part - 4

3.6K 535 56
                                    

UNICODE

ရေချိုးပြီးထွက်လာသော စာရေးဆရာလေးသည်
ခေါင်းလျှော်ထားတာကြောင့် ရေစက်လက်ဖြစ်နေတဲ့
ဆံပင်လေးအား တဘက်အုပ်ထားရင်း မီးဖိုခန်းထဲသို့
ဝင်လာခဲ့သည် ။မနေ့က နမ်ဂျွန်းရဲ့ဖခင်ပေးခဲ့တဲ့စိတ်ဒုက္ခကို
ဖြေဖျောက်ဖို့ ရေချိုးခေါင်းလျှော်ပြီး သီချင်းအကျယ်ကြီး ဖွင့်ပြီး ကပစ်လိုက်သေးတယ် ။ စာရေးဆရာလေးက သောကတွေကိုတကူးတကသယ်ပိုးမထားချင်ဘူးလေ ။

ရေခဲသေတ္တာထဲက ဘီယာတစ်ဗူးကိုယူပြီး
မော့သောက်ပစ်လိုက်ပြီးမှ လက်နုနုလေးတွေနဲ့ ခေါင်းပေါ်က
သဘက်အုပ်ထားတဲ့ဆံပင်တွေကို လက်တစ်ဖက်နဲ့သုတ်ကာ
ဧည့်ခန်းထဲထွက်လာခဲ့သည် ။ ဆိုဖာပေါ်မှာ ခါးလေးမတ်ကာထိုင်လိုက်ရင်း TV တစ်လုံးနဲ့ ညိမ့်နေစဥ်တွင်
ထမြည်လာသော ဘဲလ်သံကြောင့် အပေါက်ဝထံမျက်မှောင်လေးကုတ်ကာကြည့်လိုက်မိ၏ ။ ကိုကိုများလား??

Tin Tong!!!Tin Tong!!!

ဘဲလ်ကိုအဆက်မပြတ်နှိပ်လာတာကြောင့်
ဆရာဝန်လေးမဟုတ်မှန်းရိပ်စားမိသွားတဲ့ စာရေးဆရာလေး သည် ဆိုဖာပေါ်မှငေါက်ခနဲထကာ တံခါးဖွင့်ပေးလိုက်တော့
Delivery သမားဖြစ်နေသည် ။ ဘားမှလည်းမမှာထားမိတာမို့ စာရေးဆရာလေးအနည်းငယ်တော့ ကြောင်စီသွားရသည် ။

" ဘာကိစ္စများရှိလို့ပါလဲ "

" အာ စာရေးဆရာပတ်ဂျီမင်းဟုတ်ပါတယ်နော် "

" ဟုတ်ပါတယ် ကျွန်တော်ပါပဲ "

" လူတစ်ယောက်က လူကြီးမင်းအတွက် ပန်းစည်းပ်ို့ခိုင်းလိုက်လို့ပါ "

Delivery ရဲ့စကားကြောင့် စာရေးဆရာလေးမှာ
မျက်လုံးအဝိုင်းသားလေးနဲ့  ပန်းစည်းကြီးကို
သေသေချာချာ ကြည့်မိသည် ။ Tulip ပန်းတွေ ဒါသူအကြ်ိုက်ဆုံးပန်း ဘယ်သူပို့တာလဲ ကိုကို မှဟုတ်ပါရဲ့လား ။
ပန်းစည်းကြီးအား လှမ်းယူလိုက်ပြီး သေချာကြည့်မိတော့
ပန်းရောင် postcard လေးတစ်ကဒ် လည်းပါသေးသည် ။

" လက်မှတ်လေးထိုးပေးပါဗျ "

" အော်...အင် "

လက်ခံရရှ်ိကြောင်းလက်မှတ်ထိုးပေးလိုက်တာနဲ့ Delivery ကစာရေးဆရာလေးကို နှုတ်ဆတ်ပြီးထွက်သွားလေသည် ။ စာရေးဆရာလေးလည်း ပန်းစည်းကြားက
Postcard လေးကို ဆွဲယူပြီး အိမ်ထဲပြန်ဝင်ကာ ဆိုဖာပေါ် တွင်ထိုင်လိုက်သည် ။ ပန်းစည်းကိုစားပွဲပေါ်တင်လိုက်ပြီးမှ
Postcard လေးက်ိုဖွင့်ဖတ်ကြည့်တော့ လက်ရေးမူမဟုတ်ဘဲ ကွန်ပြူတာနဲ့ ရိုက်ထားတဲ့ စာတန်းလေးတစ်ခု

❝ မောင့်မူပိုင် ❞      Where stories live. Discover now