Chapter - 1

221 25 11
                                    

ဝူယွင်‌တောင်အထက်တွင် အဖြူရောင်တိမ်‌တိုက်များသည် အပြာရောင်ကောင်းကင်ကြီးထက်တွင်အေးချမ်းစွာ တည်ရှိနေခဲ့သည်။ တောင်ထိပ်ရှိကွင်းပြင်ကျယ်တွင် ဝတ်စုံမျိုးစုံနဲ့ လူများသည် ဂိုဏ်းပေါင်းစုံကို ကိုယ်စားပြုလျက် အသီးသီးထိုင်နေကြသည် ။ လေထုသည် သက်သာမလိုလိုနဲ့ အေးစက်နေခဲ့သည် ။ လူအများ၏အာရုံသည် တောင်အောက်ရှိအလင်းအကာအကွယ်တွင်သာရှိနေခဲ့သည် ။

ထိုအလင်းအကာအကွယ်အား အရင်ဦးစွာဖြတ်ကျော်လာသည့်မည်သူမဆို ဤကွင်းပြင်တွင်ရှိနေသည့် အကြီးအကဲများ၏ အာရုံကိုရရှိမည်ဖြစ်ကာ သဘောကျနှစ်ခြိုက်ခြင်းကို ခံရပေမည် ။ ကံကောင်းပါက ဂိုဏ်းတစ်ချို့၏ရွေးချယ်မှုကိုပင် ခံရနိုင်သည် ။ အကြောင်းမှာ ဤအခမ်းအနားသည် ကျင့်ကြံခြင်းဂိုဏ်းများ၏ ဆယ်နှစ်တကြိမ်ကျင်းပသည့် လူရွေးချယ်ပွဲဖြစ်ပေသည် ။

အလင်းအကာအကွယ်၏ တဖက်တွင် ရှည်လျားသည့်လှေကားထစ်များရှိနေပြီး ယှဉ်ပြိုင်သူသည် လှေကားမှတဆင့် အလင်းအကာအကွယ်က်ု ဖြတ်ကျော်လာရုံသာ ။ သို့သော် ကျင့်ကြဲခြင်းဂိုဏ်များ၏ စမ်းသပ်မှုသည် ဤမျှမလွယ်ကူချေ ။ လှေကားတွင် အစီအရင်များရှိနေကာ တစ်ဆင့်စီတိုင်းတွင် ဖိအားနှစ်ဆ မြေဆွဲအား သုံးဆ ကို ဖြစ်ပေါ်စေသည် ။

တချိန်တည်းမှာပင် သူတို့၏ပင်ကိုယ် ဝိညာဉ်စွမ်းရည်ပေါ်မှုတည်ကာ ဆန့်ကျင်ဘက် သက်ရောက်မှုကိုလည်း ဖြစ်ပေါ်စေသည် ။ ယှဉ်ပြိုင်သူသည် ရေခဲစွမ်းရည်ကို ပိုင်ဆိုင်ထားပါက ပူပြင်းသည့် ဒဏ်ကိုခံစားရမည်ဖြစ်သည် ။ အဓိကအချက်မှာ ကောင်းမွန်သည့် ဝိညာဉ်စွမ်းရည်မရှိသူသည် ဒီပြိုင်ပွဲတွင် အနိုင်ရဖို့ မဖြစ်နိုင်ချေ ။ နိုင်ခဲ့လျင်တောင် ဂိုဏ်းများက ခန္ဓာကိုယ်လေ့ကျင့်သည့်ပညာရှင်များကို ပျိုးထောင်ပေးမည်မဟုတ်ပေ ။ အကြောင်းမှာ ထိုသူများသည် အဆင့်တက်နူန်း အလွန်နှေးပြီး တစ်ခုတက်ဖို့ အရင်းအမြစ်များစွာအသုံးပြုရသောကြောင့်ပင် ။

ထိုအချိန်တွင် အလင်းအကာအကွယ်သည် လှုပ်ရှားလာကာ လေထုသည် ပြိုင်ဆိုင်သည့်အငွေ့အသက်ဖြစ်ပေါ်လာသည် ။
အလင်းအကာအကွယ်၏ ရှေ့တွင်ငွေရောင်အလင်းတစ်ချက်လက်သွားခဲ့ကာ သေးငယ်သည့်ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။ နဖူးထက်တွင် အနီရောင်အလင်းတစ်ခုရှိနေကာ ဖီးနစ်အော်သံသဲ့သဲ့ကို ထုတ်ဖော်နေသည်။ ဝိညာဉ်စွမ်းရည်ကို တိုင်းတာသည့် နဘေးရှိ ကြည်လင်သည့်ကျောက်တိုင်သည် အနီရောင်အလင်းများဝေ့ဝဲသွားကာ တိုင်၏ ထိပ်ဆုံးရောက်လုနီးပါးအထိ မြင့်တက်သွားခဲ့သည် ။

ထာဝရသို့ လျှောက်သောလမ်းWhere stories live. Discover now