💔 Pain!!!💔

296 44 25
                                    

Unicode
=======

"မင်းဘယ်သူလဲ....ဘယ်လိုလုပ်ငါ့အခန်းထဲရောက်နေတာလဲ...."

"ကျုပ်ဘယ်သူလဲသိစရာမလိုပါဘူး....ဘယ်လိုလဲ ခင်ဗျားအရမ်းချစ်ပြီးကာကွယ်ပေးချင်တဲ့သူတွေ ခင်ဗျားရှေ့မှာ သေသွားတာမြင်ရတော့ ဘယ်လိုခံစားရလဲ...."

"ဘာ ဒါဆို သူတို့သေတာ....."

"ဟား ဟား သွေးရိုးသားရိုးလို့ခုထိထင်နေတုန်းလား....စိတ်ဝင်စားစရာပဲ...."

"မင်း ဘာလိုချင်တာလဲ...."

"လိုချင်တယ်ဆိုရင်ကော ပေးနိုင်မှာမို့လို့လား...."

"မင်းပိုက်ဆံလိုချင်တာလား လိုသလောက်ပြော ငါပေးမယ်...."

"ဟားဟားဟား ခင်ဗျားကခုထိအသိတရားမရသေးဘူးပဲ....အင်းလေ ဒါကြောင့်လဲ လူတစ်ယောက်မလုပ်သင့်တဲ့အရာကိုလုပ်ခဲ့တာပဲ....သွေးပျက်နေပြီလား စိတ်မပူပါနဲ့ ခင်ဗျားလဲမကြာခင်သေရတော့မှာပါ"

"မင်း...."

"ကိုယ်ချစ်တဲ့သူ ကိုယ့်ရှေ့မှာသေသွားရတာ ဘယ်လောက်နာကျင်ရလဲဆိုတာ ခုတော့ခင်ဗျားကောင်းကောင်းကြီးသိသွားပြီထင်တယ်....နှုတ်ဆက်ပါတယ် ParkMinYoung Shi...."

"မလုပ်နဲ့....."

"ဒိုင်း"

"Appa!!!!!!!!!"

ဆိုးဝါးလှတဲ့ အိပ်မက်တစ်ခုကြောင့် သူလန့်နိုးလာခဲ့တယ်....။သူ့တစ်ကိုယ်လုံးမှာလဲ ချွေးတွေရွဲနစ်လို့.....။မနေ့ညက အတော်နောက်ကျမှအိပ်ပျော်သွားပြီး မိုးလင်ခါနီးမှ အိပ်မက်ဆိုးမက်နေတာပဲ....။ခုချိန်ထိ ထပ်ခါထပ်ခါမက်နေတဲ့အိပ်မက်....။မှတ်ဥာဏ်တွေထဲကဖျောက်ဖျက်ပစ်လို့မရ....။

"ဘာတွေလဲ ဘာ​တွေဖြစ်ခဲ့တာလဲ ကျွန်တော်စဥ်းစားလို့မရတော့ဘူး Appa...."

အဖြေမထွက်လာတဲ့ မေးခွန်းတစ်ခုကိုမေးမိပြန်ပြီ....။အကြိမ်ကြိမ်မက်ခဲ့ပေမယ့် ဘာကိုမှန်းရေရေရာရာမသိခဲ့....။တကယ်ပဲ ငါဘာကိုမသိခဲ့တာလဲ.....

📲📲📲📲

"Hello.... JinYoung ပြော...."

"yarr အိပ်ယာကမနိုးသေးဘူးလား....နေတောင်ထွက်နေပြီနော်"

𝔼𝕋𝔼ℝℕ𝔸𝕃 ( Beautiful Love Btw Revenge) Tempat cerita menjadi hidup. Temukan sekarang