{၄၀}U/Z

70.1K 8.5K 1.4K
                                    

Unicode

နွေဦးမောင် သူ့အမေကို အိမ်ပြန်လိုက်ပို့ချိန်တွင် ညတောင်ရောက်လုပြီ။
မေမေ မိတ်ဆက်ပေးသည့်မိသားစုနှင့်ထမင်းလက်စုံစားရချိန်တွင် ထမင်းမစားဘဲ ဒူပေဒဏ်ပေခံကာ ပေကပ်နေတတ်သော နရီ့ကိုပြေးသတိရမိသေးသည်။ အဲ့သည့်ကောင်လေးက စောင့်နေဟုပြောလျှင် တစ်ညလုံးငုတ်တုတ်ထိုင်စောင့်နေမည့်ကောင်လေး။သူ အဆောင်သိပ်ပြန်ချင်နေလေပြီ။
အိမ်ရှေ့သို့ကားရပ်ပြီးနောက်၊ ကားပေါ်ကမဆင်းရသေးခင်မှာပဲ မေမေ့လက်နွေးနွေးက သူ့လက်ခုံပေါ်ကျလာသည်။
"အဲ့အိမ်က သားကိုသိပ်သဘောကျနေတာပဲ။ ကလေးမလေးကလည်း သားကို ကြိုက်ပုံပဲ။ မေမေတို့ လူကြီးချင်းရက်ရွေးလိုက်ရတော့မလား"

နွေဦးမောင်သည် ထုံပေပေမျက်နှာပေးဖြင့် ဒေါ်ရင်ရင်လတ်ကို စောင်းငဲ့ကြည့်သည်။
"နရီ့ဇာတာကိုယူလာပေးရမလား"

"သားမောင်!! မေမေ သားကို သိပ်ချစ်လို့ အကုန်လုံးကို လိုက်လျောပေးထားတာနော်။ သားရန်ကုန်မှာကျောင်းတက်ချင်တယ်ဆိုလို့ မေမေ ခွင့်ပြုခဲ့တာပဲ။
မေမေ့ကို ဖိအားမပေးနဲ့။ မရဘူး။ သူနဲ့တော့လုံးဝမရဘူး။ မေမေတို့ကိုမငဲ့ဘူးလား သားမောင်ရယ်"

"အခု မေမေ ကြောက်နေတာကဘာလဲ"
နွေဦးမောင်၏လေသံသည် ထိန်းချုပ်ထားတာကြောင့် လေပြည်လိုငြိမ်သက်နေဆဲ။သူဆက်ပြောသည်။
"မျိုးဆက်မရမှာကိုလား။ ပတ်ဝန်းကျင်ရဲ့ အသံတွေကိုလား။ ဘာကိုလဲ။ ဘာကိုကြောက်နေတာလဲ"

"အကုန်လုံးပဲ၊ အကုန်လုံးပဲ။ သား ဒီမိန်းကလေးနဲ့လက်မထပ်ချင်ရင် မေမေထပ်ရှာပေးမယ်လေနော်"

ချော့တစ်ခါခြောက်တစ်လှည့်...

"ကျွန်တော် မေမေတို့ကိုကျောင်းပြီးလို့ အခြေ​ြငိမ်သွားရင်ပြောဖို့ ဆုံးဖြတ်ထားပြီးသားပါ။ မေမေတို့ စဉ်းစားလို့ရတယ်။ ကျွန်တော်မေမေ့ကို အသိပေးဖို့စီစဉ်ထားတယ်ဆိုကတည်းက မေမေ့ကိုချစ်လို့၊လေးစားလို့ပဲ။ ယုံလည်းယုံတာမို့။ ကျွန်တော့်ဘဝကို ပြောင်းပြန်လှန်ပစ်လို့ရတဲ့ဖေဖေ့ထက် ကျွန်တော့်ကိုအမြဲနားလည်ပေးတဲ့ မေမေ့ကို ကျွန်တော်အမြဲ လေးစားခဲ့တာမေမေ သိတယ်မလား။ ယုတ်ဆွ အဆုံး ကျွန်တော်အိမ်ပြန်လာတယ်ဆိုတာ မေမေရှိနေလို့ပဲ။ အဲ့ဒါကြောင့်မို့ သားရဲ့အခြေအနေကိုလည်း မေမေခေါင်းအေးအေးနဲ့စဉ်းစားပေးဖို့လိုတယ်မေမေရဲ့။နရီက အရမ်းကို ကောင်းတဲ့ကလေးပါ။မေမေသူနဲ့သေချာမတွေ့ကြည့်ရသေးလို့။"

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now