Ep 15🍓

9.6K 523 15
                                    

Uni

🖤 ဦးရဲ့တရားဝင်သတို့သား🖤
                (Or)
   🖤 Sugar Daddy 🖤

Ep 15

ရိန်း၏ကောင်းမှု့ကြောင့် ခြံရံလဲ အကောင်ပေါက်လေးအား အိမ်သို့ပြန်ပို့ခွင့်ရ၏။ ကားစီးလာတဲ့တလျှောက်လုံး စကားတခွန်းမပြောပဲ မျက်နှာတည်ကြီးဖြင့် တိတ်ဆိတ်နေတဲ့ အကောင်ပေါက်လေးရဲ့ မျက်နှာနုနုကိုကားမောင်းနေရင်းမကြာခဏခိုးကြည့်မိ၏။

"ငယ့်ရဲ့အိမ်က ဒီခြံလား"

အကောင်ပေါက်လေးက သူ့ကို ငယ်ဟုခေါ်လိုက်လို့ထင်၏ ကျွန်တော့်အားမျက်ဝန်းဝိုင်းလေးဖြင့်ကြည့်ရင်း ခေါင်းငြိမ့်ပြ၏။ ကျွန်တော်လည်း ကားအနောက်ခန်းတွင်ထည့်ထားသော ဈေးဝယ်စင်တာထဲမှဝယ်လာသည့်မုန့်မျိုးစုံထည့်ထားသော .. စက္ကူလက်ဆွဲအိတ်လေးအချို့ကိုယူ၍ အကောင်ပေါက်လေး၏လက်ထဲသို့ထည့်ပေးလိုက်တော့ ချက်ချင်းမယူသေးပဲနားမလည်နိုင်သလိုလေးကြည့်နေပြန်သည်။

"ဒါက ဘာအတွက်လဲ?"

အကောင်ပေါက်လေးထံမှကြားရသော ဩရှရှအသံလေးကြောင့်လဲ ဒီလူအကြိမ်ကြိမ်သေရပြန်တယ်။ အကောင်ပေါက်လေးရဲ့မေးခွန်းကြောင့် ခြံရံအလိုလိုပြုံးလိုက်မိတယ်။ တနေ့တည်းနဲ့ပဲဒီကလေးကြောင့် သူ မကြာခဏပြုံးရ၏။

"ငယ့်ကိုပေးတာဆိုမှတော့ ငယ်စားဖို့အတွက်ပေါ့ဗျ"

မုန့်ကိုလဲယူချင်.. ခြံရံပေးတာဖြစ်နေတာမို့ ယူရကောင်းနိုး မယူရကောင်းနိုးစဥ်းစားနေဟန်ရှိ၏။ နောက်ဆုံးတော့လဲ အစားအိုးကွဲလေးက ခြံရံရဲ့လက်ထဲကမုန့်အိတ်တွေကို လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ဆတ်ကနဲဆွဲယူသွား၏။

" စားချင်လို့ယူတာမဟုတ်ဖူးနော် ကျွန်တော်မှမယူရင် ခင်ဗျားစိတ်မကောင်း​ြဖစ်မှာစိုးလို့ ယူပေးတာ ဟမ့်!!"

မျက်စောင်းဝင့်ကာပြောနေပါသော ထိုအကောင်ပေါက်လေးကို ခြံရံ အလွန်ပင်အသည်းယားနေမိသည်။ ဒီလိုချစ်ဖို့ကောင်းတဲ့အကောင်ပေါက်လေးကိုမွေးပေးထားတဲ့ မတော်ရသေးသောယောက္ခမကြီးနဲ့ယောက္ခထီးကြီးကို သူအလွန်ပင်ကျေးဇူးတင်မဆုံးဖြစ်နေ၏။

ဦးရဲ့တရားဝင်သတို့သား(or)Sugar daddy(Z+U)(Complete)Where stories live. Discover now