နွေရာသီရဲ့ ​ရေခဲမုန့်​အရသာ (နှရောသီရဲ့ ရခေဲမုနျ့အရသာ)

32 6 0
                                    


လှပတဲ့​နွေဦးတစ်​ခု..​ကျောင်း​ခေါင်း​လောင်းမြည်​သံအဆုံးမှာ မြူးတူးစွာ ​ရှေ့ဆုံးက​ပြေးထွက်​လာပြီး​ကျောင်း​ပေါက်​ဝမှာ ရပ်​တန့်​သွားတဲ့​ကောင်​မ​လေးတစ်​​ယောက်​။
မျက်​လုံး​တွေက ​တစ်​စုံတစ်​​ယောက်​ကို ရှာ​နေခဲ့တယ်​။ စူးစမ်း​နေတဲ့ အညို​ရောင်​မျက်​ဝန်း​လေးတစ်​စုံဟာ
ကျောင်းမုခ်​ဝရဲ့ အ​ရှေ့ဘက်​၊​မေဗယ်​အပင်​တန်း​တွေရဲ့ ​အောက်​က
ခုံတန်း​လေးမှာ ​စောင့်​​နေတဲ့​ကောင်​​လေးဆီမှာ အဆုံးသတ်​သွားတယ်​။
ခုံတန်း​လေးက​ကောင်​​လေးဆီ​ပြေးထွက်​သွားတဲ့​ကောင်​မ​လေးရဲ့ အပြုံး​တွေဟာ​နွေဦးရဲ့ ရနံ့​တွေနဲ့အတူ
လတ်​ဆတ်​​နေခဲ့တယ်​။

ကောင်​မ​လေးကို​အ​ပြုံးတစ်​ခုနဲ့​စောင့်​ကြို​နေခဲ့တဲ့ ​​ကောင်​​လေးဟာလည်း ​နွေဦးရဲ့ ​နေ​ရောင်​ခြည်​လိုပဲ အရမ်း​နွေး​ထွေး​နေတယ်​။
ကစားကွင်းသွားရ​အောင်​။ကောင်​မ​လေးက ​ပြောတယ်​။က​လေးက​လားနဲ့လို့ ပြန်​​ပြော​နေတဲ့ ​ကောင်​​လေးရဲ့​ခြေလှမ်း​တွေက​တော့ ကစားကွင်းဘက်​ကို
ဦးတည်​​နေခဲ့ပြီ။ 

အ​ရှေ့ကထွက်​သွားတဲ့​ကောင်​​လေးရဲ့လက်​ကို
နောက်​က​ပြေးဆွဲပြီး လက်​​မောင်း​ကိုဖက်​တွယ်​ထားတဲ့ ​ကောင်​မ​လေးဟာ မျက်​လုံး​တွေမှိတ်​ကျသွားတဲ့အထိ ​ရယ်​​နေခဲ့တယ်​။
ကောင်​မ​လေး
ကိုကြည့်​ပြီး ပြုံးရုံ​လေးပြုံး​နေခဲ့တဲ့ ​ကောင်​​လေးမျက်​ဝန်းမှာ အလိုလိုက်​မှုနဲ့ ကြင်​နာ​နွေး​ထွေးမှု​တွေအပြည့်​ရှိ​နေတာကို ပုံ​ဖော်​လို့ရ​နေတယ်​။

ဒီ​နေ့ရဲ့​နေ​ရောင်​ခြည်​ဟာ အရင်​​နေ့​တွေထက်​ ပို​နွေး​ထွေး​နေတယ်​။ ​​​​ကစားကွင်းကလဲ အရင်​​နေ့​တွေထက်​ပိုစည်​ကား​နေတယ်​။
ရေခဲမုန့်​ဆိုင်​မှာဖွင့်​ထားတဲ့ ပီယာနိုသံတိုးတိုး​လေးကလဲ အရင်​​နေ့​တွေကထက်​ပိုနား​ထောင်​လို့​ကောင်း​နေ​ပြန်​တယ်​။ မျက်​နှာချင်းဆိုင်​က ​ရေခဲမုန့်​ flavor​ရွေး​နေတဲ့ ​ကောင်​​လေးက​တော့ အားလုံးနဲ့ဆန့်​ကျင်​ဘက်
တိတ်​ဆိတ်​​နေခဲ့တယ်​။

You've reached the end of published parts.

⏰ Last updated: Aug 29, 2021 ⏰

Add this story to your Library to get notified about new parts!

The Melody of SpringWhere stories live. Discover now