KUN

85 5 16
                                    

1995 ခု

ကျွီခနဲ ဖွင့်လိုက်သော တံခါးသံနဲ့အတူ ပြင်ပရဲ့ လတ်ဆတ်တဲ့ လေကို ရှူလိုက်ရသည်။ အားပါးပါး လွတ်လပ်ခြင်းရဲ့ အရသာဆိုတာ ဒါမျိုးများလား။ အဲ့တာကြောင့် သူနဲ့ အတူနေခဲ့ဖူးတဲ့ကောင်တွေက လွတ်ရက်နီးရင်ပျော်ကြတာဖြစ်မည်။ နောက်ဆုံးအနေနဲ့  နှစ်နှစ်ဆယ်နီးပါး နေခဲ့ရသော သူ့ရဲ့အိမ်အဖြစ် သတ်မှတ်ပြီးနေခဲ့ရတဲ့  ထောင် ကို နှုတ်ဆက်သည့်အနေနဲ့ တစ်ချက်လှည့်ကြည့်ပြီး ကျောခိုင်းထွက်လာခဲ့တော့သည်။

လွယ်ထားတဲ့ ကျောပိုးအိတ်ကြိုးကို တင်းတင်းကိုင်ပြီး ခြေလှမ်းတွေကို သွက်လိုက်သည်။ အပြင်မရောက်တာ နှစ်နှစ်ဆယ်နီးပါးရှိနေတဲ့သူ့အတွက် သူတို့ဇာတိနယ်မြို့လေးဆီကို ပြန်ဖို့ ကားစီးရမယ့် ကားဂိတ်ကိုလည်း ထွက်မလာခင်က အစောင့်တာဝန်ကျ ရဲ ကိုသေချာမေးပြီးပြီ။ ကားဂိတ်ကိုသွားမယ်။ဇာတိကိုပြန်မယ်။ ဇာတိကို ပြန်ရောက်ရင် Kun ဆီကို သွားမယ်။ မှားခဲ့တာတွေအတွက် တောင်းပန်ပြီးရင် တစ်သက်လုံး Kun နားမှာပဲ မခွဲစတမ်းနေတော့မယ်။ တချိန်က လူမိုက်ဘဝကို အပြီးတိုင် စွန့်လွှတ်ပြီး  ထောင်ထဲမှာ သင်ပေးလိုက်တဲ့ လက်သမားပညာနဲ့ပဲ ရိုးရိုးသားသား လုပ်ကိုင်စားတော့မယ်။ အတွေးနဲ့တင် သူသိပ်ပျော်ရပါတယ်။

^^^^^^^^^^^^

အတွေးတွေထဲမှာ Kun အကြောင်း ပါလာတော့ မတွေ့ရတာ ဆယ်စုနှစ်နီးပါးရှိနေပြီဖြစ်တဲ့ ကောင်လေးက ဘယ်လိုပုံဖြစ်နေမလဲ တွေးမိသွားသည်။ သူနဲ့ စ တွေ့ တုန်းက Kun သည် ဆယ့်ခုနစ်အရွယ်ကောင်လေးဖြစ်သည်။လူမိုက် အကြွေးရှင် ဆိုသည့် နာမည်ကိုသုံးကာ အမေတစ်ခု သားတစ်ခု ဘဝဖြင့် အားကိုးရာမဲ့နေသည့်  Kun ကို သူ သိမ်းပိုက်ခဲ့တာ...။

အစပိုင်းမှာ Kun က သူ့ကို သိပ်ကြောက်နေခဲ့သည်ကို သူမှတ်မိသေးသည်။ သူ့ဝေယျာဝစ္စတွေလုပ်ပေးရသည့်အခါတိုင်း၊ သူ ပွေ့ဖက်ကာ ချစ်စကားတွေ ဆိုသည့်အခါတိုင်း ၊ ညဘက် အိပ်ယာတစ်ခုမှာ အတူတူအိပ်ကြသည့်အခါ Kun ကိုယ်လေးကို ရင်ခွင်ထဲ အတင်း ဆွဲသွင်းသည့်အခါတိုင်းတွေမှာ တုန်ယင်ပြီး အသက်ရှူသံတွေ မြန်နေခဲ့တဲ့
Kun က သူ့ကို သိပ်ကြောက်တယ်ဆိုတာ အသိသာကြီး။ ဒါပေမယ့် သူကတော့ သူ့ကို သိပ်ကြောက်နေလို့ ဆိုပြီး Kun ကို လွှတ်ပေးဖို့ စိတ်ကူးမရှိခဲ့။ လက်လွှတ်မပေးချင်လောက်အောင်ကို သူ Kun ကို သိပ်ချစ်ရပါသည်။

Nine Percent One shots and short storiesWhere stories live. Discover now