'Jeon Wonwoo ခင်ဗျားကဘာမို့လို့လဲ !! ကိုယ့်နေရာကိုသိစမ်းပါ !!

1.2K 74 4
                                    

ပီးပေါ် .. ပီးပေါ် ...
အရေးပေါ်ကားသံတွေဆူညံနေတဲ့ ဆေးရုံဝင်းက Wonwoo အတွက်အထူးအဆန်းတော့မဟုတ် ပုံမှန် night duty ဆင်းလေ့မရှိပေမဲ့ ၃ ရက်ဆက်တိုက် night duty ဆင်းထားရတာကြောင့် Wonwoo ပင်ပန်းနေသည်
ဘယ်လောက်ဘဲ ပင်ပန်းပင်ပန်း ဆရာဝန်ဆိုသည်မှာ မွန်မြတ်သည့်အလုပ်တစ်ခုဘဲ မဟုတ်ပါလား ..

" ခဏလောက်တော့ အိပ်လိုက်အုံးမယ် အခုမှ ၃နာရီဆိုတော့ ၂ နာရီလောက်တော့အိပ်ပျော်မှာပါ "

" Dr.Jeon အရေးပေါ်လူနာ ဓားဒဏ်ရာနဲ့မို့အမြန်လာကြည့်ပေးပါအုံး .."

အင်း အိပ်ပျော်တော့မယ်ဆို ရောက်လာလိုက်တဲ့လူနာတွေ အခုတလော ဓားထိုးခံရတဲ့သူတွေ တော်တော်များလာသည်လို့ပြောရမည် အများစုကတော့ လူငယ်​တွေဖြစ်ပြီး  ရန်ဖြစ်စကားများရင်း လက်လွန်ကုန်ကြတာမျိုးဖြစ်မည် ..လုယက်မှုတွေကလည်းခပ်စိတ်စိတ်မ်ို့ ညဘက်အပြင်သွားရတာ သိပ်တော့မလုံခြုံ ...

" ဒါနဲ့  ဟိုကောင်လေးရော အခုဘယ်လိုများဖြစ်နေမလဲ "

မဆီမဆိုင်အတွေးတွေကို လက်စသတ်ပြီး လူနာသွားကြည့်ရန် အမြန်ထွက်လာသည် လမ်းတစ်လျှောက် တွေးမိနေသည်က .....

လူနာကိုကြည့်ရတာတော့ အခြေအနေသိပ်မဟန် ညာဘက်ဝမ်းဗိုက်အပေါ်နားကို တော်တော်နက်နက် ထိုးသွင်းခံထားရပြီး အင်္ကျီတစ်ခုလုံးသွေးများရွှဲနစ်နေသည် ကိုယ်တွင်းကလီစာများကိုပါ ထိခိုက်နိုင်ခြေရှိတာကြောင့် CT ရိုက်ဖို့ပြင်လိုက်သည် ..

" ဆရာမ ! လူနာကို CT ရိုက်ဖို့ပြင်ပါ သွေးထွက်လွန်နေတာကြောင့် ကျွန်တော်တို့ လက်လွတ်စပယ် လုပ်လို့မ ... ဖြစ် ..ဟင် ! .."

" Min ... Mingyu ??.."

ချွေးတွေစိုရွှဲနေပြီး အသက်ကိုမနည်းရှုနေရသောလူနာကိုလှမ်းကြည့်မိတော့တွေ့လိုက်ရသည်က ......

Wonwoo စိတ်ကိုပြန်ထိန်းလိုက်ပြီး လူနာကိုခွဲစိတ်ပေးဖို့ပြင်ရမည် အချိန်ဆွဲနေလို့မဖြစ်ချေ ...

" မဟုတ်လောက်ပါဘူး ငါစိတ်ထင်တာဘဲဖြစ်မှာပါ "

ခွဲစိတ်မှုက ၄ နာရီကျော်ကြာသည် သူထင်တဲ့အတိုင်းကလီစာတွေကိုထိခိုက်နေပြီး သွေးထွက်များနေသောကြောင့် မနည်းရုန်းကန်ပြီး အသက်ကယ်ပေးခဲ့ရသည်

Stay By My Side Where stories live. Discover now