Intro

573 24 36
                                    

ဒီလို က်င့္ႀကံျခင္းေလာကမွာ လူတခ်ိဳ႕က ကလဲ့စားေခ်ဖို႔ က်င့္ႀကံတယ္ ၊ တခ်ိဳ႕က ေသရမွာေၾကာက္လို႔ က်င့္ႀကံတယ္ ၊ အာဏာအတြက္ က်င့္ႀကံတယ္ ၊ လူေတြကို ကယ္တင္ဖို႔ က်င့္ႀကံတယ္ ၊

" ရန္အာ... ဆရာ မင္းကိုေမးမယ္ .. မင္းရဲ့ က်င့္ႀကံမႈက ဘာအတြက္လဲ ..."

ေလာ့ပင္းရန္ က သူမနဲ႔ နီးကပ္စြာရိွေနေသာ္လည္း ‌လက္လွမ္းမမွီႏိုင္ေအာင္ ေဝးကြာသည္ဟု ထင္ရသၫ့္ ေက်ာျပင္အား အသာၾကၫ့္ၿပီး အေဝးတစ္ေနရာသို႔ ေငးၾကၫ့္လိုက္သည္ ။ သူမရဲ့ အၾကၫ့္က မိုးကုတ္စက္ဝိုင္းအထိ ျဖတ္ေက်ာ္သြားသည္ဟုပင္ ထင္မွတ္ရေလသည္ ။

" ဆရာ့ကို ကာကြယ္ဖို႔ အတြက္ပါ " အေျဖသိၿပီးသား ေမးခြန္းအား ထပ္ကာထပ္ကာ ေမးေနခဲ့သၫ့္လူအတြက္ သူမသည္ ဒီအေျဖကိုသာ ထပ္ကာထပ္ကာ ေျဖေနခဲ့သည္ ။

အတန္ၾကာ တိတ္ဆိတ္သြားၿပီးေနာက္ ေခါင္းခါကာ ခပ္ဖြဖြ ၿပံဳးလိုက္ေသာ္လည္း ဘာမွဆက္မေျပာခဲ့သျဖင့္ ေလာ့ပင္းရန္ သည္ မ်က္ႏွာေသျဖင့္သာ ဆက္ရပ္ေနခဲ့သည္ ။ ခနအၾကာတြင္ ေလတစ္ခ်က္ေဝ႔ွသြားကာ သူမေရ႔ွက ျဖဴလြလြ ပံုရိပ္သည္လည္း ေပ်ာက္ကြယ္ခဲ့သည္ ။

" မင္းက ဒီဆရာကို ကာကြယ္ေပးခဲ့ၿပီးပါၿပီ " ခ်န္ရစ္ထားခဲ့သၫ့္ ညင္သာသၫ့္ အသံေၾကာင့္ ေလာ့ပင္းရန္ ၏ ႏူတ္ခမ္းေလးသည္ လွပစြာ တြန႔္ေကြးသြားခဲ့သျဖင့္ သူမရဲ့ အလွအပကို ‌ပိုေပၚလြင္သြားေစခဲ့သည္ ။ သူမက အသံထြက္လာရာ ဘက္သို႔ လက္ႏွစ္ဖက္ကို ယွက္လ်က္ အရိုအေသေပးလိုက္ၿပီး

" ဆရာ့ကို ႏူတ္ဆက္ပါတယ္ "

_____________________________
Unicode

ဒီလို ကျင့်ကြံခြင်းလောကမှာ လူတချို့က ကလဲ့စားချေဖို့ ကျင့်ကြံတယ် ၊ တချို့က သေရမှာကြောက်လို့ ကျင့်ကြံတယ် ၊ အာဏာအတွက် ကျင့်ကြံတယ် ၊ လူတွေကို ကယ်တင်ဖို့ ကျင့်ကြံတယ် ၊

" ရန်အာ... ဆရာ မင်းကိုမေးမယ် .. မင်းရဲ့ ကျင့်ကြံမှုက ဘာအတွက်လဲ ..."

လော့ပင်းရန် က သူမနဲ့ နီးကပ်စွာရှိနေသော်လည်း ‌လက်လှမ်းမမှီနိုင်အောင် ဝေးကွာသည်ဟု ထင်ရသည့် ကျောပြင်အား အသာကြည့်ပြီး အဝေးတစ်နေရာသို့ ငေးကြည့်လိုက်သည် ။ သူမရဲ့ အကြည့်က မိုးကုတ်စက်ဝိုင်းအထိ ဖြတ်ကျော်သွားသည်ဟုပင် ထင်မှတ်ရလေသည် ။

" ဆရာ့ကို ကာကွယ်ဖို့ အတွက်ပါ " အဖြေသိပြီးသား မေးခွန်းအား ထပ်ကာထပ်ကာ မေးနေခဲ့သည့်လူအတွက် သူမသည် ဒီအဖြေကိုသာ ထပ်ကာထပ်ကာ ဖြေနေခဲ့သည် ။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါကာ ခပ်ဖွဖွ ပြုံးလိုက်သော်လည်း ဘာမှဆက်မပြောခဲ့သဖြင့် လော့ပင်းရန် သည် မျက်နှာသေဖြင့်သာ ဆက်ရပ်နေခဲ့သည် ။ ခနအကြာတွင် လေတစ်ချက်ဝှေ့သွားကာ သူမရှေ့က ဖြူလွလွ ပုံရိပ်သည်လည်း ပျောက်ကွယ်ခဲ့သည် ။

" မင်းက ဒီဆရာကို ကာကွယ်ပေးခဲ့ပြီးပါပြီ " ချန်ရစ်ထားခဲ့သည့် ညင်သာသည့် အသံကြောင့် လော့ပင်းရန် ၏ နူတ်ခမ်းလေးသည် လှပစွာ တွန့်ကွေးသွားခဲ့သဖြင့် သူမရဲ့ အလှအပကို ‌ပိုပေါ်လွင်သွားစေခဲ့သည် ။ သူမက အသံထွက်လာရာ ဘက်သို့ လက်နှစ်ဖက်ကို ယှက်လျက် အရိုအသေပေးလိုက်ပြီး

" ဆရာ့ကို နူတ်ဆက်ပါတယ် "

_____________________________

ထာဝရသို႔ ေလ်ွာက္ေသာလမ္းWhere stories live. Discover now