အဖြေကို ဖြေရန် စဥ်းစားနေသည် ။
" လိုတလား........''
ဟင်းးးးးဆိုသည့် သက်ပြင်းရှည်ကြီးကို ချလိုက်ရင်း ။
" ငါ ပထမနှစ်ကတည်းက စောင့်ကြည့်နေတာ သူက နင့်အပေါ် တော်တော် ဂရုစိုက်တယ် ... ေကာင်းပေးတယ် ... ဒါပေမယ့် ငါ နင်တို့နှစ်ယောက်ကြား ဘာမှ ဝင်မပြောလိုလို့... ခုတော့ ဘာဖြစ်ကြတာတုန်း နှစ်ယောက်လုံးက ''
" ကာယကံရှင် ကိုယ်တိုင်လည်း ဘာဖြစ်မှန်းကို မသိတော့ဘူး... ''
YOU ARE READING
Love Is Rainbow
General Fictionခင်ဗျားတို့ပြောသလို အချစ်က မျက်စိမပါဘူး ။ ချစ်နေဖို့ရာ ယောကျားမိန်းမ ဆိုတာမျိုး မရှိဘူး ။ လူသားနှစ်ယောက်နဲ့ မေတ္တာပဲလိုတယ်ဆို ကျွန်တော် သူ့ကို ချစ်ချင်တယ် ။ .... MUFL Tomboy and Tranwoman and girl Tomgay \ lesbian 11.8.2021 31.82021 #crdpic