🍂Ep-30🍂

10.6K 957 184
                                    

Unicode ✅

-My Omega is sugar baby-

မျက်မှန်ကြီးတပ်ပြီး စာအုပ်တွေစစ်နေတဲ့ သူ့၏အမျိုးသား အမောင်ကျောင်းဆရာကိုကြည့်ပြီး ဇာတ်ကျောတွေတောင်တက်ချင်လာသလို။ စာအုပ်တွေအား အသေအချာကြည့်ပြီးစစ်နေတဲ့ သူ့အမျိုးသားသည် ကျောင်းသားတိုင်း ကြောက်ရသည့်ဆရာတယောက်မဟုတ်လား။

သူသက်ပြင်းတချက်ချရင်း နာရီကိုကြည့်လိုက်တော့ မနက်၉နာရီသာရှိသေးသည်။ ဒီနေ့က နှစ်ယောက်လုံးပိတ်ရက်ဖြစ်တာမို့ နှစ်ယောက်အတူတူအိမ်မှာရှိနေခြင်းပင်။ သူကတော့ ကုမ္ပဏီအလုပ်တွေ ဖွင့်ရက်ထဲကအပြီးဖျက်ခဲ့တာမို့ နားရက်မှာဘာမှလုပ်စရာမရှိပေ။ သို့သော်သူ့၏ခင်ပွန်းကတော့ အလုပ်တွေပိတ်ရက်ထိသယ်လာတာမို့ သိပ်တော့ဘ၀မကျချင်။ ပိတ်ရက်တောင်အတူတူအချိန်မဖြုန်းရပါလား။

"ဒါလင်"

"ဗျား"

သူခေါ်တော့ ထူးလာပေမယ့်လည်း မျက်လုံးတွေကတော့ လက်ထဲကစာအုပ်တွေဆီသာ အကြည့်ရောက်နေတာမို့ သူ့မျက်မှောင်ကြုတ်မိပါရဲ့။

"ဒါလင်"

"ပြောလေ ဟန်နီ"

ဒီတခါလည်း သူ့၏မျက်နှာကိုလှည့်မကြည့်ပဲ လက်ထဲက စာအုပ်ကိုသာ အာရုံစိုက်နေပြန်ပါသည်။ သူလည်းစိတ်တိုတိုနှင့် လက်ထဲက remote ကိုပြစ်ချကာ ဒါလင်ရှိရာကိုသွားလိုက်သည်။ ပြီးတာနှင့် စာအုပ်တွေအားစစ်နေတဲ့ ဒါလင်ပေါင်ပေါ်အားခွရက်ကလေး တက်ထိုင်လိုက်တော့ သူ့အားကြောင်တောင်"လေး ကြည့်လာပြန်ပါရော။

အဲ့လူကြီးကသိပ်ရိုးတာပဲ။

"အဲ့အလုပ်တွေထားလိုက်တော့"

သူ့ပြောတာကို ဒါလင်ကတချက်ပြုံးပြီး သူ့နှုတ်ခမ်းကိုတချက်နမ်းကာ စာအုပ်တွေအားထပ်စစ်နေပြန်ပါသည်။

"ဒါလင်လို့"

"ထားလို့မရဘူးလေဟန်နီရဲ့၊ စာမေးပွဲတွေနီးနေပြီ"

"မသိဘူးဗျား မစစ်နဲ့တော့"

"မဆိုးရဘူးလေ ကလေးလေးရဲ့"

သူ့ကိုနားလည်အောင်ချော့ပြောတိုင်း ကလေးလေးလို့ခေါ်တက်တာ ဒါလင့်ရဲ့အကျင့်ပဲ။ အခုလည်းသူ့အားချော့ပြောပြီး စစ်လက်စစာအုပ်တွေအစစ်မပျက်ပေ။ ဒီတိုင်းပြောရင်တော့ ရမယ့်ပုံမပေါ်။ အရမ်းကြီးပြောတော့လည်း ဒါလင့်အလုပ်အား နှောင့်ယှက်သလိုဖြစ်ဦးမည်။ ဒါကြောင့်မို့ ငြိမ်"လေးနေပေးဖို့သာ သူတက်နိုင်တော့သည်မဟုတ်လား။

 -𝖬𝗒 𝖮𝗆𝖾𝗀𝖺 𝖨𝗌 𝖲𝗎𝗀𝖺𝗋 𝖡𝖺𝖻𝗒- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now